Food & Drinks

ချက်ချင်းမှာ ချက်ချင်းပို့ ချက်ချင်းစားလို့ရမယ့် ရေနံ့သာ ဝက်သားတုတ်ထိုး

Read 1144 times

By WMMH (Mizzy) 

တုတ်ထိုးဆို ကောင်းမှ သန့်မှ ဆိုတဲ့ Foodie တို့အတွက် အရသာရှိပြီး လက်ရာသန့်တဲ့ ရေနံ့သာ ဝက်သားတုတ်ထိုးအကြောင်း ပြောပြချင်ပါတယ်။ 

သူက သုဝဏ္ဏမှာ တုတ်ထိုးဆိုင်လေးဖွင့်ထားပြီး အခုဆိုရင် အိပ်တိုင်ရာရောက် လိုက်ပို့ပေးတဲ့ Delivery လည်း ရှိနေပါပြီ။

ပထမဆုံးအနေနဲ့ ထုတ်ပိုးမှုပုံစံက ... 

သာမန်ဆိုင်မျိုးတွေလို ကျွတ်ကျွတ်အိတ်တွေ၊ ဖော့ဗူးတွေနဲ့ မဟုတ်ဘဲ အထားခံတဲ့ ကော်အကြည်ဗူးလေးတွေနဲ့ သပ်သပ်ရပ်ရပ်လေး ထုတ်ပိုးပေးထားတယ်။ တုတ်ထိုးကသပ်သပ် ၂ဗူး၊ အချဉ်က တစ်ဗူး၊ ဟင်းရည်က တစ်ဗူးအပြင် အချဉ်ရည်ထဲထည့်ဖို့ ငရုတ်သီးတွေနဲ့ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းစတဲ့အထုတ်ကလေးကလည်း တသီးတသန့် ထုတ်ပေးထားတာမို့လို့ စနစ်တကျရှိပြီး သန့်ရှင်းတယ်လို့ ခံစားရစေပါတယ်။ 

၁သောင်းခွဲတန် ဝက်သားတုတ်ထိုးရဲ့ ပါဝင်မှုကတော့ အံသြစရာကောင်းလောက်အောင်ပါပဲ။ ဝက်ရဲ့ အကောင်းဆုံးအစိတ်အပိုင်းတွေ ဖြစ်တဲ့ နှလုံး၊ အချင်း၊ နို့အုံသား၊ လျှာ၊ နားရွက်၊ အရိုးနု၊ အာခေါင်၊ သုံးထပ်သား နဲ့ အသားတွေအပြင် ရေနံ့သာရဲ့ နာမည်အကြီးဆုံးကတော့ ကောက်ညှင်းတွေ အစာသွပ်ထားတဲ့ ဝက်အူပိတ်ပါ။ အရမ်းအရသာရှိပြီး လူ၄ယောက် ဗိုက်ရိုက်စားလို့ရတဲ့ အထိပါပဲနော်။ 

Service အပိုင်းအနေနဲ့ တုတ်ထိုး delivery မှာ ဖို့ ဖုန်းဆက်တာနဲ့ ဆိုင်ရှင်ကိုယ်တိုင် သေသေချာချာ Order လက်ခံပြီး Deli Fees တွေကိုလည်း သာမန်ထက် သက်သာတဲ့ နှုန်းနဲ့ လာပို့ပေးပါတယ်။ ဒီနေ့မှာ ဒီနေ့တန်းရတဲ့ အပြင် လာပို့တဲ့ အချိန်က ၁နာရီခွဲအတွင်း အရောက် လာပို့ပေးနိုင်တာမို့  Customer Service ကလည်း အရမ်းကောင်းပါတယ်။ 

ချုံပြောရရင်တော့ အင်မတန်ထူးခြားကောင်းမွန်တဲ့ အရသာနဲ့ Service အထိ အပြည့်အ၀ ကောင်းမွန်တဲ့ ဆိုင်လေးမို့ အနည်းဆုံးတစ်ခေါက်လောက်တော့ မှာစားကြည့်သင့်တဲ့ ဆိုင်လေးပါပဲနော်။

ဆိုင်လေးရဲ့ ဖုန်းနံပါတ်က - 09 788 855 055 ကိုဆက်သွယ်ပြီး မှာယူလို့ ရသလို ဆိုင်အထိ သွားရောက်စားသုံးချင်တယ်ဆိုရင်တော့ လိပ်စာလေးက ရေစက်မှတ်တိုင်၊ ရေနံ့သာဈေး ဝင်ပေါက်၊ ရေနံ့သာလမ်းမကြီးအနီး၊ ၂၄ရပ်ကွက်၊ သုဝဏ္ဏမှာ သွားရောက်စားသုံးလို့ ရပါတယ်။

တုတ်ထိုးခရေဇီ သူငယ်ချင်းများကိုလည်း အချင်းချင်းလက်တို့ပြီး Try ကြည့်ကြပါဦးနော်။

Bookmark