By-Jae
Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ရန်အတွက် မူကြိုကျောင်းများ အားလုံးအား ဇူလိုင်လကုန်အထိ ပိတ်ထားရန် လူမှု၀န်ထမ်းဦးစီးဌာနမှ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
လူမှု၀န်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော မူလတန်းကြိုကျောင်းများ၊ နေ့ကလေးထိန်းဌာနများ၊ ပုဂ္ဂလိက မူလတန်းကြိုကျောင်းများ အပါအဝင် ပုဂ္ဂလိက နေ့ကလေးထိန်းကျောင်းများကိုလည်း ဇူလိုင်လ (၁၅) ရက်နေ့မှ ဇူလိုင်လ (၃၁) ရက်အထိ ရက်တိုးမြှင့်၍ ပိတ်ထားရမည် ဖြစ်သည်။
Covid-19 ကာကွယ်၊ ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ အသိပေးကြေညာချက်အရ အစိုးရနှင့် ပုဂ္ဂလိက မူကြိုကျောင်းများအား Covid-19 စတင် ဖြစ်ပွားခဲ့သည့် မတ်လ (၁၆) ရက်နေ့မှစပြီး ပိတ်ထားခြင်း ဖြစ်သည်။
အဆိုပါ မူလတန်းကျောင်းများ ပြန်လည်ဖွင့်လှစ်မည့်နေ့ကိုမူ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ကြေညာထားသည်။