Food & Drinks

သင်မသိသေးတဲ့ ရှာလကာရည်ရဲ့ ကောင်းကျိုးများ

Read 1214 times

ရှာလကာရည်လို့ပြောလိုက်ရင် မသိတဲ့အိမ်ရှင်မရယ်လို့ မရှိသလောက်ပါပဲ။ ရှာလကာရည်ကို ဟင်းချက်ရာမှာတင်မက အလှအပရေးရာ၊ သန့်ရှင်းရေးလုပ်တဲ့ နေရာတွေမှာ ထိရောက်စွာ အသုံးပြုလို့ရတယ်ဆိုတာ သင်သိပါသလား။ ဒီကနေ့မှာတော့ ရှာလကာရည်ကို ဟင်းချက်တာအပြင် အခြားအသုံးပြုလို့ရနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးလိုက်ချင်ပါတယ်။

  • သင့်ရဲ့ အိမ် သို့မဟုတ် ခြံထဲက မလိုအပ်တဲ့ မြက်ပင်တွေ၊ ရေညှိတွေကို ရှာလကာရည်နဲ့ လွယ်ကူစွာ ဖယ်ရှားလို့ရပါတယ်။

  • ခေါင်းလျှော်ရည်ထဲကို ရှာလကာရည်အနည်းငယ် ထည့်လျှော်ပေးခြင်းဖြင့် ပိုးသားလေးလို နူးညံ့ပြီး ပြောင်လက်နေတဲ့ ဆံကေသာကို ရရှိမှာဖြစ်ပါတယ်။
  • သင့်လက်မှာ စွဲနေတဲ့ ဆေးလိပ်နံ့တွေကို ဖျောက်ချင်ရင် ရှာလကာရည်နဲ့ လက်ဆေးလိုက်ပါ။
  • လက်သည်းနီထဲကို ရှာလကာရည် အနည်းငယ် ရောထည့်ပေးခြင်းဖြင့် အရောင်ကို ပိုမိုတာရှည်ခံစေနိုင်မှာ ဖြစ်ပါတယ်။
  • သင့်ရဲ့ကော်ဇောပေါ်မှာ တစ်ခုခုကြောင့် စွန်းထင်းပေကျံသွားတာမျိုး ရှိခဲ့ရင် တခြားအရာတွေထက် ရှာလကာရည်၊ သံပုယိုရည်တို့နဲ့ သန့်စင်ပေးခြင်းက ပိုမိုထိရောက်နိုင်တဲ့ အစွန်းချွတ်နည်းတစ်ခု ဖြစ်ပါတယ်။
  • သင့်ရဲ့ရေချိုးခန်းနဲ့ အိမ်သာကြွေပြားတွေကို ရှာလကာရည်နဲ့ ဆေးပေးခြင်းဖြင့် အသစ်အတိုင်း သန့်ရှင်းစင်ကြယ်နေစေပါတယ်။
  • သင့်ရဲ့ မျက်နှာလိမ်းခရင်မ်မှာ ပန်းသီးရှာလကာရည် အနည်းငယ် ထည့်ကာလိမ်းပေးခြင်းဖြင့် လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

  • ပန်းသီးရှာလကာကို ရေနဲ့ရောပြီး တိုနာလိုမျိုး အသုံးပြုပေးလိုက်ရင် သင့်မျက်နှာ အသားအရေ အရင်ကနဲ့ မတူပဲ ကြည်လင်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။
  • ဗောက်ရှိတဲ့သူတွေ အနေနဲ့ ရှာလကာရည်ကို ဦးရည်ပြားမှာ လိမ်းပေးခြင်းဖြင့် ဗောက်များရှင်းပြီး သန့်စင်တဲ့ ဦးရေပြားကို ရရှိမှာဖြစ်ပါတယ်။
  • သင့်အိမ်မီးဖိုချောင်ကို သန့်စင်ပြောင်လက် နေစေချင်ရင်တော့ သန့်ရှင်းရေးလုပ်တိုင်းမှာ ရှာလကာရည်ကို အသုံးပြုပေးလိုက်ပါ။

Source From Mandalay Directory

Bookmark