Yangon Trend

၁၇၈ ဘီလီယံခန့် အကုန်ကျခံ၍ ပြန်လည်တည်ဆောက်မည့် ကြို့ကုန်းအိမ်ရာစီမံကိန်း

Read 541 times

By-Jae

အင်းစိန်မြို့နယ်အတွင်းရှိ ကြို့ကုန်းအိမ်ရာကို တိုင်းဒေသကြီး အစိုးရ၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်များနှင့် စာချုပ် ချုပ်ဆိုပြီးပါက ငွေကျပ် ၁၇၈ ဘီလီယံခန့် အကုန်အကျခံပြီး ဒီဇိုင်းအသစ်ဖြင့် ပြန်လည် တည်ဆောက်မည်  ဖြစ်ကြောင်း သီလဝါအများပိုင်ကုမ္ပဏီ (MTSH) မှ ထုတ်ပြန် ကြေညာခဲ့သည်။

ကြို့ကုန်းအိမ်ရာသည် အင်းစိန်လမ်းမနှင့် ဗဟိုလမ်းမဘေးတွင် တည်ရှိပြီး အကျယ်အဝန်း ၁၇ ဧကခန့်ရှိပြီး ပြန်လည် တည်ဆောက်ပြီးပါက တန်ဖိုးသင့်၊ တန်ဖိုးမျှအိမ်ရာများအပြင် ဈေးဝယ်စင်တာများ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ၊ ပန်းခြံများ၊ ကျန်းမာရေးစင်တာများနှင့် ကားပါကင်များ ပါဝင်မည် ဖြစ်သည်။

အိမ်ရာလုပ်ငန်း အကောင်အထည် စတင်ပါက အိမ်ရာအဟောင်းများကို ဖြိုချပြီး လက်ရှိနေထိုင်သူများအနေဖြင့် နေရာမှ ဖယ်ရှားပေးရမည် ဖြစ်ကာ ဆောက်လုပ်ပြီးစီးသွားသည့်အချိန်တွင် မဲစနစ်ဖြင့် ပြန်လည် နေရာချထားပေးမည် ဖြစ်သည်။

အိမ်ရာဆောက်လုပ်ပြီးစီးပါက တန်ဖိုးသင့်၊ တန်ဖိုးမျှ အိမ်ရာခန်းများ ရရှိစေရန်နှင့် အဆောက်အအုံ အရည်အသွေး၊ ကြံ့ခိုင်မှုရှိရေးတို့ကိုလည်း  စိစစ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ကြို့ကုန်းအိမ်ရာ ပြန်လည် အဆင့်မြှင့်တင်တည်ဆောက်ရန်အတွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင် တင်ဒါခေါ်ယူခဲ့ရာ သီလဝါအများ ပိုင်ကုမ္ပဏီ (MTSH)မှ တင်ဒါအောင်မြင်ခဲ့သည်။ အဆိုပ  တင်ဒါစိစစ်ရွေးချယ်ခြင်းကို Yangon Metropolitan Development အများပိုင်ကုမ္ပဏီက ဆောင်ရွက်ခဲ့သည်။

ရန်ကုန်မြို့ ၁၉၅၂ ခုနှစ်ခန့်တွင် တည်ဆောက်ခဲ့သော ဦးဝိစာရအိမ်ရာ၊ ဖဆပလအိမ်ရာ၊ ရန်ကင်း ၁၂ လုံးတန်းအိမ်ရာနှင့် ကြို့ကုန်းအိမ်ရာများသည် အငှားအိမ်ရာစီမံကိန်များအဖြစ် တည်ဆောက်ခဲ့သော အိမ်ရာများ ဖြစ်သည်။

Bookmark