By-Jae
ဇူလိုင်လ ၁ ရက်နေ့တွင် အခေါက်ရွှေစျေးနှုန်းသည် ၁,၂၁၇,၀၀၀ ကျပ် ရှိခဲ့ရပြီး ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် ရွှေဈေးသည် ၆ သောင်းကျော်ခန့် မြင့်တက်လာခဲ့ကြောင်း အောင်သမာဓိရွှေဆိုင်၏ နေ့စဉ် ထုတ်ပြန်သည့် ရွှေဈေးနှုန်းများအရ သိရသည်။
လက်ရှိတွင် အခေါက်ရွှေစျေးနှုန်းသည် တစ်ကျပ်သားလျှင် ၁,၂၇၈,၀၀၀ ကျပ်၊ ၁၅ ပဲရည်ရွှေစျေးနှုန်းသည် တစ်ကျပ်သားလျှင် ၁,၂၀၂,၈၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေစျေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၈၇၀ ထိ မြင့်တက်လာခဲ့သည်။
ဇူလိုင်လ ပထမပတ်တွင် အခေါက်ရွှေစျေး ၁,၂၇၈,၀၀၀ ကျပ်၊ ၁၅ ပဲရည်ရွှေဈေး ၁,၁၆၀,၉၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေစျေး ၁,၇၉၄ ဒေါ်လာအထိ အမြင့်ဆုံးရှိခဲ့ပြီး အခေါက်ရွှေစျေး ၁,၂၁၇,၀၀၀ ကျပ်၊ ၁၅ ပဲရည်ရွှေဈေး ၁,၁၄၅,၄၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေစျေး ၁,၇၆၈ ဒေါ်လာအထိ အနိမ့်ဆုံးရှိခဲ့သည်။
ဇူလိုင်လ ဒုတိယပတ်တွင် အခေါက်ရွှေစျေး ၁,၂၃၆,၀၀၀ ကျပ်၊ ၁၅ ပဲရည်ရွှေစျေး ၁,၁၆၃,၃၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေစျေး ၁,၈၀၈ ဒေါ်လာအထိ အမြင့်ဆုံးရှိခဲ့ပြီး အခေါက်ရွှေစျေး ၁,၂၃၃,၅၀၀ ကျပ်၊ ၁၅ ပဲရည် ရွှေစျေး ၁,၁၆၃,၃၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေစျေး ၁,၇၉၉ ဒေါ်လာအထိ အနိမ့်ဆုံးရှိခဲ့သည်။
ဇူလိုင်လ တတိယပတ်တွင် အခေါက်ရွှေစျေး ၁,၂၈၃,၀၀၀ ကျပ်၊ ၁၅ ပဲရည်ရွှေစျေး ၁,၂၀၇,၅၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေစျေး ၁,၈၇၀ ဒေါ်လာအထိ အမြင့်ဆုံးရှိခဲ့ပြီး အခေါက်ရွှေစျေး ၁,၂၄၃,၀၀၀ ကျပ်၊ ၁၅ ပဲရည် ၁,၁၆၉,၉၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေစျေး ၁,၇၉၈ ဒေါ်လာအထိ အနိမ့်ဆုံးရှိခဲ့သည်။