Business Yangon Trend

ကိုဗစ်ကာလ ၃ လအပြီး မင်္ဂလာစျေးအတွင်း အရောင်းအဝယ် အခြေအနေများ

Read 615 times

မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း Covid-19 ထိန်းချုပ်ကာကွယ်ရေးအတွက် စျေးများပိတ်ထားခဲ့ရာမှ ယခုအခါ ပုံမှန်အတိုင်း စျေးပြန်ဖွင့်နေပြီ ဖြစ်ကာ အရောင်းအ၀ယ်လည်း ပုံမှန် လည်ပတ်နေပြီ ဖြစ်သည်။

စျေးအတွင်းတွင် ရောင်း၀ယ်ဖောက်ကားနေသော လုပ်ငန်းရှင်များထံမှ စကားသံများကို အောက်ပါအတိုင်း တွေ့ရသည်။

အလှကုန်များရောင်း၀ယ်သော ငွေလမင်းဆိုင်ကို မေးမြန်းခဲ့ရာ ယခင်ကထက် အရောင်းပါးသော်လည်း ပုံမှန်အားဖြင့် လည်ပတ်နေပြီ ဖြစ်သည်။ ၁ ရက်နေ့မှ ၁၅ ရက်အတွင်း ပုံမှန်အတိုင်းရောင်းရသော်လည်း ၁၅ ရက် နောက်ပိုင်းမှ လကုန်နောက်ပိုင်းအထိ အရောင်းပါးနေဆဲ ဖြစ်သည်။ ယခင်က ပစ္စည်းအသစ်များ၀င်ပါက ရောင်းရသော်လည်း ယခုအခါတွင်မူ လူသိများသော ပစ္စည်းများသာ လာဝယ်ကြသည်ဟု ပိုင်ရှင် ထံမှ သိရသည်။

အရုပ်ဆိုင်ပိုင်ရှင်ကို မေးမြန်းခဲ့ရာ ယခင် ကိုဗစ်မတိုင်ခင်က အရောင်းအ၀ယ် ကောင်းသော်လည်း ယခုကာလအတွင်းတွင်မူ ရာခိုင်နှုန်းအားဖြင့် ၃၅ ရာခိုင်နှုန်း လောက်ကွာခြားသွားပြီ ဖြစ်သည်။ ပုံမှန် အရောင်းအ၀ယ်ရှိသော်လည်း ယခင်ကထက် သုံးပုံ တစ်ပုံခန့်သာ ရှိတော့သည် ဟု သိရသည်။

ဖန်စီပစ္စည်းများ ရောင်းချသော Fashion Areina ကို မေးမြန်းခဲ့ရာ ရောင်းအားမှာ ပုံမှန်အတိုင်း ရှိနေသည်ဟု သိရသည်၊၊ နယ်မှလူများသည် အများဆုံလာဝယ်ကြသည့်အပြင် နယ်သမားကဲ့သို့ ရန်ကုန်မှ ၀ယ်သူများလည်း ရှိသည်ဟု ထိုဆိုင်ပိုင်ရှင်မှ ပြောကြားသည်။

ဖုန်းအပိုပစ္စည်းဆိုင်မှလည်း ကိုဗစ်ကာလအတွင်းတွင်မူ ပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် ကြန့်ကြာမှုရှိသော်လည်း  ယခု ကာလတွင်မူ အဆင်ပြေနေပြီ ဖြစ်ပြီး အရောင်းအ၀ယ်အနေဖြင့် ယခင်ကထက် ပိုမိုပါးသွားပြီ ဖြစ်သည်။

ယခုကာလတွင် စျေးများတွင် ပုံမှန်အားဖြင့် ရောင်း၀ယ် ဖောက်ကားနေပြီ ဖြစ်ပြီး ကိုဗစ်ကာလ အဆုံးသတ်မည့် အချိန်ကိုလည်း အားလုံးက စောင့်မျှော်နေပြီ ဖြစ်သည်။

 

Bookmark