Travel

ပြန်လည်ပြေးဆွဲနေပြီဖြစ်တဲ့ ပြည်တွင်းလေကြောင်း(၅)လိုင်းနှင့် ခရီးစဉ်များ

Read 824 times

မြန်မာနိုင်ငံမှာ Covid-19 ကြောင့် ပြည်ပ ခရီးသွားလာမှုတွေကို ကန့်သတ်ထားခဲ့တာဟာ အခုဆိုရင် ၁နှစ်နီးပါးရှိနေပါပြီ။ သို့သော် ပြည်တွင်းခရီးသွားလာမှု ကန့်သတ်ချက်တွေကိုတော့ ကိုဗစ်ကူးစက်မှု အခြေအနေပေါ်မူတည်ပြီး ဖြေလျော့ပေးလျက်ရှိပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ရဲ့ ထုတ်ပြန်ချက်တွေအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်တွေ ဆိုက်ရောက်ခွင့်ကို (၂၀၂၀) ပြည့်နှစ်၊ မတ် (၃၀) မှစတင်ပြီး ယာယီရပ်ဆိုင်းခဲ့ပါတယ်။

COVID-19 ရောဂါ ကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမယ့် ခရီးသွားတွေအပေါ်  ပြည်ဝင်ခွင့်ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံတွေအားလုံးကို ဇွန် (၃၀) ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်ပခရီးစဉ်တွေ ရပ်နားထားသော်လည်း ပြည်တွင်းခရီးစဉ်တွေကို ကိုဗစ်ကာကွယ်ရေး သတ်မှတ်ချက် စည်းကမ်းတွေနဲ့အညီ ပြေးဆွဲပျံသန်းနေပါတယ်။ ဒါ့ကြောင့် လက်ရှိ ပြည်တွင်းမှာ ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

AIR KBZ
(၂၀၂၁) ခုနှစ်၊ ဇွန်လ (၄) ရက်နေ့က စပြီး ရန်ကုန်-နေပြည်တော် တိုက်ရိုက်ခရီးစဉ်နဲ့ မန္တလေးမြို့မှတဆင့် ပျံသန်းပြေးဆွဲမယ့် ခရီးစဉ်တွေကို တစ်ပတ်မှာ သုံးကြိမ် (တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့) ပျံသန်းပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ 

May be an image of text

Air KBZ ရဲ့ စစ်တွေ၊ သံတွဲနဲ့ ကျောက်ဖြူစတဲ့ ရခိုင်ပြည်နယ်ခရီးစဉ်တွေကို (၂၀၂၁) ခုနှစ်၊ စက်တင်ဘာလ၊ (၃၁) ရက်နေ့အထိ အထူးစျေးနှုန်း (၄၀,၀၀၀) ကျပ်ကစပြီး ဝယ်ယူနိုင်ပါပြီ။

May be an image of text

ဆက်သွယ်ရန် >> +95-1-9670007, +95-9-969500007 

May be an image of text

Myanmar Airways International

စစ်တွေ၊ သံတွဲနဲ့ ကျောက်ဖြူစတဲ့ ရခိုင်ပြည်နယ်ခရီးစဉ် လက်မှတ်တွေကို MAI မှလည်း ဝယ်ယူစီးနင်းနိုင်ပါတယ်။ နောက်ပြီး မန္တလေးမြို့မှတဆင့် ပျံသန်းပြေးဆွဲမယ့် မြစ်ကြီးနား၊ ပူတာအိုနဲ့ လားရှိုး ထပ်တိုးခရီးစဉ်တွေကို MAI နဲ့ Air KBZ မှ ဇွန်လ (၂) ရက်နေ့က စပြီး ရန်ကုန်-မန္တလေး တိုက်ရိုက်ခရီးစဉ်၊ ရန်ကုန်မှ မြစ်ကြီးနား၊ ပူတာအိုနဲ့ လားရှိုးမြို့တွေကို မန္တလေးမှတဆင့် ထပ်တိုးခရီးစဉ်များ ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။

ဆက်သွယ်ရန် >> +95-1-9670007, +95-9-969500007 

May be an image of text

Myanmar National Airline

MNA အနေနဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ကိုဗစ်သတ်မှတ်ချက်တွေနဲ့အညီ ပျံသန်းပြေးဆွဲလျက်ရှိတာကြောင့် လေယာဉ်လက်မှတ် ဝယ်ယူလိုပါက MNA Call Center 01377840၊ 01377841၊ 01377842၊ 01378603၊ 01378604၊ 01378606၊ 01378607၊ 01378608 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

May be an image of outdoors and text that says 'myanmar national airlines .myanmar ............. YANGON- PUTAO ONE WAY TICKET STARTS FROM MMK 113,000 PUTAO YANGON ONE -WAY TICKET STARTS FROM MMK 111,000 www.flymna.com'

Mann Yadanarpon Airlines

ပြည်တွင်းခရီးသွား ပြည်သူတွေအတွက် ထားဝယ်မြို့သို့ မန်းရတနာပုံလေကြောင်းလိုင်းနဲ့ ရွှေမြန်မာလေကြောင်းလိုင်းတို့ ပူးပေါင်းပြီး ​မေလ (၁၁) ရက်​နေ့ကစပြီး တိုက်ရိုက် ခရီးစဉ်တွေ ပျံသန်းပြေးဆွဲနေပါပြီ။ 

ဆက်သွယ်ရန် >> 09404460006၊ 09404460007

May be an image of text

Air Thanlwin
Air Thanlwin လေကြောင်းလိုင်းမှ မန္တလေး-ခန္တီး/ခန္တီး- မန္တလေး ခရီးစဉ်များကို မေလ (၂၉၊၃၀)မှ ဇွန်(၃) ရက်နေ့တွေမှာ ပျံသန်းပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

ဆက်သွယ်ရန် >> 01-400365-367, 09766661010-4040, 09-5500777

May be an image of outdoors and text that says 'AIR THANLWIN SAFE WINGS TO FLY 山 Yangon Mandalay (V.V) Yangon +Airport 45,000 Tax Lashio (V.V) Yangon +Airport Tax 000 90,000 MMK Sittwe Yangon (V.V) Tachileik +Airport 35,000 Tax 000 +Airpor Tax 90,000MMK MMK 90, (V.V) Yangon Kyaing Tong (V.V) Yangon +Airpor 80,000 Tax Myitkyina (V.V) 90,000 MMK +Airport Tax (+95-1)400365-367 reservation@airthanlwin.com www.airthanlwin.com'

Bookmark