Food & Drinks Yangon Trend

အခြေခံစားသောက်ကုန် ( ၅ ) မျိုးကို ဧပြီလ ၁၀ ရက်မှစ၍ အခမဲ့ ပေးဝေမည်

Read 810 times

သင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် စားသောက်ကုန် ( ၅ ) မျိုးကို  ဧပြီလ ၁၀ ရက်နေ့မှ စတင်၍ အခမဲ့ ဖြန့်ဖြူး ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စားသောက်ကုန်များမှာ…
၁။ ဆန် ( ၈ ) ပြည်
၂။ ဆီ ( ၅၀ ) ကျပ်သား
၃။ ဆား ( ၅၀ ) ကျပ်သား
၄။ ပဲ ( ၁ ) ပိဿာ
၅။ ကြက်သွန် ( ၁ ) ပိဿာ တို့ ဖြစ်သည်။

ထိုသို့ ပေးဝေရာတွင် မလိုလားအပ်သော လေလွင့်မှုများ၊ ကြန့်ကြာမှုများ၊ အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏  ကြီးကြပ်မှုဖြင့် စာရင်းကောက်ယူခြင်း၊ ထုတ်ပိုးခြင်း၊ ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်းများကို ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ UMFCCI၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတ လူငယ်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။


Su Mon Oo ( Mine )
Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ
 

Bookmark