(၇) ရက်သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာဟောစာတမ်း

Ads Ads Ads

10.9.2020 မှ 16.9.2020 အထိတစ်ပတ်စာဟောစာတမ်း ကိုဖော်ပြပေးလိုက်ပါတယ်။ 

တနင်္ဂနွေ

ဒီကာလအတွင်း အတွေးအခေါ် ရင့်ကျက်ဖို့လိုပါတယ်။ ဘယ်အလုပ်ကိုပဲ လုပ်ကိုင်ဆောင်ရွက်သည်ဖြစ်စေ ဉာဏ်ကြီးကြီးထားပြီး လုပ်စေချင်ပါတယ်။ အလုပ်ပြောင်း၊ နေရာပြောင်း၊ အိုးအိမ်ပြောင်းတွေကြုံနေရတတ်ပါတယ်။ ငွေကြေးနဲ့ ပက်သက်ပြီး မိသားစုဝင်တွေနဲ့ စကားများရကိန်းမျိုး ကြုံရတတ်ပါတယ်။ ဇိမ်ခံပစ္စည်းတစ်ခုခု ဝယ်ဖို့စဉ်းစားနေရင်တော့ ဒီကာလအတွင်းဝယ်လိုက်တာက အထူးကောင်းပါတယ်။ ပီယဝါစာစကားတွေကိုသာ ရွေးချယ် ပြောတတ်မှပဲ အဆင်ပြေတတ်ပါတယ်။နတတ တတ်နိုင်သမျှဘယ်သူနဲ့မှ ဆန့်ကျင်ဘက် အတိုက်အခံတွေ မလုပ်သင့်တဲ့ အချိန်ပါပဲ။မိတ်ဆွေကောင်းတွေနဲ့ အဆက်အသွယ်မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ငွေကြေးစတင် စုဆောင်းခြင်းတွေကို ဒီကာလမှာ စတင်ဆောင်ရွက်ပါ။ ကပ်ရောဂါကြောင့် အလုပ်ပါးနေသူများ တတ်နိုင်သမျှမိမိကိုးကွယ်တဲ့ ဘာသာရေးကို ပိုမိုကျင့်ကြံလုပ်ကိုင်ပါ။ ရောင်းချင်နေတဲ့ အိုးအိမ်တွေ ရောင်းထွက်သွားတတ်ပါတယ်။လူငယ်များ စန်းအားကောင်းပြီး ချစ်သူရဲ့အလိုလိုက်ခြင်းခံရတတ်ပါတယ်။ ကျန်းမာရေးကတော့ ရောဂါခေါင်းစဉ်တပ်မရပေမယ့် တရှောင်ရှောင် ဖြစ်နေတတ်ပါတယ်။ အိမ်ထောင်ရေး အညံ့အဆိုးမရှိသလောက်နည်းပါတယ်။ ပညာရှာနေသူများ ရပ်ဝေး၊အွန်လိုင်းကနေ ပညာရှာရတတ်ပါတယ်။

အကျိုးပေးဂဏန်း - ၁/၅/၉

အထူးဟော - ကံအကောင်းအဆိုးဒွန်တွဲလျက်ပါပဲ။

ယတြာ - ငှက်ပျော်သီးကိုဖျော်ရည်လုပ်ပြီး ဘုရားကပ်လှူပေးပါ။

တနင်္လာ

ဒီကာလအတွင်း မိမိအကျိုးစီးပွားနဲ့ပက်သက်ပြီး အဘက်ဘက်ကကံ ကောင်းနေပါလိမ့်မယ်။လုပ်ငန်းစီးပွားတွေ တိုးတတ်လာနိုင်တဲ့ကာလပါပဲ။ စိတ်တည်ငြိမ်စွာ လုပ်ဆောင်ရန် ခဲယဉ်းသော်လဲ အကောင်းဘက်သို့ ပြောင်းလဲလာမည်။ဝန်ထမ်းများလဲ လစာတိုးခြင်း ၊ဘောက်ဆူးရခြင်းမျိုးကြုံရတတ်ပါတယ်။ မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီတွေအများကြီးရတတ်ပါတယ်။ စကားချိုတဲ့သူတွေ ဒီကာလအတွင်း ကံပို ကောင်းတတ်ပါတယ်။ ဆဲရေးတိုင်းထွာတတ်သူများ အဆင်မပြေတာမျိုး ကြုံရပါလိမ့်မယ်။ ငွေကံလဲကောင်းနေပါလိမ့်မယ်။ မိသားစုနဲ့ အလည် ခရီးမျိုးသွားရတတ်ပါတယ်။အချိန်ကို စီမံခန့်ခွဲပြီး အကျိုးရှိအောင်အသုံးချတတ်ရင် ပိုကောင်းမဲ့ ကာလ ပါပဲ။ မိမိကံ တိုးတက် ကောင်းမွန်နေမည်။ အတွေးအခေါ် အကြံအစည်များ အဆင်ပြေနေသော်လဲ လုပ်ငန်းဆိုင်ရာ ငွေကြေးဆိုင်ရာ ကိစ္စများ၌ မရေမရာ စိန်ခေါ်မှုများ ဆက်ရှိနေဦးမည်။ ကျန်းမာရေးကတော့ အတော်လေးကောင်းလာပါပြီ၊ ခြေချော်လဲတာမျိုး ဖြစ်ပွားတတ်တဲ့အတွက် အသွားအလာသတိရှိစေ ချင်ပါတယ်။ အိမ်ထောင်သည်များ အိမ်ထောင်ဘက် ကိုနားပူနားဆာ သိပ်မလုပ်ပါနဲ့။ အချစ် ရေးမှာ ချစ်သူထံမှ လက်ဆောင်ရတတ်ပါတယ်။ ပညာရေးကတော့ 'သင့်' အနေအထားမျိုးရှိပါတယ်။

အကျိုးပေးဂဏန်း-၇/၄/၈

အထူးဟော - အတွေးတွေစိတ်ကူးတွေသစ်ဆန်းနေပါလိမ့်မယ်။

ယတြာ - ဦးထုပ်အစုတ်၊ခေါင်းမှာထိုးတဲ့ကလစ်၊ဘီးကုပ်အပျက်တွေရှိရင် စွန့်ပစ်လိုက်ပါ။

 

အင်္ဂါ

ဒီကာလမှာ လောကီကိစ္စတွေကို စိတ်ကုန်နေမိတတ်ပါတယ်။ သံဝေဂဉာဏ်တွေ ရင်ထဲဖြစ်နေတတ်တယ်။ လောကီထက် လေနာကုတ္တရာအကျိုးစီးပွားက ပိုမိုအကျိုးဖြစ်ထွန်းနေတတ်ပါတယ်။ တရားရှာနေသူတွေအတွက်တော့ အသိ ထူးအမြင်ထူးတွေရတတ်ပါတယ်။ ခရီးယာယီ သွားရတတ်ပါတယ်။ ရပ်ဝေးသွားပြီး အလုပ်လုပ်နေသူများ ဟိုရောက်ရင် အဆင်မပြေဖြစ်ရတတ်ပါတယ်။ လောဘတကြီးငွေရှာခြင်း၊ မတရားနည်းဖြင့် စီးပွားရှာခြင်းများ ဒီကာလမှာဒုက္ခ ရောက်တတ်ပါတယ်။ အလုပ်အကိုင်၌ အပူသောက ကြုံရတတ်သလို အပျော်ကိစ္စများအတွက် ငွေအသုံးများသွား ခြင်းလဲ ဖြစ်ကိန်းရှိသည်။ မရောက်ဖူးတဲ့ဒေသတွေမှာ လမ်းဘေးအပေါ့အလေးသွားခြင်း၊ စကားမဆင်ခြင်ခြင်းနှင့် ပတ်သက်သည့် ကိစ္စများတွင် သတိထားလုပ်ဆောင်ပါ။ နတ်ကိုင်တာမျိုးခံရတတ်ပါတယ်။ လက်ထဲငွေမကိုင်ထား ပါနဲ့။ ငွေလက်ထဲထားရင် အဟောသိကံ ကုန်သွားတတ်လို့ပါ။ ကျန်းမာရေးကတော့ အနည်းငယ် ခြူခြာနေတတ်ပါတယ်။ မိမိ အကောင်အထည်ဖော်မဲ့ကိစ္စတွေကို တားမြစ်မဲ့ သူတွေရှိနေတတ်ပါတယ်။ အချစ်ရေးကံကတော့ ချစ်သူက မိမိကို စိတ်သိပ်မပါသလိုဖြစ် နေတတ်ပါတယ်။ မိမိကပြဿနာရှာရင် ပြတ်သွားသည်အထိဖြစ်ရတတ်ပါတယ်။ ပညာရေးအထူးကောင်းပါတယ်။ အိမ်ထောင်သည်များ အိမ်ထောင်ဘက်နဲ့ ခွဲရတတ်ပါတယ်။နီးနေ သူတွေကလည်း တကျက်ကျက် စကားများနေတတ်ပါတယ်။

အကျိုးပေးဂဏန်း - ဝ/၃/၆

အထူးဟော - အလုပ်အကိုင်အခွင့်အလမ်းကောင်းမည်။

ယတြာ - ဖယောင်းတိုင်တစ်ထုပ်ရ ရဟန်းတစ်ပါးကို လောင်းလှူလိုက်ပါ။

ဗုဒ္ဓဟူး၊ရာဟု

ဒီကာလအတွင်း အခက်အခဲပြဿနာများကို ကောင်းစွာ ဖြေရှင်း ကျော်လွှားနိုင်လိမ့်မည်။ဒါပေမယ့်သတိထားဖို့က ပြဿနာရှိသော သူတပါးအလုပ်တာဝန်များကို မိမိ ဝင်ကူရာမှ မိမိ၌ ဒုက္ခတွေ့ကိန်းရှိသည်။ နည်းနည်းတော့ စိတ်ပင်ပန်းရပါလိမ့်မယ်။ စိတ်ဖိစီးမှုတွေ များနေပါလိမ့်မယ်။ အလုပ်ခွင်မှာတာဝန်ကြီးကြီး ယူထားရသူများ complain ဆိုတာမျိုးလဲရှင်းရ တတ်ပါတယ်။ ကံမညံ့ပေမဲ့ တာဝန်တွေပိနေတာမျိုးကြောင့် အလုပ်များရတတ်တဲ့ ကာလပေါ့ဗျ။ ဘယ်လိုအခက်အခဲကြုံကြုံ ရင်ဆိုင်ဖြေရှင်းနိုင်ပြီး နောက်ဆုံးပြေလည်သွားတတ်ပါတယ်။ ငွေကုန်ကြေးကျ များတတ်ပါတယ်။ ဝယ်စရာရှိတာကြောင့် စုထားဆောင်းထားတဲ့ ငွေလေးတွေထုတ်သုံးရတတ်ပါတယ်။ ကျန်းမာရေး အတွက် တော့ အနည်းငယ်ပူပန်နေရပါလိမ့်မယ်။မထင်မှတ်ဘဲ ကျန်းမာရေးညံ့သွား တတ်ပါတယ်။ ဖျားတာနာတာ မျိုး၊ ခေါင်းမူးခေါင်းကိုက်ခြင်းများ ကြုံတွေ့ရကိန်းရှိသည်။ အိမ်တွင်းရေး ပြဿနာပေါ်ခြင်း ရှိနေတတ် ပါတယ်။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးများ ပုံမှန်အတိုင်း အဆင်ပြေနေမည်။ အလုပ်ပြောင်းဖို့ နေရာပြောင်းဖို့ ကြိုးစားနေသူများ ဒီကာလမှာ အဆင်ပြေသွားတတ်ပါတယ်။ အချစ်ရေးကံမှာတော့ ချစ်သူနဲ့ အနေဝေးနေရပါလိမ့်မယ်။ ပညာရေးကတော့ မိမိနဲ့အနီးအနားထက် အဝေးမှာပညာသွားရှာသူများ ပိုမိုကံကောင်းတတ်ပါတယ်။

အကျိုးပေးဂဏန်း - ၇/ဝ/၄

အထူးဟော - ကိစ္စများနေတတ်ပါတယ်။

ယတြာ - အိမ်ကဘုရားဆောင်အား ရှင်းလင်းခြင်း၊ ရေသပ္ပာယ်ခြင်းမျိုးဖြင့် ကုသိုလ်ယူပါ။

ကြာသပတေး

ဒီကာလအတွင်း မိမိကံအကောင်းထဲသို့ ရောက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ သိသိသာသာ တိုးတက်ကောင်းမွန်မည်။သို့သော် ငွေကြေး မနစ်နာသင့်ဘဲ နစ်နာကိန်းရှိသည်။ မိမိအနေနဲ့ အလုပ်နဲ့ပက်သက်သောခရီးမျိုး ၊မိသားစုဆွေမျိုးနဲ့ပက်သက်သော ခရီးမျိုး သွားရဖို့ကြုံရတတ်ပါ တယ်။ အလုပ်စီးပွားကလည်း လမ်းဟောင်းအတိုင်းမလိုက်ဘဲ လမ်းသစ်ထွင်ရမဲ့ကာလပါပဲ။ အရင်နဲ့ မတူတဲ့ ဖန်တီးမှုအသစ်တစ်ခုလုပ်ကြည့်ပါ။နိုင်ငံရပ်ခြားနဲ့ ပက်သက်ဆက်နွယ်သောကိစ္စများ  အထူးကောင်းပါတယ်။ နိုင်ငံခြားသွားမည့်သူများ အခွင့်အလမ်းကောင်းတွေ ပေါ်လာတတ်ပါတယ်။ ဆွေမျိုးထက် တစ်စိမ်းတစ်ရံတွေနဲ့ တွဲဖက်လုပ်ကိုင်သောစီးပွားရေးများ အကျိုးအမြတ်များ တတ်ပါတယ်။ ကား၊ အလှအပ၊ ရေထွက်ပစ္စည်းဆိုင်ရာအလုပ်များ အနည်းငယ်ညံ့မည်။ မိတ်ဆွေများ၏ အခက်အခဲကို မိမိကကူညီပေးနေရမည်။ ကျန်းမာရေးကတော့ ဂရုစိုက်သင့်တဲ့ကာလ ပါပဲ။ ဝမ်းပျက်တာ၊ ဝမ်းလျှောတာမျိုး ဖြစ်တတ်ပါတယ်။ ယင်နားစာများ မစားမိပါစေနဲ့။ လူမှုရေးနဲ့ပက်သက်သော ကိစ္စများလဲကြုံရတတ်ပါတယ်။ ရွှေထွက်တတ်ပါတယ်။ အချစ်ရေးကံကတော့ ချစ်သူက မိမိကို အဆက်အသွယ်မလုပ်တာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ပညာရေးကတော့ ဘာသာစကားနဲ့ပက်သက်သောပညာမျိုးရတတ်ပါတယ်။

အကျိုးပေးဂဏန်း - ၇/၃/၉

အထူးဟော - စိတ်မကြည်လင်ဖြစ်ရတတ်ပါတယ်။

ယတြာ - မြောင်းတွေပိတ်ဆို့နေတာတွေ့ရင် ရေစီးရေလာကောင်းအောင်ပြုလုပ်ပေးလိုက်ပါ။

သောကြာ

မိမိလိုချင်တဲ့ကိစ္စတွေ မိမိဖြစ်ချင်တဲ့ကိစ္စတွေ အနည်းငယ်ဝီရိယစိုက်ထုတ်ယုံနဲ့ အဆင်ပြေသွားတတ်ပါ တယ်။ သားသမီးတွေကို အကောင်းဆုံး ပံ့ပိုးပေးနိုင်မဲ့ကာလပါပဲ။ ရင်းနှီးလုပ်ကိုင်ထားသော လုပ်ငန်းများမှ အမြတ်အစွန်း သိသိသာသာ ထွက်ပေါ်မည်။ စီးပွားရေးနဲ့ပက်သက်တဲ့ နည်းနာတွေအတိုင်း ကြိုးစားအားထုတ်လျှင် ထူးခြားကောင်းမွန်တိုးတတ်မှုများကို သိသိသာသာ ခံစားရမည်။ အကောင်း၊အဆိုး လောကဓံများ မိမိမမျှော်လင့်ထားဘဲ ရုတ်တရက် ကြုံတွေ့နေမည်။ မိမိ၏ လူကြီးမိဘသားသမီးများ ကျန်းမာရေးအညံ့ တွေ့ရတတ်သည်။ အိမ်ထောင်ဘက်ဖြစ်သူ နှင့်ပတ်သက်၍ စိတ်သဘောထား ကွဲလွဲစေတတ်ကာမူ စိတ်ချမ်းသာရာရမည်။ အိမ်ထောင်ရေးကံ အသင့်အတင့်ကောင်းသည်။ကိုယ်တိုင်လုပ်နေသော လုပ်ငန်းမှ အောင်မြင်ခြင်း အမြတ်အစွန်း သိသာစွာပေါ်ခြင်းတို့ ကြုံမည်။ မိတ်ဆွေများ၏ အကူအညီကို ကောင်းစွာရဦးမည်။ အပူအစပ်လွန်ကဲစွာ စားမိရာမှ နေထိုင်မကောင်းခြင်း မအီမသာဖြစ်ခြင်း ကြုံကိန်းရှိသည်။ ချစ်မှုရေးရာ၌ ခုတမျိုးတော်ကြာတမျိုးဖြစ်မည်။ ချစ်သူ မရှိသေးသူများကတော့ စန်းပွင့်ပြီး ဖူးစာဖက်နှင့်တွေ့ရသည်အထိ စန်းအားကောင်းနေတတ်ပါတယ်။ပညာရေးမှာ တော့ အားရစရာကောင်းတဲ့ အနေအထားကိုတွေ့ရပါတယ်။

အကျိုးပေးဂဏန်း - ၃/၀/၇

အထူးဟော - စိတ်ညစ်စရာတွေလျော့ပါးသွားတတ်ပါတယ်။

ယတြာ - နှင်းဆီအနီ ၃ပွင့် ဘုရားကပ်လှူပေးပါ။

စနေ

ဒီကာလအတွင်း မိမိပိုင်ငွေများ သူများကိုအပ်ထားတာမျိုး မလုပ်ပါနဲ့။ အလွဲသုံးစားလုပ်ခြင်းမျိုး 

ခံရတတ်ပါတယ်။ မိမိကိုယ်တိုင် အမှားမလုပ်မိဖို့လိုပါတယ်။ ပြဿနာတွေကို ရှောင်းပြေးနေတာထက် ရင်ဆိုင်ဖြေရှင်းလိုက်တာမျိုးက ပိုသင့်လျော်ပါတယ်။ မိမိစိတ်ကူးပုံဖော်ထားသလိုဖြစ်လာဖို့ အချိန်ပေးရအုံးမှာပါ။ မိမိကံအလွန်ညံ့နေသောကြောင့် အစစသတိထားလုပ်ဆောင်ပါ။ သူတပါးတို့ အမှုပြဿနာများကို မလိုအပ်ဘဲ ဝင်မပါသင့်ပါ။။ မိသားစုအတွင်း ရန်အနည်းငယ်ရှိနေမည်။ အလုပ်မှာ ဖိအားတွေကြောင့် မပျော်ရွှင်တာမျိုးရှိရင်တော့ တတ်နိုင်သ၍သည်းခံစေချင်ပါတယ်။ လူငယ်များ ဖခင်နဲ့အတိုက်အခံဖြစ်ပြီး ဝမ်းနည်းကြေကွဲမှုတွေ ခံစားရတတ်ပါလိမ့်မယ်။ ဘာသာခြား, လူမျိုးခြားများနှင့် ဆက်ဆံရေးအဆင်မပြေဖြစ်တတ်ရုံမှအပ မိတ်ကောင်းဆွေကောင်း တိုးပွားလာလိမ့်မည်။ ကျန်းမာရေးကတော့ မိမိအနေနဲ့အလှုပ်အရှားများလေကျန်းမာရေး ညံ့လေပါပဲ။ အာရုံကြောအားနည်းတဲ့ဝေဒနာမျိုး ခံစားရတတ်ပါတယ်။ အိမ်ထောင်ရေးကံမှာတော့ အိမ်မကပ်တဲ့ အိမ်ထောင်ဘက်ကြောင့် စိတ်ညစ်ရတတ်ပါတယ်။ အချစ်ရေးကံကတော့ အရမ်းကံကောင်းနေတဲ့အချိန်ပါ။ ချစ်သူရဲ့ အလိုလိုက်ခြင်းကို ခံရတတ်ပါတယ်။ ပညာရေးကံက မိမိရဲ့ ဉာဏ်ဝီရိယကိုပဲ အားကိုးရမှာပါ။ ကံကမပေးသေးပါဘူး။

အကျိုးပေးဂဏန်း - ၁/၆/၉

အထူးဟော - ကံညံ့နေတတ်တဲ့ကာလပါပဲ။

ယတြာ - အုန်းသီးတစ်လုံးကို ခွဲပြီး အုန်းရေရော၊အုန်းသီးစိပ်ရော ဘုရားကပ်လှူလိုက်ပါ

 

 

Live-Style Read 41394 times





4% OFF
FLO Monitor Arms

The Flo family of monitor arms possesses both award winning aesthetic design and functionality

420000.00
403000.00
10 Days left
100% OFF
Embody Chair

Designed by Jeff Weber and Bill Stumpf for Herman Miller®

31000000.00
0.10
10 Days left