By - Jae
ရန်ကုန်ပညာရေး တက္ကသိုလ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပထမနှစ်တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ထောက်ပံ့ရန် စိစစ်ရွေးချယ်မည် ဖြစ်ကြောင်း ဇူလိုင် ( ၂၈ ) တွင် ကြေညာထားသည်။
ရွေးချယ်ခံရသည့် ကျောင်းသားကျောင်းသူများကို တစ်လလျှင် ၃ သောင်းကျပ်ဖြင့် စုစုပေါင်း (၁၀) လ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
ပညာသင်ထောက်ပံ့ကြေး လျှောက်ထားလိုသူများသည် ရန်ကုန်ပညာရေး တက္ကသိုလ်၏ Website ဖြစ်သော အောက်ပါလင့်ခ်တွင် Download ရယူပြီး စာတိုက်မှ ဖြစ်စေ၊ ကိုယ်စားဖြင့် ဖြစ်စေ လိုအပ်သည်များနှင့်အတူ လျှောက်လွှာတင်သွင်းရမည် ဖြစ်သည်။
ကျောင်းသို့ ကိုယ်တိုင် လာရောက် လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံများကို ကျောင်းသားရေးရာဌာနတွင် အခမဲ့ထုတ်ယူနိုင်ပြီး ဩဂုတ်လ ၁၈ ရက်နေ့ နောက်ဆုံးထား၍ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်လွှာ တင်သွင်းရမည် ဖြစ်သည်။