Food & Drinks Careers & Jobs

တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်မည့် ငွေနှင်းမှိုနှင့် ကြွက်နားရွက် မျိုးထုတ်များ ဖြန့်ဖြူးပေးမည်

Read 983 times

အာဟာရပြည့်ဝ၍ အလွယ်တကူ စိုက်ပျိုးနိုင်သည့် မှိုသီးနှံ ( ငွေနှင်းမှိုနှင့် ကြွက်နားရွက်မှို ) များကို မြေနေရာသီးသန့်မလိုဘဲ အိမ်ခြံဝင်းအတွင်း၌ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနက မှိုမျိုးထုပ်များ ထုတ်လုပ်ဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရသည်။ 

အဆိုပါ ငွေနှင်းမှိုနှင့် ကြွက်နားရွက်မှိုတို့ကို မိမိနေအိမ်၏ နေရောင်ခြည် တိုက်ရိုက်မထိသော၊ လေပြင်းမတိုက်ခတ်သော အစိုဓာတ်ရှိသည့် ရေချိုးခန်းနှင့် မီးဖိုခန်းတို့တွင် ထားရှိ၍ အလွယ်တကူ စိုက်ပျိုးနိုင်မည် ဖြစ်သည်။

စတင်စိုက်ပျိုးပြီး တစ်ပတ်မှ ၁၀ ရက်အတွင်း ဆွတ်ခူး စားသုံးနိုင်သည်။ မှိုမျိုးထုပ်တစ်ထုပ်လျှင် ၃ ကြိမ်၊ ၄ ကြိမ်အထိ ဆွတ်ခူးနိုင်ပြီး တစ်ကြိမ်လျှင် အများဆုံး (၁၀) ကျပ်သား အထိ ထွက်ရှိနိုင်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန၏ မှိုသုတေသနနှင့် မျိုးပွားခြံများတွင် ငွေနှင်းမှိုမျိုးထုပ် (၂၇,၇၅၀) နှင့် ကြွက်နားရွက်မှို မျိုးထုပ် (၁၃,၇၅၀) ခန့် ထုတ်လုပ်ထားရှိပြီး ဖြစ်သဖြင့် မိမိတို့၏ အိမ်ခြံဝင်းအတွင်း စိုက်ပျိုးရန် မှိုမျိုးထုပ်နှင့် နည်းပညာများလိုအပ်ပါက ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဆက်သွယ် ဝယ်ယူနိုင်မည့် နေရာနှင့် ဖုန်းနံပါတ်များ

ရန်ကုန်ရှိ (၉) မိုင် မှိုခြံ 
ဖုန်း - ၀၉ ၄၀၂၅၆၈၉၀၁

ညောင်နှစ်ပင်မှိုခြံ 
ဖုန်း - ၀၉ ၄၄၄၀၃၃၃၅၅

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ (၁၀)မိုင် မှိုခြံ
ဖုန်း - ၀၉ ၄၂၀၁၇၇၁၁၅

ကျောက်တိုင်မှိုခြံ 
ဖုန်း - ၀၉ ၄၂၁၁၅၂၇၆၅ 

ပြင်ဦးလွင်မှိုခြံ 
ဖုန်း - ၀၉ ၄၂၆၆၅၉၇၃၅ တို့တွင် ဆက်သွယ်စုံစမ်း ဝယ်ယူစိုက်ပျိုးနိုင်ပါသည်။

Su Mon Oo ( Mine )
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

Bookmark