By WMMH (Mizzy)
အားလပ်ရက်၊ ရုံးပိတ်ရက်တွေဟာ ကိုယ်ပိုင်အနားယူချိန်အပြင် ကိုယ့်မိသားစု၊ ကိုယ်ချစ်ရတဲ့သူတွေအတွက် အချိန်ပေးဖို့ အကောင်းဆုံးပါပဲ။ တစ်ပတ်တာ အလုပ်ခွင်မှာ ပင်ပန်းခဲ့သမျှ ပိတ်ရက် ကိုယ်ပိုင်အချိန်လေးမှာ ကိုယ်ချစ်ရတဲ့ သူတွေနဲ့အတူ ပျော်ပျော်ပါးပါး ရယ်ရယ်မောမော စားသောက်ကြရင်း လူရော စိတ်ပါ ပြန်လည်လန်းဆန်းအောင် ပြုလုပ်သင့်ပါတယ်။
ကောင်းမွန်တဲ့ အစားအသောက်တွေဟာ လူတို့ရဲ့ စိတ်နှလုံးကို ပျော်ရွှင်စေတယ်လေ။ ဒါကြောင့် ပိတ်ရက်တွေမှာ မိသားစုဝင်တွေနဲ့ အတူတကွ စားသောက်လို့ရမယ့် ဆိုင်ကောင်းလေးတွေကို ညွှန်းပေးလိုက်ချင်ပါတယ်။
(၁) ရွှေဘဲ စားသောက်ဆိုင်
နှစ်ပေါင်း ၄၀ကျော် သက်တမ်း ရှိပြီဖြစ်တဲ့ ရွှေဘဲစားသောက်ဆိုင်ဟာ အစားအသောက် Quality ပိုင်းရော Service အပိုင်းမှာပါ Customer များကို စိတ်ကျေနပ်မှုပေးနိုင်ဆဲ ဖြစ်တဲ့ ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ ဆိုင်ခွဲများစွာရှိပြီး Menu အမျိုးအစားစုံလင်စွာ ရရှိနိုင်တာမို့ မိသားစုတွေ အတူတကွ သွားရောက်စားသုံးဖို့ သင့်တော်တဲ့ ဆိုင်လေးတစ်ဆိုင်ပါပဲ။
ဆိုင်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်။

(၂) AKA Myanmar
ကိုယ့်မိသားစုထဲမှာ အကင်ကြိုက်တတ်တဲ့သူ၊ အစားကြီးတဲ့ သူ ရှိတယ်ဆိုရင်တော့ အသားကင်ကိုမှ အရသာမျိုးစုံ ရှိပြီး စိတ်ကြိုက်အဝစားလို့ရတဲ့ AKA Myanmar က အသင့်တော်ဆုံးပါပဲ။ Buffet Set တွေကိုလည်း ဈေးနှုန်းအလိုက် ရွေးလို့ရသေးတာဆိုတော့ ချွေတာချင်သူတွေလည်း စိတ်ကြိုက် ဈေးနှုန်းလေးကို ရွေးချယ်စားသံုံးလို့ ရပါတယ်။
ဆိုင်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်။

(၃) Two Red Bowls Hotpot
ကိုယ်ချစ်ရတဲ့ သူတွေကို အားရက်လေးမှာ အရသာရှိတဲ့ အစားအသောက်တွေကိုပဲ ကျွေးချင်တယ်ဆိုရင်တော့ Two Red Bowls Hotpot ဆိုင်လေးက သင့်တော်ပါတယ်။ Premium Soup Base တွေနဲ့ Premium အသားလွှာတွေကို အဟာရပြည့်ဝစွာ အရသာရှိရှိ သုံးဆောင်နိုင်မယ့် ဆိုင်လေးပဲ ဖြစ်ပါတယ်။ ဈေးနှုန်းသက်သာပြီး Premium Quality ပေးနိုင်တာကြောင့် တော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ ဆိုင်လေးတစ်ဆိုင်ပါပဲ။
ဆိုင်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်။

(၄) The Spicy House
ပူပူစပ်စပ် မာလာရှမ်းကောကို ကိုယ့်သူငယ်ချင်းတွေနဲ့ အတူ လက်ရည်တစ်ပြင်တည်း စားဖို့ ကောင်းတဲ့ ဆိုင်လေးပါပဲ။ The Spicy House က မြန်မာနိုင်ငံရဲ့ ပထမဆုံး မာလာရှမ်းကောဆိုင်လို့ ပြောလို့ ရသလို အရသာပိုင်းမှာလည်း သူမတူတဲ့ Quality ကို ထိန်းထားနိုင်တာကြောင့် ကောင်းမွန်တဲ့ အရသာကို ချစ်သူခင်သူတွေနဲ့ အတူတူ မျှဝေစားသုံးဖို့ The Spicy House ကိုလည်း ညွှန်ပေးလိုက်ပါတယ်နော်။
ဆိုင်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်။

(၅) The Pizza Company
ထမင်းဟင်းတွေလို Heavy Food မျိုးတွေထက် အဖွဲ့လိုက် ပေါ့ပေါ့ပါးပါး စားလို့ရတဲ့ အစားအသောက်ဆိုရင် Pizza ပဲပေါ့။ ညနေခင်းဘက် ကိုယ့်လူတွေနဲ့ Pizza လေးကိုက်လိုက် Cola လေး ငုံလိုက် စကားပြောလိုက် နဲ့ တစ်ကယ့်ကို Stress တွေ ပြေပျောက်စေမှာ အမှန်ပါပဲနော်။
ဆိုင်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်။

အခြားစားသောက်ဆိုင်များရဲ့ ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်။