Yangon Trend Careers & Jobs

ဧပြီလအတွက် မီတာခများကို ဇွန်လ (၂၅) ရက်နေ့ နောက်ဆုံးထား ပေးသွင်းနိုင်

Read 753 times

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူနှင့် စက်မှုလက်မှုလုပ်ငန်းများ ဓာတ်အား သုံးစွဲမှုများအတွက် လစဉ်ဓာတ်အားခများကို သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် ကောက်ခံ ဆောင်ရွက် လျက်ရှိပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွက် ကျသင့်သည့် လျှပ်စစ်မီတာခများကို ၂၀၂၀ ပြည့်နှစ်၊ မေလ တွင် သတ်မှတ်မြို့နယ်ရုံးများ၌ မီတာခများအား (၁၇-၅-၂၀၂၀)၊ (၁၉-၅-၂၀၂၀)၊ (၂၁-၅-၂၀၂၀)၊ (၂၃-၅-၂၀၂၀) နှင့် (၂၅-၅-၂၀၂၀) ရက်တို့၌ နောက်ဆုံးထား၍ အသီးသီး ပေးသွင်းကြရန် မီတာဘေလ်များပေါ်တွင် ရေးသားဖော်ပြခဲ့ပါသည်။

လက်ရှိတွင် Coronavirus Disease 2019 (COVID-19) အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားရှိသဖြင့် ကူးစက်မှုအား ထိန်းချုပ်မှု ပြုလုပ်နေသည့် ကာလအတွင်း လူစုလူဝေးဖြစ်ပေါ်မှုကို အထိုက်အလျောက် လျော့နည်းစေရန်အတွက် ကျသင့်သည့် မီတာခများအား စာပိုဒ်(၂)ပါ သတ်မှတ်ရက်များအပြင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက် (ကြာသပတေးနေ့) အထိ နောက်ဆုံးထား ပေးသွင်းကြပါရန် အသိပေးပန်ကြားအပ်ပါသည်။

ထိုသို့ အပိုဒ်(၂)ပါ သတ်မှတ်ရက်များအတိုင်း ပေးသွင်းခြင်းမရှိခဲ့မှုအတွက် နောက်ကျကြေး ကောက်ခံခြင်း၊ လျှပ်စစ်မီးဖြတ်တောက်ခြင်းများ ပြုလုပ်မည် မဟုတ်ပါကြောင်း အသိပေးပန်ကြား အပ်ပါသည်။

ငွေလက်ခံကောင်တာများကို နေ့စဉ် (စနေ၊ တနင်္ဂနွေ) ပိတ်ရက်မရှိ ဖွင့်လှစ်လက်ခံသွား မည်ဖြစ်ပါသဖြင့် တတ်နိုင်သမျှ သတ်မှတ်ရက်များအတိုင်း လာရောက်ပေးသွင်းနိုင်ပါရန်နှင့် ၂၀၂၀ ပြည့်နှစ်၊ မေလအတွက် ကျသင့်သည့် လျှပ်စစ်မီတာခ နောက်ဆုံးပေးသွင်းရမည့်ရက်ကိုလည်း ထပ်မံ ထုတ်ပြန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

==============================

ဧၿပီလအတြက္ မီတာခမ်ားကို ဇြန္လ (၂၅) ရက္ေန႔ ေနာက္ဆုံးထား ေပးသြင္းႏိုင္

လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ အမ်ားျပည္သူႏွင့္ စက္မႈလက္မႈလုပ္ငန္းမ်ား ဓာတ္အား သုံးစြဲမႈမ်ားအတြက္ လစဥ္ဓာတ္အားခမ်ားကို သက္ဆိုင္ရာ ၿမိဳ႕နယ္႐ုံးမ်ားတြင္ ေကာက္ခံ ေဆာင္႐ြက္ လ်က္ရွိပါသည္။

၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလအတြက္ က်သင့္သည့္ လွ်ပ္စစ္မီတာခမ်ားကို ၂၀၂၀ ျပည့္ႏွစ္၊ ေမလ တြင္ သတ္မွတ္ၿမိဳ႕နယ္႐ုံးမ်ား၌ မီတာခမ်ားအား (၁၇-၅-၂၀၂၀)၊ (၁၉-၅-၂၀၂၀)၊ (၂၁-၅-၂၀၂၀)၊ (၂၃-၅-၂၀၂၀) ႏွင့္ (၂၅-၅-၂၀၂၀) ရက္တို႔၌ ေနာက္ဆုံးထား၍ အသီးသီး ေပးသြင္းၾကရန္ မီတာေဘလ္မ်ားေပၚတြင္ ေရးသားေဖာ္ျပခဲ့ပါသည္။

လက္ရွိတြင္ Coronavirus Disease 2019 (COVID-19) အား ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) မွ ကမာၻ႔ကပ္ေရာဂါအျဖစ္ သတ္မွတ္ထားရွိသျဖင့္ ကူးစက္မႈအား ထိန္းခ်ဳပ္မႈ ျပဳလုပ္ေနသည့္ ကာလအတြင္း လူစုလူေဝးျဖစ္ေပၚမႈကို အထိုက္အေလ်ာက္ ေလ်ာ့နည္းေစရန္အတြက္ က်သင့္သည့္ မီတာခမ်ားအား စာပိုဒ္(၂)ပါ သတ္မွတ္ရက္မ်ားအျပင္ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ ၂၅ ရက္ (ၾကာသပေတးေန႔) အထိ ေနာက္ဆုံးထား ေပးသြင္းၾကပါရန္ အသိေပးပန္ၾကားအပ္ပါသည္။

ထိုသို႔ အပိုဒ္(၂)ပါ သတ္မွတ္ရက္မ်ားအတိုင္း ေပးသြင္းျခင္းမရွိခဲ့မႈအတြက္ ေနာက္က်ေၾကး ေကာက္ခံျခင္း၊ လွ်ပ္စစ္မီးျဖတ္ေတာက္ျခင္းမ်ား ျပဳလုပ္မည္ မဟုတ္ပါေၾကာင္း အသိေပးပန္ၾကား အပ္ပါသည္။

ေငြလက္ခံေကာင္တာမ်ားကို ေန႔စဥ္ (စေန၊ တနဂၤေႏြ) ပိတ္ရက္မရွိ ဖြင့္လွစ္လက္ခံသြား မည္ျဖစ္ပါသျဖင့္ တတ္ႏိုင္သမွ် သတ္မွတ္ရက္မ်ားအတိုင္း လာေရာက္ေပးသြင္းႏိုင္ပါရန္ႏွင့္ ၂၀၂၀ ျပည့္ႏွစ္၊ ေမလအတြက္ က်သင့္သည့္ လွ်ပ္စစ္မီတာခ ေနာက္ဆုံးေပးသြင္းရမည့္ရက္ကိုလည္း ထပ္မံ ထုတ္ျပန္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ပါေၾကာင္း အသိေပးပန္ၾကားအပ္ပါသည္။

လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန

Bookmark