ကနဦးယာဉ်မှတ်ပုံတင်ဌာန (ထောက်ကြန့်/ရွာသာကြီး) ရုံးများနှင့် (နေပြည်တော်/မန္တလေး) ရုံးများ၏ ကနဦးမှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်းများကို လာမည့် မေလ (၁၁) ရက် (တနင်္လာနေ့) မှ စတင်၍ ပြန်လည် လက်ခံ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောတူညီချက်အရ ထိုသို့ ခွင့်ပြုပေးခြင်း ဖြစ်သည်။
ဌာနအနေဖြင့် မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်ရာတွင် ပေးဆောင်ရမည့် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးကို ဝန်ဆောင်မှု ရပ်ဆိုင်းထားသည့် ကာလအား ထည့်သွင်းရေတွက်ခြင်း မပြုဘဲ လျော့ပေါ့ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
ဝန်ဆောင်မှုရပ်ဆိုင်းသည့်ကာလအနေဖြင့် ကနဦးမှတ်ပုံတင်ဌာန (ထောက်ကြန့်/ရွာသာကြီး) ရုံးများအတွက် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၆) ရက်မှ ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၀) ရက်အတွင်း အကျုံးဝင်သည့်ရက်များကိုလည်းကောင်း၊
ကနဦးယာဉ်မှတ်ပုံ တင်ဌာန (နေပြည်တော်/မန္တလေး) ရုံးများအတွက် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၀) ရက်မှ ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၀) ရက် အတွင်း အကျုံးဝင်သည့်ရက်များကိုလည်းကောင်း လျော့ပေါ့ စိစစ်တွက်ချက် ဆောင်ရွက်ပေးမည် ဖြစ်သည်။
သို့သော် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၃၁) ရက်နောက်ပိုင်းမှ လာရောက်ဆောင်ရွက်မည့် ကနဦးမှတ်ပုံတင်ယာဉ်များသည် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးငွေ လျော့ပေါ့ခွင့်ရမည် မဟုတ်ဘဲ မူလသတ်မှတ်ချက်များအတိုင်း ဒဏ်ကြေးများ အားလုံး ပေးဆောင်ရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
Transcom
==============================
ေမလ ၁၁ ရက္ေန႔တြင္ ကညန ကနဦး ယာဥ္မွတ္ပုံတင္ လုပ္ငန္းမ်ား ျပန္စမည္
ကနဦးယာဥ္မွတ္ပုံတင္ဌာန (ေထာက္ၾကန႔္/႐ြာသာႀကီး) ႐ုံးမ်ားႏွင့္ (ေနျပည္ေတာ္/မႏၲေလး) ႐ုံးမ်ား၏ ကနဦးမွတ္ပုံတင္ ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို လာမည့္ ေမလ (၁၁) ရက္ (တနလၤာေန႔) မွ စတင္၍ ျပန္လည္ လက္ခံ ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္း သိရသည္။
ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနသည္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ သေဘာတူညီခ်က္အရ ထိုသို႔ ခြင့္ျပဳေပးျခင္း ျဖစ္သည္။
ဌာနအေနျဖင့္ ေမာ္ေတာ္ယာဥ္မ်ား ကနဦးမွတ္ပုံတင္ရာတြင္ ေပးေဆာင္ရမည့္ ယာဥ္ထုတ္ရက္လြန္ဒဏ္ေၾကးကို ဝန္ေဆာင္မႈ ရပ္ဆိုင္းထားသည့္ ကာလအား ထည့္သြင္းေရတြက္ျခင္း မျပဳဘဲ ေလ်ာ့ေပါ့ ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္း သိရသည္။
ဝန္ေဆာင္မႈရပ္ဆိုင္းသည့္ကာလအေနျဖင့္ ကနဦးမွတ္ပုံတင္ဌာန (ေထာက္ၾကန႔္/႐ြာသာႀကီး) ႐ုံးမ်ားအတြက္ ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ (၂၆) ရက္မွ ၂၀၂၀ ျပည့္ႏွစ္၊ ေမလ (၁၀) ရက္အတြင္း အက်ဳံးဝင္သည့္ရက္မ်ားကိုလည္းေကာင္း၊
ကနဦးယာဥ္မွတ္ပုံ တင္ဌာန (ေနျပည္ေတာ္/မႏၲေလး) ႐ုံးမ်ားအတြက္ ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ (၃၀) ရက္မွ ၂၀၂၀ ျပည့္ႏွစ္၊ ေမလ (၁၀) ရက္ အတြင္း အက်ဳံးဝင္သည့္ရက္မ်ားကိုလည္းေကာင္း ေလ်ာ့ေပါ့ စိစစ္တြက္ခ်က္ ေဆာင္႐ြက္ေပးမည္ ျဖစ္သည္။
သို႔ေသာ္ ၂၀၂၀ ျပည့္ႏွစ္၊ ဩဂုတ္လ (၃၁) ရက္ေနာက္ပိုင္းမွ လာေရာက္ေဆာင္႐ြက္မည့္ ကနဦးမွတ္ပုံတင္ယာဥ္မ်ားသည္ ယာဥ္ထုတ္ရက္လြန္ဒဏ္ေၾကးေငြ ေလ်ာ့ေပါ့ခြင့္ရမည္ မဟုတ္ဘဲ မူလသတ္မွတ္ခ်က္မ်ားအတိုင္း ဒဏ္ေၾကးမ်ား အားလုံး ေပးေဆာင္ရမည္ျဖစ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာနမွ သိရသည္။
Transcom