Business

ဗိုလ်ချုပ်အောင်ဆန်းပုံ ပါရှိသည့် ၅၀၀ ကျပ်တန်ကို ဇူလိုင် (၁၉) တွင် ဖြန့်ချီမည်

Read 907 times

By-Jae

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူ (၅၀၀) ကျပ်ငွေကို ထုတ်ဝေမည်ဟု  ကြေညာထားသည်။

ငွေစက္ကူ၏ အရှေ့ဘက်ခြမ်းတွင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ထားရှိပြီး အနောက်ဖက်တွင်  မြန်မာဗဟိုဘဏ်၏ အဆောက်အအုံပုံဖြင့် ပုံနှိပ်ထားသည်။

ငွေစက္ကူအသစ်၏ အရွယ်အစားမှာ 150 mm ရှိပြီး အကျယ် 70 mm ရှိပြီး အရောင်မှာ နီညိုရောင် ဖြစ်ကာ ငွေစက္ကူအသစ်တွင် မြန်မာနိုင်ငံ ဗဟိုဘဏ်၏ အမှတ်အသားကို အသုံးပြုထားသည်။

ငွေစက္ကူ ဘယ်ဘက်တွင် မြန်မာနံပါတ်များ ဖော်ပြထားပြီး ညာဘက်တွင် ဒေါင်လိုက် အင်္ဂလိပ်ဂဏန်းများ ပါရှိသည်။

ငွေစက္ကူ၏ ဘယ်ဘက်နှင့် ညာဘက်ထောင့်များတွင် အထူးသဖြင့် အမြင်အာရုံ ချို့တဲ့သူများပါ အလွယ်တကူ အသုံးပြုနိုင်အောင် ဖောင်းကြွ ပြုလုပ်ပေးထားသည်။

အဆိုပါ ၅၀၀ ကျပ်တန် ငွေစက္ကူအသစ်ကို ဇူလိုင်လ (၁၉) ရက်နေ့တွင် ထုတ်ဝေမည် ဖြစ်ပြီး ဇူလိုင်လ (၂၁) တွင် ပြည်သူလူထုထံသို့ ဖြန့်ဝေပေးသွားမည် ဖြစ်သည်။

Bookmark