ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၂) ခုတွင် လျှပ်စစ်ဓာတ်အား လဲလှယ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကြောင့် လျှပ်စစ်မီး ခေတ္တပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်း၏ ကြေညာချက်အရ သိရပါသည်။
ရန်ကုန်တစ်မြို့လုံးအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးရာ အဓိက စက်ရုံများတွင် ဓာတ်အားများ ရေရှည်တည်ငြိမ်ပြည့်ဝစွာ ပေးစွမ်းနိုင်စေရန် (66kV)၊ (33kV) ဓါတ်အားခွဲရုံများနှင့် Distribution Transformer များကို ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သောကြောင့် မီးခေတ္တ ဖြတ်တောက်ရခြင်း ဖြစ်သည်။
လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဟောင်းနွမ်း၍ ဝန်အားမနိုင်သော (11kV) ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓါတ်အားလိုင်းကြိုး အသစ်များဖြင့် လဲလှယ်ခြင်း လုပ်ငန်းများနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း စသည်တို့ ပြုလုပ်သွားမည် ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးရှိ လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်မည့် မြို့နယ် (၂၂) မြို့နယ်များမှာ-
စသည့် မြို့နယ်များဖြစ်ပြီး လျှပ်စစ်မီး ပြတ်တောက်မည့် အချိန်ကာလကတော့ ဇန်နဝါရီလ (၁၉)ရက် (အင်္ဂါနေ့)၊ နံနက် (၉)နာရီမှ နေ့လည် (၁၂)နာရီအထိ လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ခေတ္တဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ယာယီ ဓါတ်အားပြတ်တောက်ရခြင်းအတွက် လူမှုရေးအခက်အခဲများ ပေါ်ပေါက်လာနိုင်သည့်အတွက် ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းမှ အများပြည်သူထံသို့ လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် အသိပေး ပန်ကြားထားကြောင်း သိရသည်။