Food & Drinks

ရာသီစာ ချဉ်ချဉ်စပ်စပ် ယိုးဒယား ကင်းမွန်ထောင်း

Read 1115 times

ကင်းမွန်မျက်လုံးကို ဓါးလေးနဲ့ အရာပေးပြီး‌ထုတ် အထဲက မင်တံလေးကိုဖယ် အရေခွံခွာဆွဲ သေချာသန့်စင်အောင် ရေဆေးပါ။ 

ရေထဲကို‌ ရှောက်ရွက် ပတဲကော စပါးလင်ထည့်၊ ပွက်ပွက်ဆူအောင် အရင်တည်ပြီး ဆူရင် ကင်းမွန်ထည့် အသားတင်းလာပြီး ကျက်ပြီဆိုရင်ဆယ် ရေအေးဆေးချ လိုသလို လှီးပါ။

ငရုတ်သီးစိမ်း ကြက်သွန်ဖြူထောင်းပါ။ မညက်တစ်ညက်ဆို ယိုးဒယား ထန်းညက်ပျော့ ထည့်ပါ။ကျေရင် ငံပြာရည်နဲနဲ ဟင်းခပ်မှုန့် ပါရုံထည့်ပါ။ 

နောက်ပြီး ခရမ်းချဉ်သီးလှီးထည့်၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ကုလားနံနံ၊ သံပုရာရည်ညှစ် ယိုးဒယားငပိရည်ခပ်များများ ထည့်‌မွှေ‌ထောင်းပါ။ ပြီးရင် ကင်းမွန်‌ထည့် နာနာလေးမွှေထောင်းပါ။ 

ယိုးဒယား ကင်းမွန်ထောင်းကို မုန့်တီဖတ် ဒါမှမဟုတ် ကြိုက်ရာ အသီးအရွက်နဲ့ တွဲစားလို့ ရပါတယ်။

Bookmark