Careers & Jobs

၇ရက်သားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောစာတမ်း

Read 1705 times

၁၅.၁၀.၂၀၂၀ မှ ၂၁.၁၀.၂၀၂၀ အထိ (၇)ရက်သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာဟောစာတမ်းကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ

ယခုကာလအတွင်း အကောင်းအဆိုး၊ ရောထွေးနေသော ကာလဖြစ်သည်။ အဆင်ပြေမည်ဟု တစ်ထစ်ချ တွက်ဆထားသည့် အရာအားလုံး လွဲချော်နေမည်။ သင်၏စီးပွားရေးလုပ်ငန်းများသည် အသွင်သဏ္ဍာန်အမျိုးမျိုး ပြောင်းလဲလာပေလိမ့်မည်။ ပုံမှန်ငွေဝင်ကောင်းနေရာမှ ရုတ်တရက် ပြောင်းလဲမှုကြောင့် ငွေဝင်နည်းမည်။ သို့သော်၊အလုပ်ကျွမ်းကျင်မှု၊ နေသားကျမှုနှင့် အလုပ်ရှင်များ ငွေရှင်များ၏ ယုံကြည်အားကိုးမှုကိုခံရမည်။ ယာဉ်၊ ကားနှင့် အနုပညာရပ်များ၊ ပန်းချီ၊ စာရေး၊ လုပ်ငန်းများ ဖြစ်လျှင် အလွန်လှပနှစ်သက်ဖွယ်ပုံများ အဖိုးတန်ကုန် ပစ္စည်းများ ထုတ်လုပ်ဖြစ်မည်။ အိမ်ထောင်ရေးတွင် လင်နှင့်မယားလျှာနှင့်သွားဆိုသလို စကားများ၊ရန်ဖြစ်၊အိမ်ကဆင်းသွားသည်အထိ ကြီးကျယ်သွားတတ်ပါသည်။ သည်းခံပါ။

ပညာရေးတွင် အမိအဘအကြီးအကဲများရဲ့ အထောက်အပံ့ အပြည့်အဝအကူအညီရနေမည်။ ပျော်ရွှင်သော ပညာသင်ကြား ချိန်ဖြစ်သည်။ အချစ်ရေးတွင် ပညာ ရှာရင်းနဲ့ ကြင်ယာပါ တွေ့ရတတ်သည်။ချစ်သူရှိပြီးသူများ လူချင်းတွေ့ဆုံဖို့ခက်ခဲနေတတ်ပါတယ်။ ကျန်းမာရေးတွင် ဝမ်းပျက်၊ ဝမ်းလျှောနှင့် အစား အသောက် မှားမှုကြောင့် ဝေဒနာ များ ခံစားနေရမည်။ တော၊တောင်များသို့ သွားမိ လျှင် အပြန်တွင် ရောဂါရတတ်သည်။

အကျိုးပေးဂဏန်း - ၃/၈/၄

အထူးဟော - ကျန်းမာရေး ရုတ်တရက်ညံ့သွားနိုင်ပါတယ်။

ယတြာ - ဒဏ်ကြေလိမ်းဆေးတစ်ဘူး လူကြီးမိဘတစ်ဦးကိုလှူလိုက်ပါ။

 

တနင်္လာ

ယခုကာလအတွင်း ဂုဏ်သိက္ခာတိုးတတ်မြင့်မားချိန်ဖြစ်၍ အကောင်းဆုံး အခွင့်အရေးသစ်များ ဆေးခြယ်၊ ပုံဖေါ်နိုင်မည်။ သင်၏စီးပွားရေးတွင် ငွေမြုပ်နေရာမှ ရုတ်တရက် အောင်မြင်မှုလမ်းများ ပွင့်လာမည်။ ငွေထုတ်ပေးမည့်သူနှင့် မင်းစိုးရာဇာတို့၏ အားပေးကူညီမှုကိုရရှိမည်။ သို့သော် စာချုပ်နှင့် နှုတ်ကတိများ ကိုယ့်ဘက်ကစတင်ပြုလုပ်လျှင် အမှားကြုံတတ်သည်။ အလွန်အာမခံခြင်းကို ရှောင်ပါ။ အစစကောင်းမွန်လာသော အချိန်ဖြစ်သော်လည်း ငွေကုန်ကျမှုများနေဦးမည်။ အချစ်ရေးတွင် ချစ်သူသည် အဝေးတစ်နေရာသို့ အလုပ်ကိစ္စဖြင့် ထွက်ခွာသွားပေလိမ့်မည်။ အချစ်မရှိသေးသူများအတွက် အချစ်သည် မြင်သာမြင်၍ မကြင်နာနိုင်သော အခြေအနေတွင်ရှိနေမည်။

ကျန်းမာရေးတွင် စိတ်လေလွင့်၍ အိပ်မပျော် ဖြစ်နေမည်။ ခြေထောက်မှာ အနာ၊ အဖု၊ အပိန့်များထွက်မည်။ ကိုယ်ဝန်ဆောင်များ ပျက်ကျရန် အလွန်နီးသဖြင့် သတိပြုသင့်ပါသည်။ အိမ်ထောင်ရေးမှာ ဤကာလ အတွင်း ပျော်ရွှင်ချမ်းမြေ့သော ရက်များကို ဖြတ်သန်းရလိမ့်မည်။ ပညာရေးတွင် နယ်ဝေး ပညာသင်သွား လိုသူများ၊ ကျောင်းပြောင်းလိုသူများ အလွယ်တကူ ပြောင်းရွှေ့ဖြစ်မည်။ စတင်သင်ကြားရာတွင် ခက်ခဲမှု၊ နားမ လည် မှုများ ကြုံတွေ့ရမည်။ အထူးသဖြင့် ဘာသာစကား၌ အခက်ကြုံရတတ်သည်။

အကျိုးပေးဂဏန်း - ၅/၄/၉

အထူးဟော - ကံမြင့်မားတိုးတတ်နေမည်။

ယတြာ - လက်ဖက်ထမင်းဘုရားကပ်လှူလိုက်ပါ။

 

 

အင်္ဂါ

ယခုကာလအတွင်း ထူးခြားသည့် အကူအညီအထောက်အပံ့ကောင်းများ ရရှိမှုများကြောင့် ရာထူးတိုးတတ် ခြင်း၊လုပ်ငန်းတွင်အကျိုးရှိကြီးပွားမှုများ တွေ့ကြုံရင်ဆိုင်ရတတ်ပါတယ်။သင်၏စီးပွားရေးလုပ်ငန်းများကို အကြိတ်အနယ်ယှဉ်ပြိုင်လုပ်ကိုင်နေရမည်။ အချိန်တိုင်း စကားများစွာ ပြောဆိုနေရ၍ ပြဿနာများ ဖြေရှင်းနေရမည်။ ငွေဝင်ကောင်းချိန်၊ ကံကောင်းနေချိန်ဖြစ်ပါသည်။ ပြိုင်ဘက်များထံမှ ငွေများ သို့မဟုတ် အကြွေးဟောင်းများ ပြန်ရမည်။ သို့သော် ကိုယ်တိုင်အလိမ်အညာခံရ၍ ငွေကုန်တတ်သည်။

အိမ်ထောင်ရေးတွင် အတူသွား၊ အတူးစားရင်း ရယ်စရာလေးများ ပြောဆိုကာ သာယာသော အိမ်ထောင်မှု ချမ်းသာကိုရရှိမည်။ ပညာရေးတွင် ပညာရေးထက် အပျော်အပါးနှင့် ကစား၊ အစားဘက်သာ များနေမည်။ သင်တန်းတတ်ရန် ငွေသွင်းပြီးမှ ပြီးဆုံးအောင် မတတ်ရောက်နိုင်မှု နှင့် ဟိုရောင်ရောင်သည်ရောင်ရောင် ဖြစ်နေမည်။ အားကစားတွင် အနိုင်ရတတ်သည်။ အချစ်ရေးတွင် အချစ်မဲ့သော ကာလဖြစ်သော်လည်း အိမ်ထောင်ပြုလိုသော ဆန္ဒတွေများနေမည်။ အချစ်မပါပဲ သူတစ်ပါး အောင်သွယ်ပေးမှု ကြောင့် အိမ်ထောင်ပြုရန် အလွန်နီးစပ်နေမည်။ ခရီးသွားရင်း အချစ်တွေ့ ရမည်။ ကျန်းမာရေးတွင် ဆီးနည်းပါးခြင်း၊ ကျောက်ကပ် အားနည်းခြင်းများ ကြုံတွေ့ရမည်။ ညောင်းညာကိုက်ခဲ နေမည်။ သွေးသွင်းမှားတတ်သည်။

အကျိုးပေးဂဏန်း - ၅/၆/၃

အထူးဟော - စုတ်လာဘ် ဝင်ကိန်းရှိပါတယ်။

ယတြာ - ပန်းသီးလေးတွေ စိပ်ပြီးဘုရားကပ်လှူပေးပါ။

 

ဗုဒ္ဓဟူး

ယခုကာလအတွင်း ဖြစ်ချင်သောဆန္ဒနှင့် ရည်မှန်းချက်များအားလုံး အခက်အခဲကြားမှ အဆင်ပြေအောင်မြင်မှုများ ကြုံရပါလိမ့်မည်။ မထင်မှတ်၊ မမျှော်လင့်ထားသည့် ဝင်ငွေကောင်းများ ရရှိလာပါလိမ့်မည်။ ရုတ်တရက် ခရီးသွားရကိန်းမြင်သည်။ သင်၏စီးပွားရေးများ စတင်လုပ်ကိုင်သင့်သော အချိန်ကာလဖြစ်သည်။ အလုပ်ရှာသူများ အလုပ်ရမည်။ ဘဏ်လုပ်ငန်း၊ စာရင်းကိုင်နှင့် အရည်နဲ့ပတ်သက်သောစီးပွားရေးတို့တွင် ကိုယ်နှင့်ဆိုင်ရာ တစ်ခုခုမှ ကောင်းကျိုးပြုလာလိမ့်မည်။ စာချုပ်နှင့် နှုတ်ကတိများ လွဲချော်နိုင်ပါသည်။ သတိထား၍ လက်မှတ်ရေး ထိုးသင့်သည်။ ဆောက်လုပ်ရေးဆိုင်ရာများ အခက်အခဲကြုံတွေ့နိုင်သည်။ အိမ်ထောင်ရေးတွင် အေးစက်စက်နှင့် အလုပ်နှင့်တာဝန်ကို ဦးစားပေးနေရသဖြင့် တစ်ယောက်နှင့်တစ်ယောက် လွမ်းရေးထက် ဝမ်းရေးကို ဖြည့်စွက်နေရမည်။

ပညာရေးတွင် လက်ရှိပညာရေးမှ အခြားပညာရပ်တစ်ခုသို့ ကူးပြောင်းရန် ကြံရွယ်ဖြစ်မည်။ သင်ယူလို သောပညာရပ်က များနေသောကြောင့် အရွေးရခက်နေမည်။ သင်တန်းများ ပျက်ကွက်နေမည်။ နောက်ပိုင်းအချိန် ကာလတစ်ခုသို့ရောက်မှ ပညာရေးစိတ်ဝင်စားနေမည်။ အချစ်ရေးတွင် ချစ်ကံခေသော အချိန်ဖြစ်၍ အစစ၊ အပြောအဆို သတိပြုသင့်သည်။ ချစ်နေသူများလမ်းခွဲစကားပြောဖြစ်မည်။ကျန်းမာရေးတွင် အချစ်ဝေဒနာကြောင့် အအိပ်ပျက်၊ အစားပျက် ဖြစ်မည်။ စိတ်လေလွင့်မည်။

အကျိုးပေးဂဏန်း - ၄/၀/၆

အထူးဟော - ရွှေပျောက်တာ၊အထားမှားပြီးရှာမရတာတွေဖြစ်တတ်ပါတယ်။

ယတြာ - နို့ကြက်ဥတစ်ခွက် ဘုရားရှင်အားကပ်လှူပါ။

 

 

ကြာသပတေး

ယခုကာလအတွင်း သင်၏စီးပွားရေး လုပ်ငန်းများအတွက် မိတ်ဟောင်းဆွေဟောင်းများ အကူအညီပေး လာပါမည်။ စပ်တူနှင့် အကျိုးဆောင်လုပ်ငန်းမှ ငွေဝင်မည်။ စကားအပြာအဆို မမှားမိစေရန် အထူးသတိထား ပြောဆိုသင့်ပါသည်။ ခရီးတိုလုပ်ငန်းများ အောင်မြင်မည်။ ညီငယ်၊ ညီမငယ်များရဲ့လုပ်ငန်း အောင်မြင်မှုများ ကြား သိရမည်။ မိမိအနေနဲ့ ကြိုးစားလျှင် ကြိုးစားသလောက် အောင်မြင်သောအချိန်ကာလဖြစ်သည်။ အိမ်ထောင် ရေး တွင် အိမ်ထောင်ဖက်မှာ စီးပွားရေးနှင့် သူ့ပညာရေးအတွက်သာ စူးစိုက်လုပ်ကိုင်နေမည်။ အိမ်တွင်းရေးတာဝန်များ လစ်ဟင်းနေမည်။

ပညာရေးတွင် ပညာသင်ယူရန် စိတ်ရှိသော်လည်း တခြားအလုပ်များကြောင့် ပညာရေး တစ်ပိုင်း တစ်စ ရပ်နားထားရမည်။ ဆရာခေါ်ပြီးမှ မသင်ယူဖြစ်၊ သင်တန်းစုံစမ်းပြီးမှ မတတ်ရောက်ဖြစ်၊ လူမှုရေး၊ အိမ် တွင်းရေး ကိစ္စများကိုသာ ဦးစားပေးနေဖြစ်မည်။ အချစ်ရေးတွင် ချိန်ထားပြီးမှ လွဲချော်နေတတ်သည်။ ချစ်သူ၏ အထင်လွဲမှု စိတ်ကောက်မှုကို ခံရမည်။ အချစ်သစ်ရှာလိုသော်လည်း ရှာမရ၍ အချစ်ငတ်နေသော အချိန်ဖြစ်သည်။ ကျန်းမာရေးတွင် အစားအသောက် မှားယွင်းမည်။ အစာမကြေရောဂါနှင့် ဆီးအောင့် ၊ ဆီးပူဝေဒနာများ ခံစား ရမည်။ အပူအအေးမျှတအောင် နေထိုင်စားသောက်သင့်ပါတယ်။

အကျိုးပေးဂဏန်း ၁/၇/၅

အထူးဟော  ကံသင့်ပါတယ်။

ယတြာ အုန်းနို့ခေါက်ဆွဲ ဘုရားကပ်လှူလိုက်ပါ။

 

သောကြာ

ယခုကာလအတွင်း အင်္ဂါသားသမီးများနှင့် ပူးတွဲဆောင်ရွက်မှုများဖြင့် ကံကောင်းစေတတ်ပါတယ်။ တပည့် လက်သားများ ကိုယ့်ထံကထွက်၍ ကိုယ်ပြိုင်ဘက်ထံ ရောက်သွားတတ်သည်။ ဝန်ထမ်းများ သင်တန်းသစ် များတတ်ရခြင်း၊ အဖွဲ့အစည်းတစ်ခုအတွင်း ပါဝင်နေခြင်းများကြုံမည်။ သင်၏စီးပွားရေးတွင် ဆရာမိဘများ၏ အကူအညီကြောင့် စီးပွားရေးကောင်းလာမည်။ ဆက်သွယ်ရေးနှင့် အကျိုးဆောင်၊ စာချုပ်၊ စာတမ်းများ စသောအထွေထွေလုပ်ငန်းတို့ကြောင့် ဟိုနည်းနည်း ၊ ဒီနည်းနည်းဖြင့် ငွေများ ပုံမှန်ဝင်နေမည်။ ဝင်ငွေကောင်းနေသော အချိန်ကာလဖြစ်သည်။

အိမ်ထောင်ရေးတွင် နှစ်ကိုယ့်တစ်စိတ် ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်ဖြင့် အတွဲညီသော ဇနီးမောင်နှံဖြစ်မည်။ သားသမီးတို့အတွက် နှစ်ယောက်စလုံး စိတ်ပူပန်ဖြစ်မည်။ ပညာရေးတွင် ဟိုစပ်စပ်၊ သည်စပ်စပ်နှင့် ဘယ်တော့မှ ဆုံးခန်းတိုင်အောင် မရောက်ပဲ ဖြစ်မည်။ အချစ်ရေးတွင် အသက်ကြီးသူ၏ ချစ်မြတ်နိုးမှု၊ စိုးမိုးလွှမ်းမိုးမှုကို ခံရမည်။ အနီးအနားရှိ ငယ်ရွယ်သူများနှင့်လည်း ကြိုးချင်းထားပြီး ငြိတွယ်သွားတတ် ကြသည်။ ကျန်းမာရေးတွင် ရေချိုးမှားမည်။ ညဘက်တွင် ခေါင်းလျှော်တာမျိုးအထူးရှောင်စေချင်ပါတယ်။ မိန်းကလေးများ ချွေးငုတ်၊သွေးငုတ်ဖြစ်တတ်ပါတယ်။

အကျိုးပေးဂဏန်း - ၁/၂/၉

အထူးဟော - လုပ်ငန်းတိုးတတ်ကိန်းရှိသည်။

ယတြာ - အကြော်စုံဘုရားကပ်လှူပေးပါ။

 

စနေ

ယခုကာလအတွင်း ဤကာလအတွင်း မမျှော်လင့်ဘဲ ငွေအစုအလိုက်အပုံလိုက် ဝင်ကိန်းရှိနေပါ၍ ထီကံ စမ်းခြင်းများ ပြုလုပ်ပေးသင့်ပါသည်။ သင်၏ကံဇာတာ အထူးကောင်းနေသော်လည်း အရာရာကိုတော့ သတိပြုပါ။ သင်၏ကုသိုလ်ကံတရားကြောင့် တွေ့ကြုံရင်ဆိုင်နေရသော အခက်အခဲများကို ကျော်လွှားသွား နိုင်မည်။ ဝန်ထမ်း ဖြစ်ပါက ဒီထက်တဆင့်မြင့်သောအလုပ်၊ဋ္ဌာနနှင့်နေရာထိုင်ခင်းသစ်များ ပြောင်းလဲနေ ထိုင်ရခြင်းများ ရှိမည်။ သင်သည် ချေးငှားထားသော ငွေကြေးများ ပြန်လည်မရရှိမှုများကြောင့် စိတ်ညစ်ရခြင်းရှိမည်။ ထို့အပြင် အလိမ်ခံရ တတ်ခြင်း၊ အမှုဖြစ်တတ်ခြင်း၊ အမှုပတ်တတ်ခြင်းတွေကိုလည်း သတိထားရန် လိုမည်။မကြာခဏ ငွေကြေးအရှုပ်အရှင်းပြဿနာများ ပေါ်ပေါက်လာတတ်သည်။

အိမ်ထောင်ရှင်ဖြစ်ပါကအိမ်တွင်းရေး အဆင်ပြေမည်။ ငယ်ရွယ်သူများ၏ အချစ်ရေးမှာ ကြားစကားကြောင့် တစ်ယောက်နှင့်တစ်ယောက် အထင်အမြင် လွဲမှားခြင်းများရှိနေမည်။ ပညာရေးနှင့် ပတ်သက်၍ ကံကောင်းခြင်းများ ရှိနေမည်။ပညာအသစ်များသင်ယူခွင့်ရရှိမည်။ ကျန်းမာရေးမှာ မကြာခဏ ဆေးရုံ၊ ဆေးခန်း ရောက်ရတတ်ပါသည်။ ညနေဘက် နေရောင် မရှိတော့သည့်အချိန်တွင် ရေချိုးခြင်းနှင့်အအေးခံခြင်းမျိုးကို လုံးဝရှောင် ကြဉ်သင့်ပါသည်။

အကျိုးပေးဂဏန်း - ၂/၃/၀

အထူးဟော - အလုပ်များနေရတတ်ပါတယ်။

ယတြာ - မီးကြိုး၊မီးချောင်း၊ဓာတ်ခဲအပျက်တွေတွေရှိရင်စွန့်ပစ်ပါ။

  ၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

                                               ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

                                   09 77 5555 695

                                   09 44 5555 695

 

 

Bookmark