သူနာပြု နှင့် သားဖွားသင်တန်းကျောင်းများတွင် ပညာသင်ထောက်ပံ့ကြေးပေးအပ်မည်

Ads Ads Ads

By - Jae

သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများတွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် သင်တန်းတက်ရောက်သော သူများအား တစ်လလျှင် သုံးသောင်းကျပ်တိတိ ပညာသင်ထောက်ပံ့ကြေး ပေးအပ်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားရေးရာ ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

သင်တန်းသို့ တက်ရောက်မည့်သူများသည်  တက္ကသိုလ် ၀င်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည့် အပြင် ၂၀၂၀ ပြည့်နှစ် မတိုင်မီ အောင်မြင်သူများသာ လျှောက်ထားခွင့်ရှိသည်။အသက် (၂၅)ထက်နှစ် မကြီးသူ ဖြစ်ပြီး အနည်းဆုံး အရပ် ၅ ပေ ရှိရမည် ဖြစ်သည်။ပြစ်မှုကင်းရှင်းသူ ဖြစ်ပြီး အိမ်ထောင်မရှိသူ ဖြစ်ရမည်။

သင်တန်းသို့ ပြီးဆုံးအောင်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလအတွင်း ပျက်ကွက်လျှင် ဖြစ်စေ၊ သင်တန်းစည်းကမ်းများကို ဖောက်ဖျက်လျှင် ဖြစ်စေ၊ သင်တန်းကို ပြီးဆုံးအောင် မတက်လျှင် ဖြစ်စေ သူနာပြု သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်းအတွက်  ၈၀၀၀၀၀ ကျပ်နှင့် ဘတ်စုံသားဖွား ဒီပလိုမာ (၂) နှစ် သင်တန်းအတွက် ၃၀၀၀၀၀ ကျပ် တို့ကို ပြန်လည် ပေးလျော်ရမည် ဖြစ်သည်။

သင်တန်းလျှောက်ထားလိုသူများ အနေဖြင့်  လျှောက်လွှာကို လိုအပ်သော စာရွက် စာတမ်းများနှင့်အတူ ပူးတွဲပြီး တက္ကသိုလ်၀င်တန်း အောင်မြင်ခဲ့သည့် စာစစ်ဌာန ရှိရာ ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနသို့  လျှောက်လွှာများကို (၂၈.၁၀.၂၀၂၀) နောက်ဆုံးထား၍ လျှောက်ထားရမည် ဖြစ်သည်။

၀င်ခွင့်လျှောက်လွှာကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ (၃) ဘာသာရမှတ်ပေါင်းကို မူတည်၍ ရွေးချယ်မည်ဖြစ်သည်။ သင်တန်းတက်ခွင့်ရ အမည်စာရင်းများအား ၂၀၂၀ နို၀င်ဘာလ စတုတ္ထပတ်တွင် ကြေညာမည် ဖြစ်သည်။သင်တန်းစဖွင့်ပြီး (၂) ပတ်အတွင်း တက်ရောက်ခြင်း မရှိပါက သင်တန်းတက်ခွင့် စာရင်းမှ ပယ်ဖျက်မည်ဖြစ်သည်။

 

 

 

Education Read 698 times





4% OFF
FLO Monitor Arms

The Flo family of monitor arms possesses both award winning aesthetic design and functionality

420000.00
403000.00
Valid Until 01 July, 2021
100% OFF
Embody Chair

Designed by Jeff Weber and Bill Stumpf for Herman Miller®

31000000.00
0.10
Valid Until 01 July, 2021