Food & Drinks Events

မြိုင်ရာဇာတွတ်ပီ၏ ဇနီးမသေးမျှင်ရဲ့ ကြက်ဆီထမင်း လက်ရာစိန်ခေါ်ပွဲ

Read 2027 times

Singapore Tourism Board (STB) သည် အစားအသောက်ခုံမင်သည့် ပြည်သူလူထုအတွက် ၎င်းတို့၏ အစားအသောက် ခုံမင်မှုကို ထပ်ဆင့်တိုးတက်လှမ်းနိုင်စေရန် ‘Stay Home With SG’ cooking campaign အစီအစဥ်ကို စတင်ခဲ့သည်။

ဤအစီအစဥ်တွင် မြန်မာပြည်၏ လူကြိုက်များသော ကာတွန်းဇာတ်လမ်းတွဲဖြစ်သည့် မုဆိုးကြီးတွတ်ပီ၏ ဇနီးဖြစ်သူ မသေးမျှင်က အစားအသောက်ခုံမင်သူများ၏ အချက်အပြုတ်ကျွမ်းကျင်မှုနှင့် ချက်ပြုတ်ဖန်တီးနိုင်မှုကို ပြသနိုင်ရန် စင်္ကာပူမှ နာမည်ကြီး ဟင်းလျာတစ်ခု ဖြစ်သည့် ဟိုင်နန်ကြက်ဆီထမင်းအား ပြန်လည်ဖန်တီး ချက်ပြုတ်စေခြင်းဖြင့် စိန်ခေါ်မှုပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

ဤပျော်ရွှင်စရာကောင်းသည့် အစီအစဥ်လေးမှတစ်ဆင့် STB မှ မြန်မာပရိတ်သတ်များအတွက် အိမ်တွင်းနေရန် ဆက်လက်တိုက်တွန်းအားပေးပြီး စင်္ကာပူ၏ အစိတ်အပိုင်းတစ်ခုအား ယူဆောင်လာကာ အိမ်တွင်းနေနေချိန်၌ အမြဲစိတ်ပျော်ရွှင်နေစေရန် ဖျော်ဖြေမှုတစ်ခုအဖြစ် ရည်ရွယ်ဆောင်ရွက်ထားပါသည်။

မသေးမျှင်၏ အချက်အပြုတ်လက်ရာ စိန်ခေါ်ပွဲ

တွတ်ပီ ပါဝင်သော COVID-19 အထူးထုတ် အပိုင်း ၄ ပိုင်းပါ ရုပ်ပြဇာတ်လမ်းများသည် ကျွန်ုပ်တို့၏ COVID-19 အတွင်း  ကြုံတွေ့နေရသော နေထိုင်မှုပုံစံသစ်ကို ထင်ဟပ်စေပြီး အကောင်းဆုံး ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်များကို စာဖတ်သူများအား ပညာပေးရန်နှင့် အိမ်တွင်းပျင်းရိငြီးငွေ့မှုကို ရင်ဆိုင်နိုင်ရန် ကာတွန်းဖြင့်‌ ဖျော်ဖြေမှုများ ပေးနိုင်ရန်အတွက် အထူးရေးဆွဲထားရှိပါသည်။

အရေးကြီးသည့် နောက်ခံအကြောင်းအရင်းမှာ စင်္ကာပူနှင့် မြန်မာအကြား စည်းလုံးညီညွတ်မှု ဖြစ်သည်။ ဤရောဂါဖြစ်ပွားမှုကာလကို အတူတကွ ရင်ဆိုင်နေစဉ် တွတ်ပီမှ ဂရုတစိုက်ရှိရန်၊ စိုးရိမ်ပူပန်ဖို့အကြောင်းအရာများကို စာရေးပြီး သူ၏ စင်္ကာပူမှ သူငယ်ချင်းအား ပို့ပေးသည်ကို သာဓကပြ၍ စင်္ကာပူနှင့် မြန်မာအကြား စည်းလုံးညီညွတ်မှုကို ပြသထင်ရှားစေခဲ့သည်။

“ ဆရာကိုဆွေမင်း မရှိတော့ပေမယ့် သူမွေးခဲ့တဲ့ ဇာတ်ကောင်လေးတွေ၊ ခုလို ဆက်လက်ရှင်သန်ခွင့်ရနေတဲ့အတွက် အထူးပဲ ဝမ်းသာရပါတယ်။ အဲဒီအတွက် စင်္ကာပူခရီးသွားလုပ်ငန်းစုကိုလည်း ကျေးဇူးတင်မိသလို၊ ယုံကြည်စွာနဲ့ ကျွန်တော့်ကိုရေးဆွဲခွင့်ပြုခဲ့တဲ့ ကိုဆွေမင်းဇနီး ဆရာမဒေါ်မို့မို့ဆန်းကိုလည်း အထူးကျေးဇူးတင်ပါတယ်” ဟု ကာတွန်းကိုကြည်နိုင်မှ ပြောကြားသွားခဲ့ပါသည်။

ဤအစီအစဥ်မှာ STB သည် တွတ်ပီနှင့်အတူ ပိုမိုကြီးမားသည့် ပူးပေါင်းဆောင်ရွက်ခြင်းတစ်ခုဖြစ်ပြီး ပျော်ရွှင်စရာ ရုပ်ပြဇာတ်လမ်းများမှတစ်ဆင့် မြန်မာပရိတ်သတ်များဆီသို့ စင်္ကာပူအကြောင်း ပိုမိုမျှဝေစေလိုရန်ဖြစ်ပါသည်။

ရုပ်ပြဇာတ်လမ်းတွဲကို အသက်သွင်းပေးမည့် ကိုကြည်နိုင်သည် တွတ်ပီကာတွန်း၏ ပဲ့ကိုင်ရှင် ကာတွန်းဆွေမင်း(ဓနုဖြူ)၏ လုပ်ဖော်ကိုင်ဖက်ဖြစ်ကာ တွတ်ပီကာတွန်း၏ တွဲဖက်စာရေးဆရာ တစ်ယောက် လည်းဖြစ်ပြီး ဤသို့အတူပူးပေါင်းခြင်းဖြင့် နှစ်ဦးစလုံး၏ အမွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ဆိုသည်မှာလည်း မမှားပေ။

ရုပ်ပြအပိုင်းတွဲများတွင် တွတ်ပီ၊ ဗိုက်ကလေးနှင့် မသေးမျှင်တို့ စင်္ကာပူနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး တွေ့ကြုံရမည့် များစွာသော စိတ်ဝင်စားဖွယ် နေရာများနှင့် အတွေ့အကြုံသစ်များကို စာဖတ်သူများက အတူတွေ့ကြုံခံစားနိုင်မည်ဖြစ်သည်။

စင်္ကာပူ၏ ကမ္ဘာ့အဆင့်မီဆွဲဆောင်မှုများ၊ ကြွယ်ဝသောအနုပညာနှင့် ယဉ်ကျေးမှုများကို ရုပ်ပြဇာတ်ကောင်များ၏ အမြင်နှင့်ရှုထောင့်မှပြသထားသည်။ ဤအထူးထုတ် အခန်းဆက် ရုပ်ပြဇာတ်လမ်းသည် STB ၏ မြန်မာခရီးသွားများအား စင်္ကာပူသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်မှုအစီအစဥ်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အစားအစာ၊ ဂီတ၊ အနုပညာ၊  ဈေးဝယ်ခြင်း နှင့် သဘာဝအလှတရားစသည့် အမျိုးမျိုးသော စိတ်ဝင်စားစရာလူနေမှုပုံစံတို့ကို သိရှိစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ပုံမှန်အခန်းဆက်ရုပ်ပြဇာတ်လမ်းအား COVID-19 အထူးထုတ် ဇာတ်လမ်းတွဲအား ရေးဆွဲနေချိန်အတွင်း ခတ္တခဏရပ်ဆိုင်းထားပါသည်။

==============================

ၿမိဳင္ရာဇာတြတ္ပီ၏ ဇနီးမေသးမွ်င္ရဲ႕ ၾကက္ဆီထမင္း လက္ရာစိန္ေခၚပြဲ 

Singapore Tourism Board (STB) သည္ အစားအေသာက္ခုံမင္သည့္ ျပည္သူလူထုအတြက္ ၎တို႔၏ အစားအေသာက္ ခုံမင္မႈကို ထပ္ဆင့္တိုးတက္လွမ္းႏိုင္ေစရန္ ‘Stay Home With SG’ cooking campaign အစီအစဥ္ကို စတင္ခဲ့သည္။ 

ဤအစီအစဥ္တြင္ ျမန္မာျပည္၏ လူႀကိဳက္မ်ားေသာ ကာတြန္းဇာတ္လမ္းတြဲျဖစ္သည့္ မုဆိုးႀကီးတြတ္ပီ၏ ဇနီးျဖစ္သူ မေသးမွ်င္က အစားအေသာက္ခုံမင္သူမ်ား၏ အခ်က္အျပဳတ္ကြၽမ္းက်င္မႈႏွင့္ ခ်က္ျပဳတ္ဖန္တီးႏိုင္မႈကို ျပသႏိုင္ရန္ စကၤာပူမွ နာမည္ႀကီး ဟင္းလ်ာတစ္ခု ျဖစ္သည့္ ဟိုင္နန္ၾကက္ဆီထမင္းအား ျပန္လည္ဖန္တီး ခ်က္ျပဳတ္ေစျခင္းျဖင့္ စိန္ေခၚမႈျပဳလုပ္ခဲ့ျခင္း ျဖစ္ပါသည္။ 

ဤေပ်ာ္႐ႊင္စရာေကာင္းသည့္ အစီအစဥ္ေလးမွတစ္ဆင့္ STB မွ ျမန္မာပရိတ္သတ္မ်ားအတြက္ အိမ္တြင္းေနရန္ ဆက္လက္တိုက္တြန္းအားေပးၿပီး စကၤာပူ၏ အစိတ္အပိုင္းတစ္ခုအား ယူေဆာင္လာကာ အိမ္တြင္းေနေနခ်ိန္၌ အၿမဲစိတ္ေပ်ာ္႐ႊင္ေနေစရန္ ေဖ်ာ္ေျဖမႈတစ္ခုအျဖစ္ ရည္႐ြယ္ေဆာင္႐ြက္ထားပါသည္။

မေသးမွ်င္၏ အခ်က္အျပဳတ္လက္ရာ စိန္ေခၚပြဲ

တြတ္ပီ ပါဝင္ေသာ COVID-19 အထူးထုတ္ အပိုင္း ၄ ပိုင္းပါ ႐ုပ္ျပဇာတ္လမ္းမ်ားသည္ ကြၽႏ္ုပ္တို႔၏ COVID-19 အတြင္း  ႀကဳံေတြ႕ေနရေသာ ေနထိုင္မႈပုံစံသစ္ကို ထင္ဟပ္ေစၿပီး အေကာင္းဆုံး က်န္းမာေရးဆိုင္ရာ အေလ့အက်င့္မ်ားကို စာဖတ္သူမ်ားအား ပညာေပးရန္ႏွင့္ အိမ္တြင္းပ်င္းရိၿငီးေငြ႕မႈကို ရင္ဆိုင္ႏိုင္ရန္ ကာတြန္းျဖင့္‌ ေဖ်ာ္ေျဖမႈမ်ား ေပးႏိုင္ရန္အတြက္ အထူးေရးဆြဲထားရွိပါသည္။ 

အေရးႀကီးသည့္ ေနာက္ခံအေၾကာင္းအရင္းမွာ စကၤာပူႏွင့္ ျမန္မာအၾကား စည္းလုံးညီၫြတ္မႈ ျဖစ္သည္။ ဤေရာဂါျဖစ္ပြားမႈကာလကို အတူတကြ ရင္ဆိုင္ေနစဥ္ တြတ္ပီမွ ဂ႐ုတစိုက္ရွိရန္၊ စိုးရိမ္ပူပန္ဖို႔အေၾကာင္းအရာမ်ားကို စာေရးၿပီး သူ၏ စကၤာပူမွ သူငယ္ခ်င္းအား ပို႔ေပးသည္ကို သာဓကျပ၍ စကၤာပူႏွင့္ ျမန္မာအၾကား စည္းလုံးညီၫြတ္မႈကို ျပသထင္ရွားေစခဲ့သည္။

“ ဆရာကိုေဆြမင္း မရွိေတာ့ေပမယ့္ သူေမြးခဲ့တဲ့ ဇာတ္ေကာင္ေလးေတြ၊ ခုလို ဆက္လက္ရွင္သန္ခြင့္ရေနတဲ့အတြက္ အထူးပဲ ဝမ္းသာရပါတယ္။ အဲဒီအတြက္ စကၤာပူခရီးသြားလုပ္ငန္းစုကိုလည္း ေက်းဇူးတင္မိသလို၊ ယုံၾကည္စြာနဲ႔ ကြၽန္ေတာ့္ကိုေရးဆြဲခြင့္ျပဳခဲ့တဲ့ ကိုေဆြမင္းဇနီး ဆရာမေဒၚမို႔မို႔ဆန္းကိုလည္း အထူးေက်းဇူးတင္ပါတယ္” ဟု ကာတြန္းကိုၾကည္ႏိုင္မွ ေျပာၾကားသြားခဲ့ပါသည္။

ဤအစီအစဥ္မွာ STB သည္ တြတ္ပီႏွင့္အတူ ပိုမိုႀကီးမားသည့္ ပူးေပါင္းေဆာင္႐ြက္ျခင္းတစ္ခုျဖစ္ၿပီး ေပ်ာ္႐ႊင္စရာ ႐ုပ္ျပဇာတ္လမ္းမ်ားမွတစ္ဆင့္ ျမန္မာပရိတ္သတ္မ်ားဆီသို႔ စကၤာပူအေၾကာင္း ပိုမိုမွ်ေဝေစလိုရန္ျဖစ္ပါသည္။ 

႐ုပ္ျပဇာတ္လမ္းတြဲကို အသက္သြင္းေပးမည့္ ကိုၾကည္ႏိုင္သည္ တြတ္ပီကာတြန္း၏ ပဲ့ကိုင္ရွင္ ကာတြန္းေဆြမင္း(ဓႏုျဖဴ)၏ လုပ္ေဖာ္ကိုင္ဖက္ျဖစ္ကာ တြတ္ပီကာတြန္း၏ တြဲဖက္စာေရးဆရာ တစ္ေယာက္ လည္းျဖစ္ၿပီး ဤသို႔အတူပူးေပါင္းျခင္းျဖင့္ ႏွစ္ဦးစလုံး၏ အေမြကို ဆက္လက္ထိန္းသိမ္းထားႏိုင္ရန္ ဆိုသည္မွာလည္း မမွားေပ။

႐ုပ္ျပအပိုင္းတြဲမ်ားတြင္ တြတ္ပီ၊ ဗိုက္ကေလးႏွင့္ မေသးမွ်င္တို႔ စကၤာပူႏိုင္ငံသို႔ သြားေရာက္လည္ပတ္ၿပီး ေတြ႕ႀကဳံရမည့္ မ်ားစြာေသာ စိတ္ဝင္စားဖြယ္ ေနရာမ်ားႏွင့္ အေတြ႕အႀကဳံသစ္မ်ားကို စာဖတ္သူမ်ားက အတူေတြ႕ႀကဳံခံစားႏိုင္မည္ျဖစ္သည္။ 

စကၤာပူ၏ ကမာၻ႔အဆင့္မီဆြဲေဆာင္မႈမ်ား၊ ႂကြယ္ဝေသာအႏုပညာႏွင့္ ယဥ္ေက်းမႈမ်ားကို ႐ုပ္ျပဇာတ္ေကာင္မ်ား၏ အျမင္ႏွင့္ရႈေထာင့္မွျပသထားသည္။ ဤအထူးထုတ္ အခန္းဆက္ ႐ုပ္ျပဇာတ္လမ္းသည္ STB ၏ ျမန္မာခရီးသြားမ်ားအား စကၤာပူသို႔ လာေရာက္လည္ပတ္ရန္ ဖိတ္ေခၚမႈအစီအစဥ္မ်ား၏ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး အစားအစာ၊ ဂီတ၊ အႏုပညာ၊  ေဈးဝယ္ျခင္း ႏွင့္ သဘာဝအလွတရားစသည့္ အမ်ိဳးမ်ိဳးေသာ စိတ္ဝင္စားစရာလူေနမႈပုံစံတို႔ကို သိရွိေစရန္ ရည္႐ြယ္ထားျခင္းျဖစ္သည္။ 

ပုံမွန္အခန္းဆက္႐ုပ္ျပဇာတ္လမ္းအား COVID-19 အထူးထုတ္ ဇာတ္လမ္းတြဲအား ေရးဆြဲေနခ်ိန္အတြင္း ခတၱခဏရပ္ဆိုင္းထားပါသည္။

 

Bookmark