Health

ရုံးမှာ အလုပ်လုပ်ရင်း အလွယ်တကူ ပြုလုပ်လို့ရမယ့် လေ့ကျင့်ခန်းများ

Read 495 times

By WMMH (Mizzy)

လေ့ကျင့်ခန်း ပုံမှန်လုပ်ချင်ပေမယ့် အလုပ်ချိန်ကြောင့် ပုံမှန်မလုပ်နိုင်သူတွေ၊ Gym ပုံမှန် မသွားနိုင်သူတွေအတွက် ဒီကနေ့မှာတော့ ကိုယ့်ရုံးရဲ့ စားပွဲခုံမှာပဲ အလွယ်တကူ ပြုလုပ်လို့ရမယ့် လေ့ကျင့်ခန်းလေးတွေကို ပြောပြပေးချင်ပါတယ်။ 

ပထမဆုံးအနေနဲ့ ထိုင်ခုံပေါ်ထိုင်ရင်း လေ့ကျင့်ခန်းမလုပ်ခင် အကြော အရင်လျှော့ပေးပါ။ 

လက်၂ဖက်ကို ခေါင်းနောက်ဖက်မှာချိတ်ပြီး ညာဘက်တံတောင်ကို ဘယ်ဘက်ဒူးနဲ့ ထိအောင်လုပ်ပါ။ ပြီးရင်တော့ ဘယ်ဘက်တံတောင်ကို ညာဘက်ဒူးနဲ့ ထိအောင်လုပ်ပါ။ ဘယ်ညာစုံ (၅)ကြိမ်ခန့် ပြုလုပ်ပေးပါ။  လေ့ကျင့်ခန်း လုပ်နေစဉ်အတွင်း ဗိုက်ကြွက်သားတွေကို ညှစ်ထားပေးပါနော်။ 

ခုံပေါ်မှာထိုင်ရင်း ခြေနှစ်ဖက်ကို ရှေ့သို့ ညီညီဆန့်ပြီး ဒူးနှစ်ဖက်ကို ရင်ဘတ်အထိ ဆွဲတင်ဆွဲချ ပြုလုပ်ကာ ဗိုက်ကြွက်သားတွေကို ညှစ်ထားပေးပါ။ အနည်းဆုံး (၁၀)ကြိမ်ခန့် ပြုလုပ်ပေးပါနော်။ 

လက်၂ဖက်ကို နားရွက်နောက်နား ထားပြီး ခါးရဲ့ အားကို အသုံးပြု၍ ဘယ်လှည့်၊ ညာလှည့် ပြုလုပ်ပေးပါ။ ဒါကိုလည်း (၁၀)ကြိမ်ခန့် ပြုလုပ်ပေးပါ။

မတ်တပ်ညီညီရပ်လျှက် ခါးထောက်ကာ ဘယ်ဘက်ခြေထောက်ကို ဘေးတိုက် ဖြေးဖြေးချင်း မ,တင်ပါ။ ထို့နောက် ညာဘက်ခြေထောက်ကို ဘေးတိုက် ဖြေးဖြေးချင်း မ,တင်ပါ။ တင်ပါးဘေးကြွက်သားရဲ့ အားကို အသုံးပြုပြီး ဘယ်ညာအစုံ (၅) ကြိမ် ပြုလုပ်ပေးပါ။ 

ပခုံးကြွက်သားကို အသုံးပြုပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ စက်ဝိုင်းပုံစံ လှုပ်ရှားပေးပါ။ ဘယ်ဝိုက်(၅)ကြိမ်၊ ညာဝိုက်(၅)ကြိမ် ပေါင်း (၁၀)ကြိမ် ပြုလုပ်ပေးပါ။ 

အားလုံး လုပ်ပြီးသွားရင်တော့ အကြောပြန်လျှော့ပေးပါနော်။ 

Source from snacknation.com  

 

Bookmark