မွေးကင်းစကနေ တစ်နှစ်ခွဲအထိ ကလေးတိုင်း ထိုး/တိုက်ပေးရမည့် ကာကွယ်ဆေးများနှင့် ဆေးထိုးပြီးချိန်တွင် ဖြစ်တတ်သော လက္ခဏာများကို သက်သာစေမည့် နည်းလမ်းများအား အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။
ထိုး/တိုက်ပေးရမည့် ကာကွယ်ဆေးများ
၁။ ဘီစီဂျီ
၂။ အသည်းရောင်အသားဝါ (ဘီ)
၃။ ပိုလီယိုအစက်ချဆေး
၄။ ငါးမျိုးစပ်
၅။ ပိုလီယိုထိုးဆေး
၆။ ဝက်သက် - ဂျိုက်သိုး
၇။ ဂျပန်ဦးနှောက်ရောင်
ဆေးထိုးပြီး ဖြစ်တတ်သော လက္ခဏာများ
၁။ ဘီစီဂျီကာကွယ်ဆေး ထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။
၂။ အသည်းရောင်အသားဝါ (ဘီ) ဆေးထိုးပြီးလျှင် ဖျားခြင်း၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း ဖြစ်စေနိုင်ပါတယ်။
၃။ ပိုလီယိုအစက်ချဆေး တိုက်ပြီးလျှင် ဖျားခြင်းနှင့် မအီမသာဖြစ်ခြင်း ဖြစ်စေနိုင်ပါတယ်။
၄။ ငါးမျိုးစပ်ဆေးတိုက်ပြီးလျှင် ဖျားခြင်း၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်းနှင့် မအီမသာဖြစ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
၅။ ပိုလီယိုထိုးဆေး တိုက်ပြီးလျှင် ဖျားခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။
၆။ ဝက်သက်- ဂျိုက်သိုး ဆေးထိုးပြီးလျှင် ဖျားခြင်း၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း၊၊ အရေပြားတွင် အနီစက်ထွက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
၇။ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးပြီးလျှင် ဖျားခြင်း၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း၊၊ ပျို့ခြင်း၊ အန်ခြင်း၊ မူးဝေခြင်း၊ အဆစ်ကိုက်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။
ကာကွယ်ဆေးထိုးပြီးချိန်တွင် မိမိကလေး သက်သာစေရန် ပြုစုရမည့် နည်းလမ်းများ
ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း ဖြစ်ပေါ်ပါက ဆေးထိုးသောနေရာကို သန့်ရှင်းသော ရေအေးဖတ်ဖြင့် အုပ်ပါ။ Paracetamol တိုက်ပါ။
ဖျားလျှင် အရည်များများတိုက်ပါ။ အေးသောအဝတ်အစားများ ဝတ်ပေးပါ။ ရေပတ်တိုက်ပေးပါ။ ပါရာစီတမော့ တိုက်ပါ။
အခြားလက္ခဏာများ ဖြစ်ပေါ်လျှင် တစ်ရက်၊ နှစ်ရက်အတွင်း အလိုလို ပျောက်ကင်းလေ့ရှိပါတယ်။
လက္ခဏာပြင်းထန်လျှင်သော်လည်းကောင်း၊ အဖျားအချိန်ကြာလျှင်သော်လည်းကောင်း ဆေးထိုးပေးသော သားဖွားဆရာမ (သို့) ဆရာဝန်နှင့် ချက်ချင်းပြသပါ။
သတ်မှတ်ထားသည့် အသက်အရွယ်အတိုင်း အကြိမ်ပြည့် ထိုးနှံတိုက်ကျွေးမှသာ ရောဂါများမှ အပြည့်အဝ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
MOHS
==============================
ကာကြယ္ေဆးထိုးၿပီးခ်ိန္တြင္ ျဖစ္တတ္ေသာ လကၡဏာမ်ားႏွင့္ သက္သာေစမည့္ နည္းလမ္းမ်ား
ေမြးကင္းစကေန တစ္ႏွစ္ခြဲအထိ ကေလးတိုင္း ထိုး/တိုက္ေပးရမည့္ ကာကြယ္ေဆးမ်ားႏွင့္ ေဆးထိုးၿပီးခ်ိန္တြင္ ျဖစ္တတ္ေသာ လကၡဏာမ်ားကို သက္သာေစမည့္ နည္းလမ္းမ်ားအား ေအာက္တြင္ေဖာ္ျပေပးလိုက္ပါတယ္။
ထိုး/တိုက္ေပးရမည့္ ကာကြယ္ေဆးမ်ား
၁။ ဘီစီဂ်ီ
၂။ အသည္းေရာင္အသားဝါ (ဘီ)
၃။ ပိုလီယိုအစက္ခ်ေဆး
၄။ ငါးမ်ိဳးစပ္
၅။ ပိုလီယိုထိုးေဆး
၆။ ဝက္သက္ - ဂ်ိဳက္သိုး
၇။ ဂ်ပန္ဦးေႏွာက္ေရာင္
ေဆးထိုးၿပီး ျဖစ္တတ္ေသာ လကၡဏာမ်ား
၁။ ဘီစီဂ်ီကာကြယ္ေဆး ထိုးေသာေနရာတြင္ နာျခင္း၊ ေရာင္ျခင္း ျဖစ္ေပၚႏိုင္ပါတယ္။
၂။ အသည္းေရာင္အသားဝါ (ဘီ) ေဆးထိုးၿပီးလွ်င္ ဖ်ားျခင္း၊ ေဆးထိုးေသာေနရာတြင္ နာျခင္း၊ ေရာင္ျခင္း ျဖစ္ေစႏိုင္ပါတယ္။
၃။ ပိုလီယိုအစက္ခ်ေဆး တိုက္ၿပီးလွ်င္ ဖ်ားျခင္းႏွင့္ မအီမသာျဖစ္ျခင္း ျဖစ္ေစႏိုင္ပါတယ္။
၄။ ငါးမ်ိဳးစပ္ေဆးတိုက္ၿပီးလွ်င္ ဖ်ားျခင္း၊ ေဆးထိုးေသာေနရာတြင္ နာျခင္း၊ ေရာင္ျခင္းႏွင့္ မအီမသာျဖစ္ျခင္းေတြ ျဖစ္ေစႏိုင္ပါတယ္။
၅။ ပိုလီယိုထိုးေဆး တိုက္ၿပီးလွ်င္ ဖ်ားျခင္း ျဖစ္ေပၚေစႏိုင္ပါတယ္။
၆။ ဝက္သက္- ဂ်ိဳက္သိုး ေဆးထိုးၿပီးလွ်င္ ဖ်ားျခင္း၊ ေဆးထိုးေသာေနရာတြင္ နာျခင္း၊ ေရာင္ျခင္း၊၊ အေရျပားတြင္ အနီစက္ထြက္ျခင္းေတြ ျဖစ္ေစႏိုင္ပါတယ္။
၇။ ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆး ထိုးၿပီးလွ်င္ ဖ်ားျခင္း၊ ေဆးထိုးေသာေနရာတြင္ နာျခင္း၊ ေရာင္ျခင္း၊၊ ပ်ိဳ႕ျခင္း၊ အန္ျခင္း၊ မူးေဝျခင္း၊ အဆစ္ကိုက္ျခင္း စတာေတြ ျဖစ္ေစႏိုင္ပါတယ္။
ကာကြယ္ေဆးထိုးၿပီးခ်ိန္တြင္ မိမိကေလး သက္သာေစရန္ ျပဳစုရမည့္ နည္းလမ္းမ်ား
ေဆးထိုးေသာေနရာတြင္ နာျခင္း၊ ေရာင္ျခင္း ျဖစ္ေပၚပါက ေဆးထိုးေသာေနရာကို သန႔္ရွင္းေသာ ေရေအးဖတ္ျဖင့္ အုပ္ပါ။ Paracetamol တိုက္ပါ။
ဖ်ားလွ်င္ အရည္မ်ားမ်ားတိုက္ပါ။ ေအးေသာအဝတ္အစားမ်ား ဝတ္ေပးပါ။ ေရပတ္တိုက္ေပးပါ။ ပါရာစီတေမာ့ တိုက္ပါ။
အျခားလကၡဏာမ်ား ျဖစ္ေပၚလွ်င္ တစ္ရက္၊ ႏွစ္ရက္အတြင္း အလိုလို ေပ်ာက္ကင္းေလ့ရွိပါတယ္။
လကၡဏာျပင္းထန္လွ်င္ေသာ္လည္းေကာင္း၊ အဖ်ားအခ်ိန္ၾကာလွ်င္ေသာ္လည္းေကာင္း ေဆးထိုးေပးေသာ သားဖြားဆရာမ (သို႔) ဆရာဝန္ႏွင့္ ခ်က္ခ်င္းျပသပါ။
သတ္မွတ္ထားသည့္ အသက္အ႐ြယ္အတိုင္း အႀကိမ္ျပည့္ ထိုးႏွံတိုက္ေကြၽးမွသာ ေရာဂါမ်ားမွ အျပည့္အဝ ကာကြယ္ႏိုင္မည္ ျဖစ္ပါသည္။
MOHS