Education

၂၀၂၀ ခုနှစ် ၁၀ တန်း အောင်စာရင်းကို အွန်လိုင်းမှ လွယ်ကူစွာ တိုက်ရိုက်ကြည့်ရှုနိုင်မည်

Read 8520 times

By WMMH (Mizzy)

မြန်မာနိုင်ငံတွင် Covid-19 ဖြစ်ပွားခါစက ရပ်တန့်ထားခဲ့ရသော တက္ကသိုလ်ဝင်တန်း စာမေးပွဲရလဒ်များကို သြဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်တော့မည်ဟု ကြေညာချက်များအရ သိရသည်။

ဆယ်တန်းဖြေဆိုထားသော ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ကြည့်ရှုလိုသူ မိဘပြည်သူများအတွက် Online မှတဆင့် အောင်စာရင်းများကို အလွယ်တကူ ကြည့်ရှုနိုင်ရန်  Myanmar Education Guide Website တွင် စီစဉ်ပေးထားလျက် ရှိသည်။ 

မြန်မာနိုင်ငံတဝန်းလုံးရှိ ဆယ်တန်းအောင်စာရင်း ကြည့်ရှုလိုသူများအနေဖြင့် The Myanmar Education Guide Website ( www.edge.com.mm ) မှတစ်ဆင့် အောင်စာရင်းများကို မိမိအိမ်တွင် Phone သို့မဟုတ် Laptop ရှိရုံဖြင့် လွယ်ကူအဆင်ပြေစွာ တိုက်ရိုက် ကြည့်ရှုနိုင်မည် ဖြစ်သည်။ 

အောင်စာရင်းများ တိုက်ရိုက်ကြည့်ရှုနိုင်ရန် … 

  • ရှေးဦးစွာ Phone သို့မဟုတ် Laptop Browser မှတစ်ဆင့် www.edge.com.mm သို့ ဝင်ပါ။
  • Website ထဲ ရောက်ရှိပြီး အောက်သို့ အနည်းငယ်ဆင်းလိုက်ပါက “ ၂၀၂၀ ခုနှစ် - တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း မာတိကာ “ ဟူသော ခေါင်းစဉ်ဖြင့် Post တစ်ခုကို တွေ့ရပါလိမ့်မည်။
  • ထို Post ၏ပုံကို တစ်ချက်ထိပြီး ဝင်ရောက်လိုက်ပါက‌ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခုအပါအဝင် နိုင်ငံခြားမှ ဖြေဆိုသူများပါ ဝင်ရောက်ကြည့်ရှုနိုင်ရန် Button များဖြင့် ဖော်ပြပေးထားသည်ကို တွေ့ရမည် ဖြစ်သည်။ 
  • ထို့နောက် မိမိကြည့်ရှုလိုသော တိုင်း သို့မဟုတ် ပြည်နယ်ကို တစ်ချက်နှိပ်၍ ဝင်ရောက်ပါ။
  • စာစစ်ဌာနများကို မြို့နယ်များဖြင့် အစဉ်လိုက် တွေ့ရှိနိုင်မှာ ဖြစ်ပြီး မိမိဖြေဆိုသော စာစစ်ဌာန၏ မြို့နယ်ကို Click နှိပ်၍ ရွေးချယ်ပါ။
  • ပြီးနောက် မိမိဖြေဆိုထားသော ကျောင်းကို ရွေး၍ Click တစ်ချက်နှိပ်လိုက်ရုံဖြင့် အောင်စာရင်းများကို အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။ 

ယခုလို Covid ကာလတွင်  ထိတွေ့မှုကင်းရှင်းပြီး လွယ်ကူအဆင်ပြေစွာ အောင်စာရင်းများကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ရန် Myanmar Education Guide မှ Online Exam Result ကို စီစဉ်ပေးထားခြင်း ဖြစ်သည်။  

မြန်မာနိုင်ငံတွင် Covid - 19 ကြောင့် ကျောင်းများ၊ ရုံးများနှင့် လုပ်ငန်းအချို့ ရပ်ဆိုင်းထားရာမှ လက်ရှိတွင် တကျော့ပြန် လည်ပတ်စပြုနေပြီ ဖြစ်သည်။ 

Myanmar Education Guide တွင် ဆယ်တန်းစာမေးပွဲ အောင်စာရင်းများအပြင် တက္ကသိုလ်ကျောင်းသားများ၊ ပြင်ပသင်တန်း လေ့လာချင်သူများအတွက် ပညာရေးနှင့် ပတ်သက်သော အကြောင်းအရာများနှင့် သတင်းအစုံအလင်ကိုလည်း အချိန်နှင့်တပြေးညီ ရှာဖွေဖတ်ရှုနိုင်ပါသည်။ 

Bookmark