ယနေ့ ဇွန်လ (၂၇) ရက်နေ့ နေ့လည် ၃း၅၀ နာရီ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရာအချို့၌ လေမိုးပြင်းထန်မှုကြောင့် 66 KV နှင့် 33 KV ဓါတ်အားလိုင်းအချို့ ယာယီ ဓါတ်အားပြတ်တောက်ခဲ့သည်။
ထို့ကြောင့် မရမ်းကုန်း၊ အင်းစိန်၊ လှိုင်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ရန်ကင်း၊ တာမွေ၊ ဗဟန်း၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်များတွင် နေရာအချို့ ယာယီဓါတ်အားပြတ်တောက်နေမည် ဖြစ်သည်။
ဓါတ်အားပြန်ပေးနိုင်ရန်အတွက် YESC မှ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
==============================
ရန်ကုန်မြို့နယ် (၁၁) ခုတွင် လေမိုးပြင်းထန်မှုကြောင့် ယာယီဓာတ်အား ပြတ်တောက်