လတ်တလောတွင် COVID-19 ရောဂါမှာ လျင်မြန်စွာ ပျံ့နှံ့ချက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရန်ကုန်မြို့ရှိ မြို့နယ်များအား နေအိမ်တွင်နေထိုင်ရေးအစီအစဥ်(Stay At Home ) ချမှတ်ထားပါသည်။
ထို Stay At Home တွင်ပါဝင်သော မြို့နယ်များတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်၊ အမိန့် ၊ စည်းမျဥ်း ၊ စည်းကမ်းများကို တိကျစွာလိုက်နာဆောင်ရွက်စေရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ စနစ်တကျဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အပြင် ထို့မြို့နယ်များရှိ ပြည်သူများ ခွင့်ပြုချက်မရပဲ တစ်မြို့နယ်မှ တစ်မြို့နယ်သို့ ကူးသန်းသွားလာခြင်းမရှိစေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှလည်း လုံခြုံရေးအရ ကင်းလှည့်စစ်ဆေးသွားမည်ဟုတ်လည်း သိရှိရသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ( ၁၀,၇၃၄)ဦး ရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ (၂၈၆၂) ဦးရှိပြီဖြစ်ကာ သေဆုံးသူမှာ( ၂၂၆)ဦး ထိရှိလာပြီဖြစ်သည်။