Health

ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှုမှာ နံပါတ် (၆) နေရာကို ကျဆင်းသွားတဲ့ တရုတ်နိုင်ငံ

Read 645 times

ယနေ့ ဧပြီလ ( ၄ ) ရက်နေ့၊ နေ့လည် ( ၂ ) နာရီ စာရင်းများအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ( ၁,၁၁၈,၃၉၈ ) ဦးနဲ့ သေဆုံးသူ ( ၅၉,၂၂၄ ) ဦး ရှိပြီ ဖြစ်ကြောင်း Worldometers.info မှ သိရသည်။

တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် စတင် ပြန့်ပွားရာ နိုင်ငံဖြစ်ပြီး ယခင်က ကူးစက်ခံရမှုနှင့် သေဆုံးမှုများတွင် အမြင့်ဆုံးဖြစ်ကာ ပထမနေရာတွေ ရှိနေခဲ့သည်။

လက်ရှိအခြေအနေတွင် အမေရိကန်နိုင်ငံသည် ရောဂါကူးစက်ခံရမှု အများဆုံး နိုင်ငံဖြစ်နေပြီး အီတလီနိုင်ငံနှင့် စပိန်သည် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေသည်။

၁။ အမေရိကန် 
    ကူးစက်ခံရသူ ( ၂၇၇,၅၂၂ ) ဦး၊ 
    သေဆုံးသူ ( ၇,၄၀၃ ) ဦး

၂။ အီတလီ
   ကူးစက်ခံရသူ ( ၁၁၉,၈၂၇ ) ဦး၊ 
   သေဆုံးသူ ( ၁၄,၆၈၁ ) ဦး

၃။ စပိန်
    ကူးစက်ခံရသူ ( ၁၁၉,၁၉၉ ) ဦး၊ 
    သေဆုံးသူ ( ၁၁,၁၉၈ ) ဦး

၄။ ဂျာမနီ
     ကူးစက်ခံရသူ ( ၉၁,၁၅၉ ) ဦး၊
     သေဆုံးသူ ( ၁,၂၇၅ ) ဦး

၅။ ပြင်သစ်
    ကူးစက်ခံရသူ ( ၈၂,၁၆၅ ) ဦး၊ 
    သေဆုံးသူ ( ၆,၅၀၇ ) ဦး

၆။ တရုတ်
    ကူးစက်ခံရသူ ( ၈၁,၆၃၉ ) ဦး၊ 
    သေဆုံးသူ ( ၃,၃၂၆ ) ဦး

 

Su Mon Oo ( Mine )
 

Bookmark