Careers & Jobs Yangon Trend

ယနေ့ ရန်ကုန်ရှိ မြို့နယ် (၁၆) ခုတွင် ယာယီ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်

Read 1153 times

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၆) ခုတွင်... 

  • (၆၆) ကေဗွီ၊ (၃၃) ကေဗွီ ဓာတ်အားခွဲရုံများ Distribution Transformer များ ထိန်းသိမ်း ပြုပြင်ခြင်း၊ 

  • ဟောင်းနွမ်း၍ ဝန်အားမနိုင်သော (၁၁) ကေဗွီ ဓာတ်အားလိုင်းကြိုးများအား ဓာတ်ကြိုးအသစ်များနှင့် လဲလှယ်ခြင်း၊ 

  • သစ်ကိုင်းများ ခုတ်ထွင်ခြင်းများကို ပြုလုပ်မည် ဖြစ်ကြောင်း YESC မှ ထုတ်ပြန်ထားသည်။ 

ထို့ကြောင့် လုပ်ငန်းဆောင်ရွက်နေစဥ်အတွင်း မနက် (၉:၀၀) နာရီမှ နေ့လည် (၁၂:၀၀) နာရီအထိ အောက်ပါမြို့နယ်များတွင် ယာယီ ဓာတ်အားပြတ်တောက်မှု အနည်းငယ်ဖြစ်ပေါ်မည် ဖြစ်သည်။

ဓာတ်အားပြတ်တောက်မည့် မြို့နယ် (၁၆) မြို့နယ်မှာ ဒေါပုံ၊ သဃ်န်းကျွန်း၊ ဒဂုံ​တောင်၊​ တောင်ဥက္ကလာ၊ ဒဂုံအ​ရှေ့၊ ဗဟန်း၊ လှိုင်၊ မရမ်းကုန်း၊ တွံ​တေး၊ ကွမ်းခြံကုန်း၊ သန်လျင်၊ လှိုင်သာယာ (အ​ရှေ့၊အ​နောက်)၊ အင်းစိန်၊ ​ရွှေလင်ပန်း၊ မဂ်လာဒုံ၊ ​ထောက်ကြန့် မြို့နယ်များဖြစ်သည်။ 

ထိုသို့ဆောင်ရွက်ရခြင်းမှာ ဓာတ်အားပြတ်တောက်မှုများ လျော့နည်းစေရန်နှင့် ဓာတ်ကြိုးဟောင်းများမှ အန္တရာယ်မရှိစေရန်အတွက် ဖြစ်ကြောင်း သိရသည်။

 

Bookmark