၃၅%အထိ လျှော့ဈေးများနဲ့ ရောင်းချပေးနေတဲ့ စိတ်ကူးချိုချိုစာအုပ်တိုက် ၂၁နှစ်ပြည့် စာအုပ်ရောင်းပွဲ

Ads Ads Ads

BY WMMH (Mizzy)

စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတဲ့အတိုင်း စာဖတ်ခြင်း အလေ့အထဟာ လူတို့ရဲ့ စိတ်နှလုံးကို အေးချမ်းစေရုံသာမက အသိဉာဏ်ကောင်းတွေ တိုးပွားနိုင်ခြင်း၊ ဗဟုသုတ ရရှိစေနိုင်ခြင်းအပြင် စိတ်ရဲ့ အာဟာရကို ပြည့်ဝစေတဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။

စာအုပ်စာပေ ကြိုက်နှစ်သက်သူတွေအတွက်တော့ စာအုပ်ဆိုင်နဲ့ စာအုပ်တိုက်တွေဟာလည်း မိတ်ဆွေကောင်း တွေလိုပါပဲနော်။ ဒီကနေ့မှာတော့ စာအုပ်ချစ်သူတို့အတွက် စိတ်ကူးချိုချို စာအုပ်တိုက်ရဲ့ ၂၁နှစ် နှစ်ပတ်လည် စာအုပ်အရောင်းပွဲတော်အကြောင်းနဲ့ ရရှိနိုင်မယ့် စာအုပ်အမျိုးအစားတွေကို ပြောပြပေးသွားချင်ပါတယ်။

ဒီပွဲလေးကတော့ Covid-19 ကာလ မတိုင်မီက နှစ်ပတ်လည်အခမ်းအနား ပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီးတော့ အခုအခါမှာတော့ Covid-19 ရောဂါကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ အွန်လိုင်းရောင်းချပွဲအနေနဲံသာ စီစဉ်ဖြစ်သွားတာပဲ ဖြစ်ပါတယ်။

ဒီပွဲမှာတော့ ရန်ကုန် နဲ့ မန္တလေးရှိ စိတ်ကူးချိုချိုနဲ့ အပါးတော်မြဲ စာအုပ်ဆိုင်တွေမှာ ဝယ်ယူသူတိုင်းအတွက် ၂၅% ကနေ ၃၅% အထိ လျှော့ဈေးများနဲ့ ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်အရောင်းပွဲကိုတော့ ၂၀၂၀ခုနှစ်၊ ဇူလိုင် (၃၁) ရက်ကနေ သြဂုတ်လ (၂၃) ရက်ထိ ပြုလုပ်နေတာဖြစ်ပြီး ရောင်းချပေးနေတဲ့ အချိန်တွေကတော့ မနက် (၉)နာရီကနေ ည (၇)နာရီအထိ နေ့စဉ် ရောင်းချပေးလျက် ရှိပါတယ်။

၂၁နှစ်ပြည့် နှစ်ပတ်လည်အတွက် အထူးရောင်းချ‌ပေးနေတဲ့ စာအုပ်များနဲ့ ဈေးနှုန်းတွေကတော့...

အုပ်စု (A)

၁။ တောင်ဘီလာဆရာတော်/ ယသဝဍ္ဎန ဝတ္ထုပေါင်းချုပ်
တန်ဖိုး - ၈၀၀၀ ကျပ်

၂။ စစ်ကိုင်းဦးဘိုးသင်း/ဧငြိမ်းရိပ်သ
တန်ဖိုး  - ၃၇၀၀ ကျပ်

၃။ ရန်ကုန်ဘဆွေ/ မြင်းမိုရ်ကို ချွေ ပျက်ကြွေမဲ့ယောကျ်ား
တန်ဖိုး - ၄၅၀၀ ကျပ်

၄။ သိန်းဖေမြင့်/ ကျောင်းသားနှင့်နိုင်ငံရေး၊ သတင်းစာနှင့်လွတ်လပ်ခွင့်
တန်ဖိုး - ၆၅၀၀ ကျပ်

၅။ မင်းကျော်/ အနာဂတ်ကို ယုံကြည်သူများအတွက် နတ်လူသာဓု ခေါ်စေသော်
တန်ဖိုး - ၅၀၀၀ ကျပ်

၆။ သခင်မြသန်း/ ဦးသူတော်နှင့်ကိုသစ္စာ
တန်ဖိုး - ၄၅၀၀ ကျပ်

၇။ မင်းသုဝဏ်/ ဓမ္မပဒ
တန်ဖိုး - ၃၀၀၀ ကျပ်

၈။ မောင်ထင်/ဘာသာစကားစစ်တမ်း
တန်ဖိုး - ၁၅၀၀ ကျပ်

၉။ ဦးသော်ဇင်/ တစ်ခေတ်တစ်ခါက အောင်မြင်ထင်ရှား သဘင်ပညာရှင်များ
တန်ဖိုး - ၄၀၀၀ ကျပ်

၁၀။ မြလှိုင်/ဘဝနေဝင်ချိန်
တန်ဖိုး - ၉၀၀၀ ကျပ်

၁၁။ ဒေါင်းနွယ်ဆွေ/ အသည်းခါးခါးမုန်း
တန်ဖိုး - ၄၀၀၀ ကျပ်

၁၂။ လှသမိန်/ စိတ်ချမ်းသာအောင်နေနည်း
တန်ဖိုး - ၃၀၀၀ ကျပ်

၁၃။ အောင်ဝင်း (စိတ်ပညာ)/ ငြိမ်းချမ်းစိတ်ဖြင့် တိုးတက်ကြွယ်ဝပါ
တန်ဖိုး - ၂၅၀၀ ကျပ်

၁၄။ ခင်မောင်သန်း (စိတ်ပညာ)/ လူ့သဘာဝနှင့် စိတ်ပညာ
တန်ဖိုး - ၃၅၀၀ ကျပ်

၁၅။ နိုင်ဝင်းဆွေ- ဘဝစာမျက်နှာများ ၁+၂
တန်ဖိုး - ၅၀၀၀ ကျပ်

၁၆။ ဒေါက်တာသန်းထွန်း/ စာတမ်းနှင့် ဆောင်းပါး ၂၁ စောင်
တန်ဖိုး - ၉၀၀၀ ကျပ်

၁၇။ ပါရဂူ/ ဘဝမှတ်တမ်းများ
တန်ဖိုး - ၃၅၀၀ ကျပ်

၁၈။ မောင်ကိုယု/ ဝတ္ထုတိုများပေါင်းချုပ်
တန်ဖိုး - ၆၅၀၀ ကျပ်

၁၉။ တက္ကသိုလ်မင်းမော်/ သူငယ်ချင်းကဗျာပေါင်းချုပ်
တန်ဖိုး - ၇၅၀၀ ကျပ်

၂၀။ ခင်နှင်းယု/ မင်းမသိတာတွေရှိသေးတယ် ဝတ္ထုတိုများ
တန်ဖိုး - ၃၀၀၀ ကျပ်

၂၁။ ထူးအိမ်သင်/ ချစ်ခြင်းအားဖြင့် ကဗျာနှင့်စာ
တန်ဖိုး - ၃၀၀၀ ကျပ်

အုပ်စု (B)

၁။ ဆင်ဖြူကျွန်းအောင်သိန်း/ အ-မနုသတောဝါ ဝတ္ထုတိုစု
တန်ဖိုး - ၄၅၀၀ ကျပ်

၂။ ဖိုးကျော့/ လောကသားတို့ ပျော်ရာမြေ ဝတ္ထုတိုများ
တန်ဖိုး - ၃၅၀၀ ကျပ်

၃။ မောင်သာနိုး/ မဟာကဗျာ
တန်ဖိုး - ၃၅၀၀ ကျပ်

၄။ မောင်ကြာညို/ ရယ်မောရင်းနိုးထပါ
တန်ဖိုး - ၅၅၀၀ ကျပ်

၅။ ထွန်းသစ်/ ကနေဒီနှင့် တိုက်ရေယာဉ် ( ၁၀၉ )
(ထုတ်ဝေရန် နောက်ကျနိုင်)

၆။ စိန်မျိုးမြင့်/ မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ
တန်ဖိုး - ၅၀၀၀ ကျပ်

၇။ ညီစေမင်း/ နိုင်ငံတော် စစ်ဆေးရေးမှူးချုပ် ပြဇာတ်
တန်ဖိုး - ၂၅၀၀ ကျပ်

၈။ ဇင်သန့်/ စာဖတ်ကျွမ်းခြင်းဖြင့်ဘဝတိုးတက်ရေး
တန်ဖိုး  - ၁၅၀၀ ကျပ်

၉။ မြနှောင်းညို/ ရင်ခွင်ဦးသို့အပြန်
(ထုတ်ဝေရန် နောက်ကျနိုင်)

၁၀။ ကျော်ရင်မြင့်/ အောင်မြင်ရေးဖြတ်လမ်းနည်း
တန်ဖိုး  - ၂၅၀၀ ကျပ်

၁၁။ နုနုရည်အင်းဝ/ အိပ်နေရင်ည နိုးနေရင်နေ့
တန်ဖိုး  - ၃၅၀၀ ကျပ်

၁၂။ ဆောင်းဝင်းလတ်/ ဆွတ်ပျံ့ဖွယ်ရာ စာပေအနုပညာနယ်မှာ
တန်ဖိုး  - ၆၀၀၀ ကျပ်

၁၃။ မောင်ကိုကို (အမရပူရ)/ - မိုးသားတွေနဲ့အတူတူပြေးလွှား ကျွန်တော်ဟာဂျစ်ပစီလေးလား
(ထုတ်ဝေရန် နောက်ကျနိုင်)

၁၄။ မိချမ်းဝေ/ ပင်လယ်ငေးသူရဲ့စာစုများ
(ထုတ်ဝေရန် နောက်ကျနိုင်)

၁၅။ စိုးဘားဒိုင်/ မီးလျှံကကြိုး
(ထုတ်ဝေရန် နောက်ကျနိုင်)

၁၆။ ခရမ်းပြာထက်လူ/ သြဂဲနစ်အလင်း
တန်ဖိုး  - ၂၅၀၀ ကျပ်

၁၇။ စိုင်းဝင်းမြင့်/ မသိခြင်းလက်ဆောင်
တန်ဖိုး  - ၂၅၀၀ ကျပ်

၁၈။ အောင်ကောင်းမြစ်/ ဩဒီနေ့ပန်းတွေပွင့်တယ်
တန်ဖိုး  - ၂၅၀၀ ကျပ်

၁၉။ အောင်မှူးဝေ/ ဘဝပေးပြီး ပြုံးတဲ့ရုပ်ရှင်
တန်ဖိုး  - ၂၅၀၀ ကျပ်

၂၀။ ပိုင်/ ဝိညာဉ်ရှိသောမြေ ဝတ္ထုများ
(ထုတ်ဝေရန် နောက်ကျနိုင်)

၂၁။ ဒေါက်တာစိုးသန်း/Sunday နှစ်ဘာသာကဗျာများ
တန်ဖိုး - ၄၀၀၀ ကျပ်

အွန်လိုင်းမှ စာအုပ်မှာယူသူများအတွက် ၂၀% လျှော့ဈေးနဲ့ ရောင်းချပေးနေပြီး ငွေကျပ် ၁သောင်းဖိုးကျော်ပါက ပို့ခအခမဲ့နဲ့ ရန်ကုန်တစ်မြို့လုံးကို လိုက်လံပို့ဆောင်ပေးမှာပဲ ဖြစ်ပါတယ်။ ဆိုင်အထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဝယ်ယူသူများကိုတော့ ၂၅% နဲ့ ရောင်းချပေးလျက် ရှိပါတယ်။ စာကြည့်တိုက်များအတွက်တော့ ၃၅% လျှော့ဈေးနဲ့ ဝယ်ယူရရှိနိုင်တာပဲ ဖြစ်ပါတယ်နော်။

နယ်မြို့အချို့ဖြစ်တဲ့ မြစ်ကြီးနား (နဂါးစာပေ)၊ မြစ်ကြီးနား (စာပဒေသာ)၊ ကသာမြို့ (လင်းယုန်စာပေ)၊ ရွှေဘိုမြို့ (ပန်းကဗျာစာပေ)၊ စစ်ကိုင်းမြို့ (ရွက်နုစာပေ)၊ ပျဉ်းမနားမြို့ (သရဖူစာပေ)၊ နွားထိုးကြီးမြို့ (ဖန်မီးအိမ်စာပေ)၊ မုံရွာမြို့ (ချင်းတွင်းအိမ်စာပေ) တို့မှာ တစ်ပြိုင်တည်း လျှော့နှုန်းနဲ့ ဝယ်ယူနိုင်အောင် စီစဉ်ထားရှိပါတယ်။ နယ်ဆိုင်တွေမှာတော့ စရိတ်စကရှိသေးတာကြောင့် လျှော့ဈေး ၂၀% သာ ရရှိမယ်လို့ သိရပါတယ်။

အခုဆိုရင် စာအုပ်အရောင်းပွဲ ပြုလုပ်နေတာ (၁၁) ရက် ရှိနေပြီဖြစ်လို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ စာအုပ်ချစ်သူများကိုလည်း သွားရောက်ဝယ်ယူကြဖို့ လက်တို့လိုက်ကြပါဦးနော်။

စာအုပ်တွေကို စုံစမ်းမှာယူချင်တယ်ဆိုရင်တော့ …
လိပ်စာ - အမှတ် ၁၇(B) ၊ မြေညီ၊ သီတာလမ်း၊ ကျောက်မြောင်း၊ ရန်ကုန်။
ဖုန်း- ၀၉ ၄၀၆ ၃၁၁ ၁၁၂၊ ၀၉ ၄၀၆ ၃၂၂ ၂၂၇

Source From Seikku Cho Cho

Education Shopping & Promo Yangon Trend Read 434 times





4% OFF
FLO Monitor Arms

The Flo family of monitor arms possesses both award winning aesthetic design and functionality

420000.00
403000.00
Valid Until 01 July, 2021
100% OFF
Embody Chair

Designed by Jeff Weber and Bill Stumpf for Herman Miller®

31000000.00
0.10
Valid Until 01 July, 2021