ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ခရစ္စမတ်ကာလနှင့် နိုင်ငံတကာနှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း လူစုလူဝေး မဖြစ်စေရေးအတွက် အများပြည်သူ စုဝေးတတ်သော နေရာများကို ခေတ္တပိတ်ထားမည်ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို ဒီဇင်ဘာ(၁၈)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီမှ သတင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် Stay At Home သတ်မှတ်ထားသည့် မြို့နယ်များအတွင်းရှိ ပြည်သူများအား နေအိမ်တွင် နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားရေးရာ ဝန်ကြီးဌာနမှ စည်းကမ်းချက် ထုတ်ပြန်ထားသော်လည်း လိုက်နာဆောင်ရွက်မှုမပြုပဲ ပြင်ပသို့သွားလာနေသည်ကို တွေ့ရှိနေရသဖြင့် ထိုသို့ နှစ်သစ်ကူး ရုံးပိတ်ရက်အတွင်း ခေတ္တပိတ်ထားမည် ဖြစ်သည်။
ထိုသို့ နေအိမ်ပြင်ပသို့ သွားလာမှုများ ရှိနေသည့်အတွက် လိုအပ်သော သတိပေးစစ်ဆေး တင်းကျပ်မှုများ ဆောင်ရွက်ရန်အတွက် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ သက်ဆိုင်ရာအဖွဲ့ တိုင်းဒေသကြီး အဖွဲ့အစည်းများထံ အကြောင်းကြားထားခြင်း ဖြစ်ပေသည်။
နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း ခေတ္တပိတ်ထားမည့် နေရာများမှာ
ပြည်သူ့ရင်ပြင်
တိရစ္ဆာန်ဥယျာဥ်
အင်းယားကန်ပေါင်
ပန်းခြံ နှင့်
ကစားကွင်းများ အားလုံး တို့ ပါဝင်သည် ဖြစ်သည်။
ယင်းနေရာများကို ယနေ့ ဒီဇင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ခေတ္တပိတ်ထားမည် ဖြစ်သည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကမာရွတ်မြို့နယ်သည် နေအိမ်တွင်နေထိုင်ခြင်း အစီအစဉ်တွင် ပါဝင်နေသော်လည်း လက်ရှိအချိန်အထိ လှည်းတန်းလမ်းတစ်လျှောက်နှင့် အင်းစိန်လမ်းမတို့တွင် ညနေပိုင်း လမ်းဘေးဈေးသည်များ များပြားနေသည့်အတွက် လက်ရှိအချိန်တွင် မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ စည်းကမ်းချက်မှုများ ပြုလုပ်ပေးလျက် ရှိသည်။
ကျန်းမာရေးနှင့် အားကစားရေးရာ ၀န်ကြီးဌာန၏ ဒီဇင်ဘာ (၂၀) ရက်နေ့ ထုတ်ပြန်ချက်များအရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၉၄၇) ဦး ခန့် ရှိသည် ဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁၆,၁၃၄) ဦး ရှိလာပြီး သေဆုံးသူ (၁၉) ဦး ရှိကာ ထပ်မံရှိသည့်အတွက် သေဆုံးသူ စုစုပေါင်း (၂,၄၄၃) ဦး ရှိပြီဖြစ်သည်။
Ref;MOI,MRTV
Photo crd