By-Jae
ယနေ့ခေတ်အခါတွင် အစားအစာများ ထုတ်ပိုးခြင်း၊ ရေသန့်ဘူးများ သုံးစွဲခြင်း၊ စားသောက်ဖွယ်ရာများ ထုတ်ပိုး သိမ်းဆည်းခြင်း စသည်တို့တွင် ပလတ်စတစ်များသည် ယခင်ကထက်ပို၍ အဆင်ပြေစေသော်လည်း ပလတ်စတစ်နှင့် ပုံမှန်ထိတွေ့ခြင်းသည် လူ့ခန္ဓာကိုယ်ကို ထိခိုက်မှုများစွာ ရှိစေသည်။
ပလတ်စတစ်ဖြင့် ထုတ်ပိုးထားသော အစားအသောက် ( ရေ၊ အချိုရည်... အစရှိသည့် ) တို့ကို ပူပြင်းသော နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့သောနေရာတွင် ကြာရှည်စွာ ထားပါက ပလက်စတစ်အတွင်းမှ ဓာတုပစ္စည်းများ စိမ့်ထွက်ပြီး အစားအသောက်နှင့် ရောနှောစေနိုင်သောကြောင့် ပလက်စတစ် အမှုန်များသည် အစားအစာမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်စေနိုင်သည်။
ထိုသို့ ဝင်ရောက်မှုများမှတစ်ဆင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးရောဂါ၊ အသည်းရောဂါ၊ အဆုတ်ရောဂါနှင့် ကင်ဆာကဲ့သို့ ရောဂါများကို ဖြစ်စေနိုင်သောကြောင့် ပလပ်စတစ်ဖြင့် ထုပ်ပိုးထားသော အစားအသောက်များကို ရှောင်ခြင်းဖြင့် မိမိကျန်းမာရေးကို စောင့်ရှောက်ရာရောက်မည် ဖြစ်ပေသည်။
ပလတ်စတစ် စားသောက်ကုန် ပစ္စည်းများကို သုံးစွဲခြင်းမှ ကာကွယ်ရန် အကြံပြုချက်များ အနေဖြင့် https://ecologycenter.org/ မှ ဖော်ပြထားသည်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ အစားအစာကို ဖန်ခွက် (သို့) သတ္တုဘူးများနှင့် ဝယ်ပါ။
၂။ Bisphenol A နှင့် Polycarbonate သောက်သုံးပုလင်းများကို ရှောင်ပါ။
၃။ အစားအစာကို ပလပ်စတစ်ဗူးများနှင့် ပလက်စတစ်ထုပ်များတွင် အစားအစာများ သိမ်းဆည်းခြင်းကို ရှောင်ပါ။
၄။ ကလေးငယ်များအား ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ကစားစရာများ ပေးမဆော့ပါနှင့်။
၅။ အိပ်ရာခင်းနှင့် ပရိဘောဂများကို အသုံးပြုပါ။
၆။ PVC နှင့် Styrene ထုတ်ကုန်များအားလုံး ရှောင်ကြဉ်ပါ။
ထိုအကြံပြုချက်များကို လိုက်နာခြင်းအားဖြင့် ပလတ်စတစ်မှ ဖြစ်စေနိုင်သော ရောဂါများကို ကာကွယ်နိုင်မည် ဖြစ်ပြီး မိမိကျန်းမာရေးနှင့် မိသားစုကျန်းမာရေးကို အလေးထားရာ ရောက်ပေမည်။