By WMMH (Mizzy)
၂၁ရာစုမှာ အင်္ဂလိပ်စာဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်လာပါတယ်။ မိမိက အလုပ်မအားလပ်လို့ပဲဖြစ်စေ၊ လေ့လာတဲ့နေရာမှာ အားနည်းနေတာဖြစ်စေ၊ အကြောင်းကြောင်းကြောင့် အင်္ဂလိပ်စာကို လေ့လာချင်ပေမယ့် လေ့လာရတာ အခက်အခဲ ဖြစ်နေပါသလား?
ဒါဆိုရင်တော့ အင်္ဂလိပ်စာကို ဘယ်သင်တန်းအကူအညီမှ မပါဘဲ မိမိအိမ်မှာအလွယ်တကူ လေ့လာလို့ ရနိုင်မယ့် နည်းလမ်းကောင်းတစ်ချို့နဲ့ လေ့လာတဲ့နေရာမှာ ဖြစ်တတ်တဲ့ အတွေးမှားအချို့ကို ဒီကနေ့မှာ ပြောပြပေးချင်ပါတယ်။
၁။ ဖြည်းဖြည်းချင်း သင်ယူပါ။
ဘာသာစကားတစ်ခု လေ့လာတယ်ဆိုတာ နတ်ရေကန်ထဲ ခုန်ဆင်းလိုက်သလို ချက်ချင်း တတ်သွားတာမျိုး မဟုတ်ပါဘူး။ အချိန်နဲ့ ဝီရိယတော့ အနည်းဆုံး ရင်းကြရပါတယ်။ သင်က အလုပ်အမြဲရှုပ်တတ်တဲ့သူ ဆိုရင်တောင် စာလေ့လာဖို့ တစ်ရက်မှာ အနည်းဆုံး အချိန်နာရီဝက်ခန့် ပေးပါ။
၂။ ကလေးတစ်ယောက်လို တွေးပါ။
နည်းနည်းတော့ ရီစရာကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် အင်္ဂလိပ်စာကို အစကနေ လေ့လာသူတွေအတွက်တော့ ကလေးတွေလို သင်ယူခြင်းက အကောင်းဆုံး Resource တစ်ခုပါပဲ။
၃။ ပတ်ဝန်းကျင်မှ လေ့လာသင်ယူပါ။
မိမိပတ်ဝန်းကျင်မှာ ဘယ်သူက ဘယ်အကြောင်းအရာကို ဘယ်လို Phrase မျိုးနဲ့ ပြောလိုက်တယ် ဆိုတာမျိုးကအစ လိုက်မှတ်ပါ။ (ဥပမာ၊ Social Media မှာ တင်တဲ့ Caption တင်တာကအစ လိုက်မှတ်တတ်ပါစေ)
 Shwe Swel Lae Co., Ltd..png)
၄။ အင်္ဂလိပ်သီချင်း များများနားထောင်ပါ။
အင်္ဂလိပ်စာ လေ့လာဖို့ စာအုပ်အထူကြီးတွေ မလိုပါဘူး။ မိမိနေ့စဉ်နားထောင်နေတဲ့ သီချင်းတွေထဲကနေလည်း အင်္ဂလိပ်စာကို လေ့လာလို့ ရပါတယ်။
၅။ အင်္ဂလိပ်ရုပ်ရှင်တွေကနေ အသုံးအနှုန်းတွေ လေ့လာပါ။
အင်္ဂလိပ်ဇာတ်လမ်းတွေထဲက စကားအသုံးအနှုန်းတွေကို လေ့လာခြင်းကလည်း တစ်ကယ့်အပြင်မှာ အင်္ဂလိပ်စကားပြောနိိုင်ဖို့ အထောက်ကူပြုစေပါတယ်။
၆။ လွယ်လွယ် လက်မလျှော့ပါနဲ့။
လူတိုင်းတတ်နေပြီးသား ဘာသာစကားကို ကိုယ်က လွယ်လွယ်မတတ်နိုင်ဘူးဆိုပြီး စိတ်ဓာတ်ကျနေရင် ဆက်လေ့လာတဲ့နေရာမှာ အဆင်မပြေ ဖြစ်နိုင်ပါတယ်။ စိတ်ဓာတ်ကျခါနီးတိုင်း ကိုယ့်ထက် အခြေအနေဆိုးတဲ့ သူတွေ ရှိသေးတယ်ဆိုတာကို မှတ်ထားပါ။