By-Jae
အသက်(၁၀)နှစ်ပြည့် (သို့) အသက်(၁၈)နှစ်ပြည့် တိုင်းရင်းသားများ နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားရာတွင် အောက်ပါအချက်များ လိုအပ်ပါသည်။
၁။ နိုင်ငံသား စိစစ်ရေး ကတ်ပြား လျှောက်ထားရာတွင် အသက် (၁၀) နှစ်ပြည့် လျှောက်ထားခြင်းဖြစ်ပါက လျှောက်ထားမည့်သူနှင့် မိဘ (သို့) အုပ်ထိန်းသူမှ လာရောက်ရမည်။အသက် (၁၈)နှစ်ပြည့် လျှောက်ထားခြင်းဖြစ်ပါက ကာယကံရှင်ကိုယ်တိုင် လာရောက်ရမည်။ထို့အပြင် လျှောက်ထားသူအမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း ၊အိမ်လက်ခံမူရင်းနှင့် မိတ္တူတစ်စောင် ပါရှိရမည်။
၂။ မျိုးရိုးစဉ်ဆက်ဇယား ဖြည့်စွက်ပြီးသော ရှေ့ပြေးလျှောက်လွှာ ပါရှိရမည်။
၃။ အသက်အတွက် ကျောင်း၊ ထောက်ခံချက် (သို့) မွေးစာရင်း မူရင်းနှင့် မိတ္တူ ပါရှိရပါမည်။
၄။ လျှောက်ထားသူ၏ မိဘ(၂) ပါးကိုင်ဆောင်ထားသော အထောက်အထားလက်မှတ် မူရင်းနှင့် မိတ္တူ ပါရှိရမည်။
၅။ ကာယကံရှင်၏ သွေးစစ်လက်မှတ် မူရင်း ပါရှိရမည်။
၆။ ရပ်ကွက်/ ကျေးရွာ အုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။
၇။ (ဝ.၈ လက်မ x ဝ.၈ လက်မ) အရွယ် ဓါတ်ပုံ (၄) ပုံ (မျက်မှန်မပါ) ပါရှိရမည်။
အသက် (၁၀) နှစ်မှ အသက် (၁၈) နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ရန် လျှောက်လွှာဖောင်

