Yangon Trend

ဧပြီလ ၂၀ ရက်နေ့တွင် ရန်ကုန်ရှိ မြို့နယ်တချို့၌ မီးခဏပျက်မည်

Read 6395 times

အသစ် ထပ်မံတည်ဆောက်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံများအနက် အလုံဓာတ်အားပေးစက်ရုံ ( ၁၅၀ မဂ္ဂါဝပ် ) သည် မကြာမီ ဆောင်ရွက် ပြီးစီးတော့မည် ဖြစ်သောကြောင့် နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် စမ်းသပ်ချိတ်ဆက် မောင်းနှင်နိုင်ရေး စီစဉ်လျက် ရှိကြောင်း YESC မှ သိရသည်။

ထိုသို့ စမ်းသပ်ချိတ်ဆက် ဆောင်ရွက်ရသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀-၄-၂၀၂၀ ရက် ( တနင်္လာနေ့ ) တွင် (၀၀:၃၀) နာရီမှ (၀၃:၀၀) နာရီ အထိ ၆၆ ကေဗွီ MEC ခွဲရုံ၊ Hospital Complex ခွဲရုံ၊ လွှတ်တော်ခွဲရုံ၊ သူရဲကောင်းခွဲရုံ၊ မော်တင်ခွဲရုံ၊ မီးရထားခွဲရုံအသစ်၊ မီးရထားခွဲရုံအဟောင်း၊ ဆင်မလိုက်ခွဲရုံ၊ ဟုံဟိုင်း ခွဲရုံတို့မှ ဓာတ်အား ပို့လွှတ်ထားသည့် မြို့နယ်များတွင် လျှပ်စစ်ဓာတ်အား ခေတ္တ ပြတ်တောက်နေမည် ဖြစ်သည်။

အဆိုပါမြို့နယ်များမှာ ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ လမ်းမတော် မြို့နယ်၊ လသာမြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်တို့ ဖြစ်သည်။ 

Su Mon Oo ( Mine )
 

Bookmark