မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ညနေအထိ ခန့်မှန်းချက်များအရ…
ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊
နေပြည်တော်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်
ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည် ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့် ရှိကြောင်း သိရသည်။
မြန်မာ့ပင်လယ်ပြင်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် / မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၃၀) မှ (၃၅) မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉) ပေခန့် ရှိနိုင်ပါသည်။
နောက် (၂) ရက်အတွက် ခန့်မှန်းချက်။
မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိမည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပါသည်။
နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။
နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့်ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက် မနက်ဖန်နံနက်အထိခန့်မှန်းချက်။
မိုးအသင့်အတင့် ထစ်ချုန်းရွာမည်၊၊ရွာရန် ရာနှုန်းပြည့်ဖြစ်ပါသည်။
မန္တလေးမြို့နှင့် အနီးတစ်ဝိုက် မနက်ဖန်နံနက်အထိခန့်မှန်းချက်။
နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ရွာရန်နှုန်း(၈၀) ဖြစ်ပါသည်။