မာလာဟော့ပေါ့ လုပ်စားမယ်ဆို Ready made အထုပ်တွေလဲ ရှိတယ် ။ ဝယ်လို့ ရရင်တော့ Ready made အထုပ်သုံးပေါ့ ။ ဒါမှမဟုတ် အားလုံး ကိုယ်တိုင် လုပ်မယ်ဆိုလဲ ရပါတယ်။
ပါဝင်ပစ္စည်းများ
ပဲကြာဇံ
အသားတု
ကျောက်ပွင့်
ကြွက်နားရွက်မှို
ကြက်သွန်ဖြူ
ကြက်သွန်နီ
ဂျင်း
ငရုတ်သီးမှုန့်
ကက်သား (သို့) ဝက်သား (သို့) အမဲသား
ပဲငပိအရည်
ဆား
ဟင်းခတ်မှုန့်
နှမ်းမွှေးဆီဆော့
ပုဇွန်
ကြက်အူချောင်း
ငဖယ်လုံး
ပြောင်းဖူး
ဟင်းသီးဟင်းရွက်
ကြက်ဥ
ပန်းဂေါ်ဖီ
မုံညှင်း
ပြင်ဆင်ပြုလုပ်နည်း
ပထမဦးဆုံး ထည့်စားမည့် အစာပလာတွေ (ပဲကြာဇံ၊ အသားတု၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှိုတို့)ကို နာရီဝက် တစ်နာရီလောက် ရေစိမ်ထားပါ။
ပြီးရင်ကြက်သွန်ဖြူ /နီ ၊ ဂျင်းနည်းနည်းနဲ့ ငရုတ်သီးမှုန့်နှင့်ဆီသတ်ပါ ။ ကိုယ်စားချင်တဲ့ ကြက်သား ဝက်သား အမဲသား တစ်မျိုးမျိုးကိုပြုပ် အရိုးပါထည့်ရင်ဟင်းရည်ပိုချိုပါတယ်။
ပြီးတော့ ဟင်းရည်ထဲကို ပဲငပိအရည်ဖျော်ထည့် မွှေးပြီးတော့ အရသာလေးလေးပင်ပင်ဖြစ်အောင် ပြီးရင် ဆား ၊ ဟင်းခတ်မှုန့်တို့ပါ အနေတော်ထည့် Sesame လို့ခေါ်တဲ့ နှမ်းမွှေးဆီဆော့ပါထည့်ရင် ပိုမွှေးပါတယ်။
အဲလို ဟင်းရည်တည်ထားတုန်းမှာ ကိုယ်ထည့်ပြုပ်စားချင်တဲ့ အသား ၊ ပုဇွန် ၊ ကြက်အူချောင်း ၊ ငဖယ်လုံးနှင့် ပြောင်းဖူးတို့ ဟင်းသီး ဟင်းရွက်တွေကို အဆင်သင့်ပြင်ဆင်ထားပါ။
ဟင်းရည်က ပွက်ပွက်ဆူလာပြီ ဟင်းအနှစ်တွေလဲ အနယ်ထိုင်လာပြီဆိုရင်တော့ ပထမဦးဆုံး ရေစိမ်ထားတဲ့ (ပဲကြာဇံ၊ အသားတု၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှိုတို့နဲ့စားချင်တဲ့အသားတို့ ပုဇွန်တို့)ကို ဟင်းရည်အိုးထဲ ထည့်ပြုတ်လို့ ရပါပြီ ။
ပြီးရင် အကျက်နည်းနည်းကြာတဲ့ မှိုတို့ ပြောင်းဖူးတို့ အသားလုံး ကြက်အူချောင်းတို့ပါ ထည့်ပြုတ်ပြီး မီးကိုအေးအေးထားပြီး နောက်ဆုံး စားခါနီးမှ ကြက်ဥဖောက်ထည့် ပန်းဂေါ်ဖီတို့ မုံညှင်းတို့ နာက်ဆုံးမှထည့်လိုက်ပါ။
ပြီးရင်တော့ အရသာရှိလှတဲ့ မာလာဟော့ပေါ့စားလို့ရပါပြီ ။