လက်ရှိကာလတွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေပြီး စွန့်ဦးတီထွင်လုပ်ငန်းများနှင့် အငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်းများသည် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများစွာဖြင့် ကြုံတွေ့နေကြရသည်။
ထို့ကြောင့် ဒီဂျစ်တယ်နည်းလမ်းများကို အသုံးပြု၍ ရောင်းဝယ်ခြင်း၊ အရောင်းမြှင့်တင်ခြင်းနှင့် ငွေပေးချေခြင်းများကို ဆောင်ရွက်လာနိုင်စေရန် Email, Website & Domain များကို ကျွမ်းကျင်စွာ အသုံးပြုလာနိုင်စေရန်နှင့် Data Analytic, Cloud Services စသည့် ဒီဂျစ်တယ်နည်းပညာ အသုံးပြုနည်းစနစ်များကို Impact Hub Yangon နှင့် FNF Myanmar မှ ဦးဆောင်၍ သင်ကြားပေးသွားမည် ဖြစ်သည်။
ဤအစီအစဥ်တွင် ပါဝင်လိုသူများသည်...
၁) မြန်မာနိုင်ငံရှိ အငယ်စား၊ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ရမည်။
၂) ဒီဂျစ်တယ်အသွင်ပြောင်းနိုင်သော စီးပွားရေးလုပ်ငန်း (သို့မဟုတ်) စီးပွားရေးလုပ်ငန်း၏ တစ်စိတ်တစ်ဒေသ ဖြစ်ရမည်။
၃) Facebook, Viber စသည့် Social Platform များကို အသုံးပြုနိုင်ရမည်။
၄) အစီအစဥ်ပြီးဆုံးသည့် အချိန်အထိ ပါဝင်နိုင်သူဖြစ်ရပါမည်။
ပါဝင်ခွင့် ရရှိသူများသည် ရန်ကုန်မှ မဟုတ်ဘဲ အခြားဒေသမှ ဖြစ်ပါက သင်ကြားမှုများကို အွန်လိုင်းမှ တစ်ဆင့် လုပ်ဆောင်သွားမည် ဖြစ်သည်။
အထက်ပါအစီအစဥ်တွင် ပါဝင်ရန် စိတ်ဝင်စားသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် အောက်ပါ လင့်ခ်မှတစ်ဆင့် ဝင်ရောက်၍ သက်ဆိုင်ရာ အချက်အလက်များကို ဖြည့်သွင်းပြီး လျှောက်ထားနိုင်ပါသည်။
လျှောက်ထားရန် လင့်ခ် : https://cutt.ly/Pd6OMhb