ရန်ကုန်တိုင်း ဒေသကြီး အတွင်း သီတင်းကျွတ် ကာလတွင် ဗြောက်အိုး၊ မီးရှူးမီးပန်းနှင့် မီးဒုံး (ရှူးဒိုင်း) များကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ထုတ်လုပ်ခြင်း ဖြန့်ချီခြင်းများ မပြုလုပ်ကြရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။
ရန်ကုန်တွင် နှစ်စဉ် သီတင်းကျွတ် ကာလ ရောက်တိုင်း မီးရှူး၊ ဗြောက်အိုးများနှင့် ပတ်သက်၍ ယခုကဲ့သို့ တားမြစ်ချက်များ ရှိခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်တွင်လည်း ဤကဲ့သို့ ကန့်သတ် တားမြစ်ခဲ့ခြင်း ဖြစ်သည်။
ထိုတားမြစ်ချက်သည် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ခရိုင်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်ပါမကျန် အကြုံးဝင်ပြီး ပွဲတော် ကာလအတွင်း ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး (ရှူးဒိုင်း) များ ပစ်ဖောက်မှုကြောင့်
စသည်တို့ကြောင့် တားမြစ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
လူကို အန္တရာယ် ဖြစ်စေသော အရာများကိုသာ တားမြစ်ထားခြင်း ဖြစ်ပြီး အခြားသော ပွဲတော်ပြယုဂ်များ ဖြစ်သည့် ဆီမီးထွန်းခြင်း၊ မီးပုံလွှတ်တင်ခြင်း၊ ကြယ်မီးများ ဆော့ကစားခြင်းနှင့် အန္တရယ်မရှိသော ကစားနည်းများကိုမူ တားမြစ်ထားခြင်း မရှိပေ။
ထို့ကြောင့် သီတင်းကျွတ် ကာလအတွင်း အထိတ်တလန့် ဖြစ်စေသော ၎င်းမီးရှူး မီးပန်းများအား ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းနှင့် ပစ်ဖောက်ခြင်းများ မပြုလုပ်ကြပါရန်နှင့် လိုက်နာခြင်း မရှိပါက တည်ဆဲ ဥပဒေများအတိုင်း ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။