Yangon Trend

ရန်ကုန်တိုင်းဒေသကြီး ခရိုင်သုံးခုတွင် (၁)နာရီခန့် ယာယီဓာတ်အားပြတ်တောက်မည်

Read 57347 times

အိုင်ကြီး- အလုံ  ၈/၁၂ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တွင်ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားနေကြောင်း သိရှိရသည်။ထို့ကြောင့် (၂၃.၁၀.၂၀၂၀) ရက်နေ့ (၂၂:၀၀)နာရီမှ (၂၄.၁၀.၂၀၂၀)ရက်နေ့ (၁၆:၀၀) နာရီအထိ ဓာတ်ငွေ့ပို့လွှတ်မှု ခေတ္တရပ်ဆိုင်း၍ အရေးပေါ် ပြုပြင်မည်ဖြစ်သည်။ 

ထို့သို့ပြုပြင်ရာတွင် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ ထုတ်လွှတ်မှု ရပ်တန့်နေစဉ် သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းသွားမည်ဖြစ်သည်။ ထို့ကြောင့် ဓာတ်အားစနစ်တစ်ခုလုံး တည်ငြိမ်မှုရှိစေရန်အတွက် သုံးစွဲဝန်အားလျော့ချမောင်းနှင်မှုကိုအလှည့်ကျ (၁) နာရီခန့်ပြုလုပ်သွားရမည်ဖြစ်သည်။ 

ထို့သို့ ဓာတ်အားလျော့ချမှု ပြုလုပ်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နှင့်မြောက်ပိုင်းခရိုင်ရှိ မြို့နယ်များတွင် အလှည့်ကျ (၁) နာရီခန့် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်သည်။ 

သို့သော် ထို့သို့လုပ်ဆောင်ရခြင်းမှာ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက် မဖြစ်မနေလုပ်ဆောင်ရခြင်း ဖြစ်သောကြောင့် သည်းခံပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ကြေညာချက်ထုတ်ပြန်ထားသည်။ 

 

Bookmark