ဝင်ငွေနဲ့ ကိုယ်ပိုင်ငွေဆိုတာ မတူပါဘူး။ ကျွန်တော်တို့ အဆောင်ဖိုး၊ မီးဖိုး ၊ ရေဖိုး ၊ သွားစရိတ် ၊ စားစရိတ် စသည်ဖြင့် လူတိုင်းကို ငွေတွေပေးနေရပါတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ရသမျှငွေတွေဟာ သူများတွေအတွက် ဖြစ်မနေဘူးလား??
ကိုယ့်အတွက်ကိုယ်ရော ကျွန်တော်တို့ ဘာတွေများပေးခဲ့ကြလဲ။
ချမ်းသာချင်တဲ့လူတိုင်းဟာ ငွေစုကြပါတယ်။ ဒါပေမယ့် စုတဲ့လူတိုင်း ချမ်းသာသွားတယ်လို့ ကြားဖူးကြရဲ့လား?
ငွေစုတယ်ဆိုတာ လူတိုင်းစုနိုင်ပါတယ်။ စုထားတဲ့ငွေကို ဘယ်လိုတိုးပွားအောင်လုပ်ရမယ်ဆိုတာပဲ လူတွေမသိကြတာပါ။
သိချင်ရင်တော့ ဆရာဖေမြင့် ဘာသာပြန်ထားတဲ့ “ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်”ဆိုတဲ့ စာအုပ်လေးကိုဖတ်ကြည့်ကြပါ။ ပေးရတဲ့ ပိုက်ဆံထက်ပိုသာတဲ့ အသိညဏ်ရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။
စာအုပ်တွေဝယ်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်
By Aung Myo Hein