Yangon Trend

ရန်ကုန်တိုင်းရှိ မြို့နယ်(၁၄)ခုတွင် ယနေ့ တစ်နေကုန်နီးပါး မီးပျက်မည်

Read 40647 times

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌  လာမည့်နွေရာသီအချိန်တွင် ဓာတ်အားလိုင်းများ  ပိုမိုကောင်းမွန်စေရန်အတွက် (လှော်ကား၊ ရွာမ၊ အလုံ၊ သာကေတ) တို့ရှိ ဓာတ်အားခွဲရုံ (၄)ရုံတွင်  အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ကြေညာထားသည်။

ယနေ့ (၂၄.၁၁.၂၀၂၀) ရက်နေ့တွင် သာကေတဓာတ်အားခွဲရုံနှင့် ရွာမဓာတ်အားခွဲရုံတို့တွင် ဓာတ်အားခွဲရုံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင် ဆောင်ရွက်မည်ဖြစ်သဖြင့်  ရန်ကုန်တိုင်းရှိ မြို့နယ်(၁၄) ခုတွင် တစ်နေကုန်နီးပါး ဓာတ်အားလိုင်းများ ပြတ်တောက်မည် ဖြစ်သည်။

သို့ဖြစ်ရာ ယနေ့ မနက် (၀၉:၀၀)နာရီမှ နေ့လည် (၁၀:၃၀)နာရီ၊နေ့လည်(၁၅:၃၀)နာရီမှ ညနေ (၁၇:၀၀)နာရီအချိန်အတွင်းတို့တွင်  မရမ်းကုန်း၊ ရန်ကင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊လှိုင်၊ ဒဂုံမြောက်၊ ဗဟန်းနှင့် တာမွေမြို့နယ်များတွင် ခေတ္တ ဓာတ်အားလိုင်းများ ပြတ်တောက်မည် ဖြစ်သည်။

နေ့လည် (၁၂:၀၀)နာရီမှ နေ့လည်(၁၄:၀၀)နာရီ အချိန်အတွင်းတွင် သင်္ဃန်းကျွန်း၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်နှင့် ဒဂုံအရှေ့ရှိမြို့နယ်၊ မနက်(၀၉:၀၀)နာရီမှ နေ့လည် (၁၃:၀၀)နာရီအချိန်အတွင်းတွင် အင်းစိန်နှင့် မင်္ဂလာဒုံမြို့နယ်များအတွင်းရှိ နေရာအချို့တို့တွင်လည်း ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်သည်။

သို့သော် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် ဓာတ်အားပြတ်တောက်သည့်အချိန်ကို ကြာမြင့်မှုမရှိစေရန် ဆောင်ရွက်မည်ဖြစ်ပြီး  အရန်ဓာတ်အားဖြင့် ဓာတ်အားပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်

 

Bookmark