By Joey
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော စားသောက်ကုန်လုံခြုံရေးဆိုင်ရာ စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းတစ်ခုကို အစိုးရဓာတ်ခွဲခန်း (၁၀) ခုနှင့် ပုဂ္ဂလိက ဓာတ်ခွဲခန်း (၁) ခု၊ စုစုပေါင်း ဓာတ်ခွဲခန်း (၁၁) ခု ပူးပေါင်း၍ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်သည်။
အဆိုပါ စီမံကိန်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ ၄ သန်း အကုန်ကျခံ၍ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ပြီးစီးအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
စားသောက်ကုန်များ အရည်အသွေးပြည့်မှီစွာ ထုတ်လုပ်နိုင်ရေးအတွက် အဓိကထား၍ ရည်ရွယ် လုပ်ဆောင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ၉၀% သော အစားသောက်ပစ္စည်းများသည် ပြည်ပထွက်ကုန်အဖြစ် ရပ်တည်နေသောကြောင့် နိုင်ငံ၏ ပြည်ပသို့တင်ပို့သော စားသောက်ကုန်၏ အရည်အသွေးကို နိုင်ငံတကာ အဆင့်မီနိုင်စေရေးအတွက် ဖြစ်သည်။
ပညာရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသော Department of Research and Innovation (DRI) United Nation Industrial Development Organization (UNIDO) နှင် Physikalisch-Trchnische Bundesanstalt (PTB) တို့မှ အောက်တိုဘာ၊ ၂၀၁၅ ခုနှစ်တွင် Lab Networking Steering Committee ကို ဓာတ်ခွဲခန်းများ၏ အရည်အသွေးကို တိုးတက်စေရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့သည်။
Myanmar Laboratories Association က ထိုအဖွဲ့အစည်းနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်များတွင် အဓိက ဓာတ်ခွဲခန်း (၁၆) ခုကို ဖွင့်လှစ်ခဲ့ပြီးပြီဖြစ်ကာ အခုအခါ ဓာတ်ခွဲခန်းပေါင်း (၂၀) ထိ တိုးချဲ့ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်။
စီမံကိန်းအနေဖြင့် အသေးစိတ်လေ့လာ ဆောင်ရွက်နိုင်ရန် စီစဉ်ပေးခြင်း၊ ဓာတ်ခွဲခန်းထိန်းသိမ်းရေးနှင့် ဓာတ်ခွဲခန်း စီမံခန့်ခွဲရေး သင်တန်းများပေးခြင်း၊ ခေတ်မီ စက်ကိရိယာများ ထားရှိပေးထားခြင်းတို့အပြင် စားသောက်ကုန်များ စစ်ဆေးရာတွင် မှန်ကန်တိကျသော အဖြေများ ရရှိနိုင်ရန် နိုင်ငံတကာစံနှုန်းများနှင့်အညီ လုပ်ဆောင်ပေးထားမည်ဖြစ်သည်။
စားသောက်ကုန်လုံခြုံရေးဆိုင်ရာ စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းမံကိန်းအား ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ တင်္နသာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လုပ်ဆောင်သွားမည် ဖြစ်သည်။
Source from Myanmar Project Bank