မြန်မာနိုင်ငံမှာ Covid-19 ကြောင့် ခရီးသွားလာမှုတွေက ကိုဗစ်ရောဂါကြောင့် လျော့နည်းသွားပါတယ်။ ဒါပေမယ့် Covid-19 ကူးစက်မှုက လျော့နည်းသွားပြီး ပွင့်လင်းရာသီရောက်လာတာနဲ့အမျှ ခရီးသွားလုပ်ငန်းတွေက ရပ်ထားလို့မရပါဘူး။
ပြည်ပခရီးစဉ်တွေ ပြေးဆွဲမှုက မရှိသော်လည်း ပြည်တွင်းခရီးစဉ်တွေကို ကိုဗစ်ကာကွယ်ရေး သတ်မှတ်ချက် စည်းကမ်းတွေနဲ့အညီ ပြေးဆွဲပျံသန်းနေပါတယ်။ ဒါ့ကြောင့် လက်ရှိ ပြည်တွင်းမှာ ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
AIR KBZ
ပြည်တွင်းခရီးသွားတွေ အတွက် MAI နှင့် Air KBZ မှ ရန်ကုန်မှ စစ်တွေ (နေ့စဉ်) ၊ သံတွဲ (နေ့စဉ်)နဲ့ ကျောက်ဖြူ (တနင်္လာ၊ ကြာသပတေး နှင့် စနေ) သို့ ပျံသန်းပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် မြို့ကြီး (၁၃) မြို့ဖြစ်တဲ့ မန္တလေး၊ သံတွဲ၊ ဟဲဟိုး၊ လားရှိုး၊ တာချီလိတ်၊ စစ်တွေ၊ ကျိုင်းတုံ၊ မြစ်ကြီးနား၊ ကျောက်ဖြူ၊ နေပြည်တော်၊ လွိုင်ကော်၊ ညောင်ဦးနဲ့ ခန္တီးမြို့တွေကိုလည်း ATR လေယာဉ်နဲ့ ပျံသန်းပြေးဆွဲလျက်ရှိပါတယ်။
နောက်ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို တနင်္လာ နေ့နဲ့ ကြာသပတေးနေ့တွေမှာ တိုက်ရိုက်ပျံသန်းပြေးဆွဲသွားပေးသွားမှာပါ။
ဆက်သွယ်ရန် >> +95-1-9670007, +95-9-969500007

မြန်မာအမျိုးသားလေကြောင်း MNA အနေနဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ကိုဗစ်သတ်မှတ်ချက်တွေနဲ့အညီ ပျံသန်းပြေးဆွဲလျက်ရှိတာကြောင့် လေယာဉ်လက်မှတ် ဝယ်ယူလိုပါက MNA Call Center 01377840၊ 01377841၊ 01377842၊ 01378603၊ 01378604၊ 01378606၊ 01378607၊ 01378608 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။
မန်းရတနာပုံ လေကြောင်းလိုင်းမှ ဒီဇင်ဘာ ၂၄ ရက်နေ့မှစတင်၍ အပတ်စဥ် တင်္နလာ|ဗုဒ္ဓဟူး|သောကြာ|စနေ နှင့် တနင်္ဂနွေ နေ့တွေမှာ ရန်ကုန်-သံတွဲ မနက် 0900 - 0950၊ သံတွဲ -ရန်ကုန် မနက် 1010-1100 အချိန်ဖြင့် တိုက်ရိုက်ခရီးစဉ်တွေကို စျေးနှုန်းချိုသာစွာနဲ့ ပျံသန်းပြေးဆွဲပေးနေပါတယ်။
ဆက်သွယ်ရန် >> 09404460006၊ 09404460007

ရန်ကုန်-လားရှိုး-ရန်ကုန် တိုက်ရိုက်ခရီးစဉ်တွေကို ဈေးနှုန်းချိုချိုသာသာနဲ့ အပတ်စဥ် အင်္ဂါနေ့၊ ကြာသပတေးနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ပျံသန်းပြေးဆွဲသွားမှာပါ။
ရန်ကုန်-လွိုင်ကော်၊ လွိုင်ကော်-ရန်ကုန် တိုက်ရိုက် ခရီးစဉ်တွေကို အပတ်စဉ် ကြာသပတေးနေ့နဲ့ စနေနေ့ တွေမှာ ပျံသန်းပြေးဆွဲနေပါပြီ။
ဆက်သွယ်ရန် >> 01-400365-367, 09766661010-4040, 09-5500777
