ကိုရီးယား ဝက်သားဆလပ် အလွယ်ကူဆုံး ပြုလုပ်နည်း

Ads Ads Ads

By WMMH (Mizzy)

K Drama နဲ့ K POP ချစ်သူတို့ အသည်းစွဲဖြစ်တဲ့ ကိုရီးယားဝက်သားဆလပ် အလွယ်ကူဆုံး ပြုလုပ်နည်းလေးကို ဒီတစ်ပတ်မှာ ပြောပြပေးသွားချင်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ...

  • ဝက်မိုးခိုသား
  • ကိုရီးယား ဝက်သားနှပ် ဆော့စ်
  • နှမ်းအနည်းငယ်
  • ပဲငံပြာရည်အပျစ် အနည်းငယ်
  • နှမ်းဆီ အနည်းငယ်
  • ကင်မ်ချီ
  • ကြက်သွန်ဖြူ
  • ငြုပ်ပွတောင့်အရှည်
  • ဆလပ်ရွက်  

တို့ ပဲ ဖြစ်ပါတယ်။
ဝက်သားနှပ်ဆော့စ်ဘူးလေးကတော့ ကိုရီးယားပစ္စည်းတင်တဲ့ Supermarket တော်တော်များများမှာ ဝယ်လို့ရနိုင်ပါတယ်နော်။

ပါဝင်ပစ္စည်းတွေ စုံပြီဆိုရင်တော့ ဝက်သားဆလပ်လုပ်နည်း အဆင့်တွေကို စတင်ပါမယ်။

  • ပထမဆုံးအနေနဲ့ ဝက်မိုးခိုသားကို အပေါ်တည့်တည့်ကနေ မလှီးဘဲ ဓားကို တစောင်းလေးထားပြီး  လှီးပေးပါ။
  • လှီးပြီးသား မိုးခိုသားတွေကို ပဲငံပြာရည်အပျစ်၊ နှမ်းဆီ၊ ကိုရီးယား ဝက်သားနှပ်ဆော့စ်တို့နဲ့ အနည်းဆုံး ၁နာရီခန့် နယ်ထားပါ။
  • ၀က်သားနှပ်ထားတုန်းမှာ တွဲစားဖို့ ဆလပ်ရွက်၊ ငြုပ်ပွတောင့်နဲ့ ကြက်သွန်ဖြူတွေကို လှီးချွတ်ပြင်ဆင်ထားလိုက်ပါ။
  • ဒါပြီးရင်‌တော့ ဝက်သားကို စချက်လို့ ရပါပြီ။
  • ဝက်သားချက်တဲ့အခါ အရင်ဆုံး ဆီနည်းနည်းကို ဒယ်အိုးထဲထည့်ပါ။ ဒယ်အိုးက Non-stick အိုးသုံးပြီး ချက်ရင်  ပိုအဆင်ပြေပါလိမ့်မယ်။
  • အတုံးညီညီတုံးထားတဲ့ ဝက်သားပြားတွေကို ဆီပူနေတဲ့ အိုးပေါ်မှာ ညီညီစီပြီး ဖြန့်ထားပေးပါ။ မိုးခိုသားမို့ အကျက်မြန်ပါတယ်နော်။
  • ဟိုဘက်ဒီဘက် ဝက်သားကို ဟိုဘက်ဒီဘက်လှန်ပြီး ကိုယ်စားချင်တဲ့ အနေအထားထိရောက်အောင် ထားပါ။  လှန်နေရင်း ဆီပေါက်နိုင်တာမို့ သတိထားပါနော်။
  • ၀က်သားတွေ ကိုယ်လိုတဲ့ အနေအထားရောက်ပြီဆိုရင် ပန်းကန်လှလှလေးထဲ ပြောင်းထည့်ပြီး အပေါ်က နှမ်းလေးတွေ ဖြူးပေးလိုက်ပါ။
  • ပြီးရင်တော့ ဝက်သားနဲ့ တွဲစားဖို့ ရှမ်းဆန်ပူပူလေးရယ်၊ ဆလပ်ရွက်ရယ်၊ ကင်မ်ချီ၊ ငြုတ်ပွတောင့်နဲ့ ကြက်သွန်ဖြူလေးတွေကို ပန်းကန်လေးနဲ့ ထည့်ပြီး အရသာရှိလှတဲ့ ကိုရီးယား ဝက်သားဆလပ်ကို သုံးဆောင်လို့ ရပါပြီနော်။


ကဲ ဝက်သားဆလပ်လုပ်နည်းလေးလည်း သိရပြီဆိုတော့ ပိတ်ရက်တွေ အပြင်မှာ မုန့်လျှောက်စားရင်း အချိန်ကုန်မယ့်အစား အရသာရှိပြီး လွယ်ကူအဆင်ပြေတဲ့ ဝက်သားဆလပ်လေးကို သူငယ်ချင်းတွေနဲ့အတူ လုပ်စားဖို့ စဉ်းစားလိုက်တော့နော်။ 

ကိုယ့်ဘာကိုယ်လုပ်မစားချင်လို့ အပြင်မှာပဲ ဝယ်စားချင်တယ်ဆိုရင်လည်း ဝက်သားဆလပ်အပြင် ကိုရီးယားအစားအစာမျိုးစုံ ရရှိနိုင်မယ့် ဆိုင်လေးတွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုလည်း အောက်ပါလင့်ခ်မှာ ကြည့်ရှုလို့ ရပါတယ်နော်။ 

>>  https://bit.ly/2Xa83yJ  

Source From Nandar's Kitchen 

Eat & Drink Read 558 times





4% OFF
FLO Monitor Arms

The Flo family of monitor arms possesses both award winning aesthetic design and functionality

420000.00
403000.00
7 Days left
100% OFF
Embody Chair

Designed by Jeff Weber and Bill Stumpf for Herman Miller®

31000000.00
0.10
7 Days left