Business Yangon Trend

၃၀၀ ဝပ်အထိ ရရှိမည့် ကန်ဒေါ်လာ (၃၅၈) သန်းတန်ဖိုးရှိ ရွာမလျှပ်စစ်ဓာတ်အားပေးစက်ရုံ

Read 571 times

ရွာမတွင် ဓာတ်အား ဝပ် (၃၀၀) အထိ ရရှိမည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေရရှိရန် လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနမှ ဆွေးနွေးလျက်ရှိသည်။

ယခုစီမံကိန်းတွင် ရှိပြီးသား ဓာတ်ငွေ့တာဘိုင်နှစ်ခုကို အစားထိုးခြင်း၊ လက်ရှိဓာတ်ငွေ့တာဘိုင်တစ်ခုအား ရေနွေးငွေ့တာဘိုင် မီးစက်ယူနစ်များနှင့် အစားထိုးခြင်းအပြင် စွမ်းအားမြင့် ပေါင်းစပ်ဓာတ်ငွေ့တာဘိုင် နှစ်ခုတပ်ဆင်ပေးရန်တို့ ပါဝင်သည်။

ဤစီမံကိန်းသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် ရန်ကုန်စီးပွားရေးဒေသ၊ ပါလီမန်၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံ၊ ရွှေတိဂုံဘုရား၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်  မြို့တွင်းဧရိယာများ ကဲ့သို့သော အရေးကြီးသောနေရာများသို့ လျှပ်စစ်ဓာတ်အားထောက်ပံ့မှု တည်ငြိမ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ 

အဆိုပါစီမံကိန်းအရ အိမ်ထောင်စု (၇) သန်းနှင့် ၂၀၃၀ ခုနှစ်တွင် လူဦးရေ (၃၆) သန်းကျော်အတွက် လျှပ်စစ်ဓာတ်အားထောက်ပံ့ ပေးနိုင်မည်ဖြစ်ကာ စျေးနှုန်းချိုသာပြီး စိတ်ချရခြင်းကြောင့် ကျန်းမာရေး၊ ပညာရေးနှင့် ပုဂ္ဂလိကလုပ်ငန်း ဖွံ့ဖြိုးရန်အတွက် အထောက်အကူပြုမည်ဖြစ်သည်။ 

 

Bookmark