By-Jae
ဂျပန်နိုင်ငံက Guyana, Cuba, Guatemala, Grenada, Costa Rica, Jamaica, Nicaragua, Haiti, Saint Vincent and the Grenadines, Algeria, Eswatini, Cameroon, Senegal, Central African Republic, Mauritania, Iraq, Lebanon နှင့် Georgia အပါအဝင် နိုင်ငံပေါင်း (၁၂၉) နိုင်ငံမှ ခရီးသွားများဝင်ရောက်ခြင်းကို ဇူလိုင်လကုန်အထိ ပိတ်ပင်ထားကြောင်း ဂျပန်နိုင်ငံလူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်များမှ ကြေညာခဲ့သည်။
ယခုနှစ်အစောပိုင်းက ဖြစ်ပွားခဲ့သည့် (Covid-19) ရောဂါကူးစက်မှု စတင်ကတည်းက ဂျပန်သို့ ခရီးသွားလာခြင်းသည် တဖြည်းဖြည်းချင်း လျော့ကျလာခဲ့ပြီး အစိုးရမှ ထုတ်ပြန်သော အချက်အလက်များအရ မေလတွင် ခရီးသွား ဧည့်သည်သည် ယခင်နှစ်ကထက် ၉၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ဇွန်လတွင် လူပေါင်း (၁၅၀) ပါသော စင်းလုံးငှားလေယာဉ်ဖြင့် ဗီယက်နမ်သို့ ပျံသန်းမှုများ တစ်စိတ်တစ်ပိုင်း ပြန်လည် စတင်ခဲ့သည်။
ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ဂျပန်နိုင်ငံပြင်ပတွင် ထုတ်ပေးသည့် ဗီဇာများကို ဇူလိုင်လကုန်အထိ ယာယီရပ်ဆိုင်းရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
Coronavirus ( Covid-19) ရောဂါပြန့်ပွားမှုကို တားဆီးရန်အတွက် ခရီးသွားလာခွင့် ကန့်သတ်ချက်များကို လျှော့ချရန်အတွက် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်အပါအ၀င် နိုင်ငံပေါင်း (၁၀) နိုင်ငံနှင့် ဆွေးနွေးမှုများ စတင်ရန် စီစဉ်နေကြောင်း ဂျပန်အစိုးရ သတင်းရပ်ကွက်များက ဇူလိုင် (၁၀) ရက်နေ့တွင် ပြောကြားခဲ့သည်။
ဆွေးနွေးပွဲများအရ ဘရူနိုင်း၊ မြန်မာနှင့် လာအိုစသည့် နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များကို ဝင်ရောက်ခွင့်ပြုခြင်းကို ဦးစားပေးမည်ဟု မျှော်လင့်ရသည်။