By - Jae
လူအများစုသည် ဆရာဝန်၏ ညွန်ကြားချက်အတိုင်းမဟုတ်သော ဆေးများနှင့် စပ်ဆေးများကို အသုံးပြုခြင်းက ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်ကို သတိမပြုမိကြပါ။
ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံးရလဒ်များ ရရှိရန်နှင့် ဆေးဝါးဆိုင်ရာ အန္တရာယ်များကို အနည်းဆုံးဖြစ်စေရန်အတွက် ဆေးဝါးများ အသုံးပြု ရာတွင် သိထားသင့်သော အချက်များနှင့် ဆရာဝန်များ၏ အကြံပြုချက်များကို ဖော်ပြပေးလိုက်ပါသည်။
(၁) မသင့်လျော်သောဆေးဝါးများ သောက်သုံးခြင်းနှင့် စပ်ဆေးများ သောက်သုံးခြင်းကြောင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည့်အပြင် မတော်တဆ ဆေးအလွန်အကျွံ သောက်သုံးမိခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
(၂) နေ့စဉ်သောက်သုံးနေသော ဆေးဝါးများနှင့် အမည်များကို သေချာစွာ မှတ်သားထားသင့်ပြီး ထိုသို့မှတ်သားထားခြင်းသည် အရေးပေါ် သို့မဟုတ် စိတ်ဒဏ်ရာရရှိသောအခါတွင် အသုံးဝင်သည်ဟု ဆရာဝန်များက အကြံပြုထားသည်။
(၃) ဆေးဝါးများ သုံးစွဲတော့မည် ဆိုပါက ဆရာ၀န်တစ်ဦးမှ တရားမ၀င် ထုတ်ပေးသော ဆေးညွှန်းကို မသောက်သုံးသင့်ပဲ ဆရာဝန်ညွှန်ကြားသည့် တရားဝင်ဆေးညွှန်းကိုသာ သောက်သုံးသင့်ပါသည်။
(၄) ဆေးဝါးမသောက်မီ ဖြစ်နိုင်ချေရှိသော ဘေးထွက်ဆိုးကျိုးများအကြောင်းကို ဆရာ၀န်အား အသေးစိတ်မေးမြန်းပါ။
(၅) အိမ်သုံးဆေးဝါးများကို မသောက်မီ၊ သက်တမ်းကုန်ဆုံးသည့်နေ့ရက်များကို အမြဲတမ်းစစ်ဆေးပါ။
(၆) သက်ကြီးရွယ်အိုများသည် ဆေးဝါးများကို သုံးစွဲရာတွင် အထူးဂရုပြုသင့်သည်။ မှတ်ဉာဏ်ချို့ယွင်းမှု တစ်မျိုးမျိုး ခံစားနေရသူများသည် မမှန်ကန်သော ဆေးဝါးများကို သောက်သုံးနိုင်ခြင်းကြောင့် အနီးကပ်ကြီးကြပ်သင့်သည်။
(၇) ဆေးဝါးများ သိမ်းဆည်းရာတွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှု မရှိအောင်ထားသင့်ပါသည်။ ဆေးဝါးများကို ကလေးများနှင့် လက်လှမ်းမမီနိုင်အောင် အမြဲထားရန်အလွန်အရေးကြီးသည်။ ခရီးသွားမည် ဆိုပါက သုံးစွဲနေကျ ဆေးဝါးများ ယူဆောင်ခဲ့သင့်ပါသည်။
(၈) ဆေးနှင့်သက်ဆိုင်သည့် အရာတစ်ခုခုနှင့် ပတ်သက်၍ သံသယဖြစ်ပါက ပြနေကျ မိသားစုဆရာဝန်ထံမှ အကြံဥာဏ်တောင်းခံပါ။
(၉) ဆေးသောက်နေစဉ် အတောအတွင်းတွင် အရက်သောက်ခြင်း မပြုလုပ်သင့်ပါ။ထိုသို့ ပြုလုပ်ခြင်းသည် ကျန်းမာရေးအတွက်အန္တရာယ်ဖြစ်စေနိုင်ပါသည်
လူအများစုသည်ဆေးညွှန်းမပါသောဆေးများနှင့် စပ်ဆေးများကို သောက်သုံးပါက စိတ်ချရသည်ဟု ယူဆကြ သည်။ သို့သော်သူထိုသို့ သတိမထားမိသည့်အရာမှာ အချို့သောဆေးဝါးများည် အတူတကွသောက်သောအခါ တွင် အန္တရာယ်ရှိသော မူးယစ်ဆေးဝါး အဖြစ်သို့ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည့် အချက် ဖြစ်သည်။ ကိုလက်စထရောကို လျှော့ချပေးသည့်ဆေးများနင့် Antibiotic အမျိုးအစားအချို့ကို သောက်သုံးခြင်းသည် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်ပေါ်စေနိုင်သည်။
ဆေးအချို့ကို အလွန်အကျွံ သုံးစွဲခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ပျို့ချင်ခြင်းနှင့် ဝမ်းလျှောခြင်း စသည်တို့ကို ဖြစ်ပေါ်စေနိုင်သည်။ လုံခြုံစိတ်ချရသော ဆေးဝါးများကိုသာ သောက်သုံးခြင်းဖြင့် ကျန်းမာရေးအတွက် စိတ်ချလုံခြုံမှုကို ပေးစွမ်းစေနိုင်မည် ဖြစ်သည်။
crd photo- Shutterstock
sources - Netcare.Co.Za