Careers & Jobs Yangon Trend Travel

ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် (၇) ခုတွင် နေရာကွက်၍ မိုးကြီးနိုင်

Read 317 times

ယနေ့မနက် (၇) နာရီ၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ရန်ကုန်တိုင်း အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်ကြောင်း သိရသည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပါသည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့်၊ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မိုးအသင့်အတင့် ထစ်ချုန်းရွာမည် ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့်၊ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် ဖြစ်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။

နောက် (၂) ရက်အတွက် ခန့်မှန်းချက်များအရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ် ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုများလာနိုင်ပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ 
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

မြန်မာ့ပင်လယ်ပြင်။ 
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါ သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၃၀) မှ (၃၅) မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ 

ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇) ပေမှ (၁၀) ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅) ပေမှ (၇) ပေခန့် ရှိနိုင်ပါသည်။

==============================

ရန္ကုန္အပါအဝင္ တိုင္းႏွင့္ျပည္နယ္ (၇) ခုတြင္ ေနရာကြက္၍ မိုးႀကီးႏိုင္

ယေန႔မနက္ (၇) နာရီ၊ မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ ရန္ကုန္တိုင္း အပါအဝင္ ပဲခူးတိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ရခိုင္ျပည္နယ္၊ မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ၿပီး ႐ြာရန္ရာႏႈန္း (၈၀) ျဖစ္ေၾကာင္း သိရသည္။

ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီး (ေအာက္ပိုင္း)၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္ ေနရာက်ဲက်ဲ၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း ႐ြာႏိုင္ပါသည္။

ေနျပည္ေတာ္ႏွင့္ အနီးတစ္ဝိုက္တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္ ျဖစ္ၿပီး ႐ြာရန္ရာႏႈန္းျပည့္၊ ရန္ကုန္ၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္တြင္ မိုးအသင့္အတင့္ ထစ္ခ်ဳန္း႐ြာမည္ ျဖစ္ၿပီး ႐ြာရန္ရာႏႈန္းျပည့္၊ မႏၲေလးၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္ ျဖစ္ၿပီး ႐ြာရန္ရာႏႈန္း (၈၀) ျဖစ္ပါသည္။

ေနာက္ (၂) ရက္အတြက္ ခန္႔မွန္းခ်က္မ်ားအရ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္ ၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ မိုးပိုမ်ားလာႏိုင္ပါသည္။

ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန။ 
ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလ အားေကာင္းေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ မုတ္သုံေလ အားအသင့္အတင့္ ရွိေနပါသည္။

ျမန္မာ့ပင္လယ္ျပင္။ 
ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္ပါ သည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္ (၃၀) မွ (၃၅) မိုင္အထိ တိုက္ခတ္ႏိုင္ပါသည္။ 

က်န္ျမန္မာ့ပင္လယ္ျပင္တြင္ လႈိင္းအသင့္အတင့္ရွိမည္။ လႈိင္းအျမင့္မွာ ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၇) ေပမွ (၁၀) ေပခန္႔ႏွင့္ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၅) ေပမွ (၇) ေပခန္႔ ရွိႏိုင္ပါသည္။


 

Bookmark