ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့် သူများအား (၈.၁၀.၂၀၂၀) မှ (၂၁.၁၀.၂၀၂၀) ထိ လုပ်ငန်းခွင်သွားရောက်ခွင့်မပြုကြောင်း ကြေညာခဲ့သည်။
COVID-19 ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန်လိုအပ်သော်လည်း အဆိုပါဒေသရှိ အလုပ်သမားများ၏ အလုပ်ကိုင်အခွင့်အလမ်းများ ထိခိုက်မှုမရှိစေရန် နှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန်မှာလည်း အရေးကြီးလှပါသည်။
စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များသို့ လမ်းညွှန်ချက်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ လမ်းညွှန်ချက်နှင့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့်အချက်များကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြေညာထားပြီးဖြစ်ပါသည်။
ပြန်လည်ဖွင့်လှစ်မည့် စက်ရုံ၊အလုပ်ရုံများ၊ လုပ်ငန်းခွင်များ အနေဖြင့်အဆိုပါ ထုတ်ပြန်ချက်များကို သတိပြုလိုက်နာရမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/ မရှိကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျကြီးကြပ်စစ်ဆေးမည်ဖြစ်သည်။
COVID-19 ရောဂါကာ ကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိကြောင်းတွေ့ ရှိပါက ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစား လုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများအား ၁၂-၁၀-၂၀၂၀ ရက်မှစ၍ Coronavirus disease 2019 ( covid-19) ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ခွင့်ပြုချက်ဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပြုနိုင်ကြောင်း ကြေညာထားသည်။