By - WMMH (Mizzy)
Thai Food ဆိုတာနဲ့ ဘန်ကောက်ညဈေးက ချဉ်ချဉ်စပ်စပ် ပင်လယ်စာအထောင်းစုံကို အရင်ဆုံး ပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။
ထိုင်းနိုင်ငံရောက်ပြီး Thai Street Food ကိုမှ မစားလိုက်ရရင် ဘန်ကောက်သွားရတာ မတန်ဘူးလို့ ဆိုလေ့ရှိတဲ့အထိ နာမည်ကြီး လူကြိုက်များတဲ့ စားစရာတွေကတော့ ယိုးဒယားသင်္ဘောသီးထောင်း၊ ပင်လယ်စာ အထောင်းစုံ၊ ပင်လယ်စာဗန်းကြီး နဲ့ အခြားသော ယိုးဒယားအသုပ်စုံ တို့ပဲ ဖြစ်ပါတယ်။
ဒီလို ယိုးဒယားစာကောင်းကောင်းကိုမှ တောင့်တနေသူ Foodie တို့အတွက် ယိုးဒယားအစားအစာ ကောင်းကောင်း ရရှိနိုင်မယ့် ဆိုင်လေး (၇) ဆိုင် အကြောင်းကို ပြောပြပေးချင်ပါတယ်။
(၁) Yun Thai
ရှူးရှူးရှဲရှဲ ပင်လယ်စာဗန်းကြီးနဲ့အတူ ထိုင်းအစားအစာ သီးသန့်စားချင်သူတွေအတွက် အကောင်းဆုံး ဆိုင်လေးတစ်ဆိုင် ဖြစ်ပါတယ်။ သူ့ဆိုင်မှာ နာမည်ကြီးတဲ့ အဓိက အစားအသောက်တွေကတော့ စပယ်ရှယ် အစုံဗန်း၊ ရေဘဝဲ Salad၊ ငါးကြွပ်ဆတ်နဲ့ ငါးသံပုရာပေါင်းတို့ပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ပူပူစပ်စပ်တွေ စားပြီး အချိုတည်းဖို့ကလည်း ငချိတ်အုန်းနို့၊ ကန်စွန်းအုန်းနို့ စတဲ့ ချိုချိုအီအီ မုန့်မျိုးစုံလည်း ရှိပါသေးတယ်။
ဒီဆိုင်လေးရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကိုတော့ အောက်က Link မှာ ကြည့်ရှုနိုင်ပါတယ်။
.jpg)
(၂) My Siam
သူ့ဆိုင်မှာ နာမည်အကြီးဆုံးကတော့ ကုန်ထမ် လို့ခေါ်တဲ့ ပုဇွန်အပြည့် သံပုံးကြီးပါပဲ။ အဖြူရောင်စားပွဲပေါ်မှာ သံပုံးကြီး မှောက်ချပြီး လက်အိတ်တွေနဲ့ အားရပါးရ စားရတာမျိုးပါ။ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါးစားဖို့ သင့်တော်တဲ့ ဆိုင်လေးပါပဲ။
ဒီဆိုင်လေးရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကိုတော့ အောက်က Link မှာ ကြည့်ရှုနိုင်ပါတယ်။

(၃) Boat Noodle Myanmar
Boat Noodle ဆိုတာနဲ့ ပန်းကန်သေးသေးလေးတွေ ဆင့်ထားတဲ့ စားပွဲကို အလိုလို ပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။ ဒီဆိုင်မှာ Thai Street Food မျိုးစုံကို တစ်နေရာထဲမှာ ရရှိနိုင်ပြီး စျေးနှုန်းလေးတွေကလည်း အံ့သြလောက်စရာ ကောင်းအောင် သင့်တင့်တာမျိုးမို့ Try ကြည့်သင့်တဲ့ ဆိုင်ပါပဲနော်။
ဒီဆိုင်လေးရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကိုတော့ အောက်က Link မှာ ကြည့်ရှုနိုင်ပါတယ်။

(၄) Thai Pot
ဒီဆိုင်လေးကတော့ ထူးထူးထွေထွေ ပြောပြစရာ လိုမယ်မထင်ပါဘူး။ ယိုးဒယားအသားကင် အစုံကို ဘူဖေး စားလို့ ရတဲ့ ဆိုင်လေးဆိုတော့ အသားကင်ကို အမျိုးအစား အစုံအလင်နဲ့ မဝမချင်း စားလို့ရတာမျိုး ရွေးချင်ရင်တော့ Thai Pot က အသင့်တော်ဆုံးပါပဲ။
ဒီဆိုင်လေးရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကိုတော့ အောက်က Link မှာ ကြည့်ရှုနိုင်ပါတယ်။
(၅) Thai 47
ဒီဆိုင်လေးက စျေးနဲနဲမြင့်ပေမယ့် အရသာကြောင့် တော်တော်များများ ကြိုက်ကြတဲ့ ဆိုင်လေးပါပဲ။ သူ့ဆိုင်မှာ Thai Street Food တွေ အစုံအလင်အပြင် signature ဟင်းလျာ မျိုးစုံလည်း ရရှိနိုင်ပါသေးတယ်။
ဒီဆိုင်လေးရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကိုတော့ အောက်က Link မှာ ကြည့်ရှုနိုင်ပါတယ်။

(၆) Nara Thai Myanmar
ဒီဆိုင်လေးက ရန်ကုန်မှာတင်မဟုတ်ဘဲ ဘန်ကောက်နဲ့ စင်္ကာပူတို့မှာပါ ဆိုင်ခွဲတွေ အများကြီး ရှိပြီး အောင်မြင်နေတဲ့ Classic ဆိုင်လေးတစ်ဆိုင်ပါ။ Authentic Thai Taste ကိုမှ Try ချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲနော်။
ဒီဆိုင်လေးရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကိုတော့ အောက်က Link မှာ ကြည့်ရှုနိုင်ပါတယ်။

အခြားစားသောက်ဆိုင်တွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါ Link တွင် ကြည့်ရှုလို့ ရပါတယ်။