COVID-19 ကာလအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်စေရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၆/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ လုပ်ငန်း (၃) ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် အခြားသော ဝန်ဆောင်မှုကဏ္ဍ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍ၊ အိမ်ယာ၊ အဆောက်အဦးကဏ္ဍတို့မှ လုပ်ငန်း အသစ် (၅) ခုကို ထပ်မံ ခွင့်ပြုပေးခဲ့သည်။
အဆိုပါလုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၆၄.၅၉၄) သန်းနှင့် ကျပ် (၁၀,၈၄၀.၁၃၄) သန်း ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃၄၄) နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ခုနှစ် မတ်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပြီး နိုင်ငံပေါင်း (၅၁) နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိထားသည်။
၎င်းတို့မှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၉၄%)၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၂၆%)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၁၈%) တို့ ဖြစ်သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဦးသောင်းထွန်းနှင့် အဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၊ နေပြည်တော်မှလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်မှ လည်းကောင်း၊ ကျန်အဖွဲ့ဝင်များက သက်ဆိုင်ရာနေရာဒေသများမှ လည်းကောင်း အသီးသီး ပါဝင် ဆွေးနွေးခဲ့ကြသည်။
Su Mon Oo ( Mine )
==============================
ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ထပ္မံဝင္ေရာက္သျဖင့္ အလုပ္အကိုင္ ( ၃၀၀ ) ေက်ာ္ ဖန္တီးေပးမည္
COVID-19 ကာလအတြင္း ျပည္တြင္းျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား အရွိန္အဟုန္မပ်က္ ဆက္လက္ေဆာင္႐ြက္ႏိုင္ေစေရးအတြက္ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏ (၆/၂၀၂၀) ႀကိမ္ေျမာက္ အစည္းအေဝးကို Video Conferencing စနစ္ျဖင့္ ယေန႔နံနက္ပိုင္းတြင္ က်င္းပျပဳလုပ္ခဲ့သည္။
အစည္းအေဝးတြင္ ေဆာင္႐ြက္ဆဲ လုပ္ငန္း (၃) ခုမွ မတည္ေငြရင္း တိုးျမႇင့္ျခင္း အပါအဝင္ အျခားေသာ ဝန္ေဆာင္မႈက႑၊ ေရနံႏွင့္ သဘာဝဓါတ္ေငြ႕က႑၊ အိမ္ယာ၊ အေဆာက္အဦးက႑တို႔မွ လုပ္ငန္း အသစ္ (၅) ခုကို ထပ္မံ ခြင့္ျပဳေပးခဲ့သည္။
အဆိုပါလုပ္ငန္းမ်ား၏ ရင္ႏွီးျမႇဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာ (၆၄.၅၉၄) သန္းႏွင့္ က်ပ္ (၁၀,၈၄၀.၁၃၄) သန္း ရွိၿပီး ျပည္တြင္းလုပ္သားမ်ားအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေပါင္း (၃၄၄) ေနရာကို ဖန္တီးေပးႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။
၂၀၂၀ ခုႏွစ္ မတ္လကုန္အထိ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးျပဳလုပ္ေသာ ႏိုင္ငံမ်ားမွာ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ ျဖစ္ၿပီး ႏိုင္ငံေပါင္း (၅၁) ႏိုင္ငံမွ စီးပြားေရးက႑ (၁၂) ခုတြင္ အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံထားရွိထားသည္။
၎တို႔မွာ ေရနံႏွင့္ သဘာဝဓါတ္ေငြ႕က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၂၆.၉၄%)၊ လွ်ပ္စစ္က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၂၆.၂၆%)၊ ကုန္ထုတ္လုပ္မႈက႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၁၄.၁၈%) တို႔ ျဖစ္သည္။
အစည္းအေဝးတြင္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ ဥကၠ႒ဦးေသာင္းထြန္းႏွင့္ အဖြဲ႕ဝင္မ်ားက ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ႐ုံးအမွတ္ (၁)၊ ေနျပည္ေတာ္မွလည္းေကာင္း၊ ဒုတိယဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္က စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ႐ုံးအမွတ္ (၃)၊ ေနျပည္ေတာ္မွ လည္းေကာင္း၊ က်န္အဖြဲ႕ဝင္မ်ားက သက္ဆိုင္ရာေနရာေဒသမ်ားမွ လည္းေကာင္း အသီးသီး ပါဝင္ ေဆြးေႏြးခဲ့ၾကသည္။
Su Mon Oo ( Mine )